Pages

Pages - Menu

Sunday, June 19, 2016

သာကေတ လူမိုက်ဟုဆိုသူကို ဖမ်းမိ


RangonNewsDaily::Sunday. June 19. 2016 
ပစိဖိတ်ဓာတ်ပုံဆိုင်ရှင် အမျိုးသားကို ပြန်ပေးဆွဲမှု အပါအဝင် မိုက်ကြေးခွဲ ဆက်ကြေးတောင်းယူမှု၊ အုပ်စုဖွဲ့ အနိုင်ကျင့် ဗိုလ်ကျမှုများ ကျူးလွန်ခဲ့ပြီး သာကေတ လူမိုက်ဟု နာမည်ကြီးနေသည့် အသက် ၄၀ နှစ်အရွယ် ဝင်းထွဋ်ဝင်းကို ဇွန်လ ၁၇ ရက် ည ၁၁ နာရီခန့်က ဖမ်းမိခဲ့ကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
“သာကေတ လူမိုက်ခေါင်းဆောင် လေးယောက်ထဲက တစ်ယောက်ကို ဖမ်းမိခဲ့တာပါ၊ ဖမ်းမိထားသူက ယခင်က နယ်ထိန်းကို ဓားခုတ်မှုနဲ့ ထောင် ၇ နှစ်ကျပြီး ပြန်ထွက်လာခဲ့သူ၊ ထောင်က ထွက်လာပြီးနောက်ပိုင်း ထောင်ထွက် တပည့်တွေမွေးပြီး ရပ်ကွက်ထဲမှာ လူမိုက်ခေါင်းဆောင် လုပ်နေသူ၊ အခကြေးငွေယူပြီး ပစိဖိတ် ဓာတ်ပုံ ဆိုင်ပိုင်ရှင်ကို ဓားထောက် ပြန်ပေးဆွဲခဲ့တာ သူတို့အဖွဲ့လို စစ်ဆေးသိရှိရတယ်”ဟု အရှေ့ပိုင်းခရိုင် မှုခင်းနှိပ်နင်းရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
.
ယခုနှစ် ဇန်နဝါရီလ ၁၆ ရက် ညပိုင်းက ဆိုင်ခန်းပိုင်ဆိုင်မှု အငြင်းပွားနေသော အနော်ရထာလမ်းရှိ ပစိဖိတ်ဓာတ်ပုံတိုက်မှ ဆိုင်ရှင်ဖြစ်သူ အသက် ၅၄ နှစ်အရွယ် အမျိုးသား ကိုဝင်းထွဋ်ဝင်း ဦးဆောင်သည့်အဖွဲ့က လမ်းမတော် ၁၀ လမ်းတွင် ဓားထောက်၍ အငှားယာဉ်တစ်စီးဖြင့် ခေါ်ဆောင်ပြီး ကမာကြည် တံတားအနီး ငမိုးရိပ်ချောင်းဘေးတွင် ရိုက်နှက်ခြိမ်းခြောက်ကာ ဓာတ်ပုံဆိုင် ဖယ်ရှားပေးရန် စာချုပ်တွင် လက်မှတ်ရေးထိုး စေခိုင်းခဲ့ကြောင်း အမှုစစ်ဆေးချက်များအရ သိရှိရသည်။
ဓာတ်ပုံ - အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ / The Voice

KOLATT(PBDN)

RangonNewsDaily



No comments:

Post a Comment