Pages

Pages - Menu

Sunday, June 26, 2016

စစ်ကိုင်းမြို့နယ်တွင် မူးမြစ်ကမ်းပါးပြိုကျမှုကြောင့် ဒေသခံများ စိုးရိမ်နေ


RangonNewsDaily::Sunday. June 26. 2016 
စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းကျေးရွာတွင် မူးမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေ အိမ်၊ မြေများနှင့် စိုက်ပျိုးမြေများ ဆုံးရှုံးနေ၍ စိုးရိမ်နေကြောင်း ညောင်ပင်ဝန်းကျေးရွာ ဒေသခံများက ပြောသည်။
ညောင်ပင်ဝန်းကျေးရွာ မြောက်ပိုင်းရှိ မူးမြစ်ကမ်းပါးတစ် လျှောက် ပေသုံးထောင်ခန့် မကြာ ခဏ ပြိုကျခဲ့၍ဘုန်းကြီးကျောင်း ဝင်းများ၊ လူနေအိမ်ဝင်းများ၊ စိုက်ပျိုးမြေများ ဆုံးရှုံးခဲ့သည်။ ထို့အပြင် မန္တလေး-မုံရွာ လမ်းမှာလည်း ပြိုကျသည့်အထဲ ပါသွားခဲ့သည့်အတွက် လမ်းသစ်ဖောက် လုပ်ခဲ့ရကြောင်း၊ ၂၀၀၆- ၂၀၀၇ နောက်ပိုင်း ကမ်းပါးပြိုကျမှု ပိုမိုဆိုးရွားလာခဲ့ကြောင်း ညောင်ပင်ဝန်းကျေးရွာ ဒေသခံများက ပြော သည်။
မြစ်ကမ်းပါးပြိုကျ၍ အိမ်နှစ်ခါရွှေ့ရပြီး ယခုအခါ အိမ်နှင့် ကမ်းပါး ဆယ်ပေခန့်သာကွာ တော့သည့် အခြေအနေနှင့် ရင်ဆိုင်နေရသူ ဦးစန်းလွင်က ‘‘ကျွန်တော်တို့ကတော့ ခိုင်ခိုင်ခန့်ခန့် လုပ်ပေးစေချင်တာ ပါ။ ရေလာလို့ရှိရင် ကျွန်တော်တို့မှာနေ့မအိပ်ရ ညမအိပ်ရနဲ့’’ဟု ပြောသည်။
.
ညောင်ပင်ဝန်းကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ရန် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်က နိုင်ငံတော်မှ ကျပ် သိန်း ၁,၃၅၀ အကုန်အကျခံကာ မျောတိုင်၊ ကျောက်၊ သဲအိတ်၊ ဝါးထရံများဖြင့် ဆောင်ရွက်ခဲ့ သော်လည်း ထိရောက်မှုအား နည်းခဲ့ပြီး ယခုနှစ်တွင် ကျပ်သိန်း ၁,၃၅၀ ထပ်မံသုံးစွဲကာ ကမ်းပြို ကာကွယ်ရေးလုပ်ငန်းများ မေလ လယ်မှ စတင်ဆောင်ရွက်နေ ကြောင်း ညောင်ပင်ဝန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ပြောသည်။
‘‘လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးကိုလည်း တင်ပြထား တယ်။ ဒီနေရာက ပြောရမယ်ဆို နိုင်ငံတကာလမ်းမကြီး စီမံကိန်း ပေါ်မှာလည်းရှိတယ်။ မုံရွာ-မန္တ လေး မီးရထားလမ်းနဲ့လည်း နီး တယ်။ ဒါကြောင့် ကမ်းပြိုကာ ကွယ်ရေးကို ခိုင်ခိုင်ခန့်ခန့်လေး လုပ်ပေးစေချင်တယ်’’ဟု ညောင် ပင်ဝန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ပြောသည်။
.
မူးမြစ်ကမ်းပါးပြိုကျမှုမှာ ရေကြီးကာလအပြင် သာမန် အချိန်နှင့် မိုးရွာချိန်၌ ရွာအတွင်းမှ ရေများ မြစ်အတွင်းစီးသည့်အချိန် ၌လည်း ပြိုကျမှုများ ဖြစ်ပေါ်လာသည်။ လက်ရှိတွင် အိမ် ၁၀ အိမ်ခန့်မှာ ကမ်းပါးနှင့်အနီးဆုံးတွင် တည်ရှိနေပြီးငါးအိမ်ခန့်မှာ ပြောင်း ရွှေ့ရမည့်အနေအထား ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။ စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်း ကျေးရွာအပြင် ထိန်ကုန်း၊လက်ပန်သာ ကျေးရွာနှင့် မြင်းမူမြို့နယ် မူးဝရွာထောင်ကျေးရွာ၊မဓုရကျေးရွာတို့တွင်လည်း မူးမြစ်ကမ်းပါးပြိုကျမှုဖြစ် ပေါ်နေ ကြောင်း ဒေသခံများကပြော သည်။
7Day

KOLATT(PBDN)

RangonNewsDaily



No comments:

Post a Comment