Pages

Monday, April 25, 2016

ပြည်နယ်နှစ်ခုနှင့် တိုင်းသုံးခုတွင် မိုးသက်လေပြင်းကျခြင်းနှင့် မိုးသီးကြွေခြင်းသတိပြုရမည်


RangonNewsDaily::April . 25 .2016
ယနေ့မှနောက် ၂၄ နာရီအတွင်း ချင်းပြည်နယ် ၊မကွေးတိုင်း ၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ် တို့တွင် မိုးသက်လေပြင်းကျခြင်း မိုးသီးများကြွေခြင်းတို့ဖြစ်ပေါ်နိုင်ဖွယ်ရှိကြောင်း မိုးဇလပညာရှင်ဒေါက်တာထွန်းလွင်က 
ယနေ့နေ့လည်ပိုင်းတွင်ထုတ်ပြန်သည် ။

"ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ တိုးဝင်လာသော လေဖိအားနည်းချိုင့်ဝှမ်း(Trough) တစ်ခုကြောင့် မြန်မာနိုင်ငံအနောက်မြောက်ပိုင်းဖက်တွင်
မိုးတိမ်တိုက်တစ်ခုဖြစ်ထွန်း လာနေပါတယ်။ အဆိုပါ မိုးတိမ်တိုက်ဟာ အရှေ့ဘက်ကို ဆက်လက်ရွေ့လာဖွယ်ရာ ရှိပါတယ်။
အဆိုပါတိမ်တိုက်ရဲ့တိမ်ထိပ်အမြင့်ဟာ -60°C အထိကျဆင်းနေတဲ့အတွက် အလွန်မြင့်မားပြီး အားကောင်းတဲ့ တိမ်တိုက်တစ်ခုဖြစ်လာနေပါတယ်။ 
အလားတူပဲ စစ်ကိုင်းတိုင်းအထက်ပိုင်းတွင်းသို့ အနောက်ဘက်မှ မိုးတိမ်တောင်တစ်ခု ဟာ ရွေ့လျားလာနေပါတယ် " ဟု ဒေါက်တာထွန်းလွင်ကပြောသည် ။
.
ယင်းဧ။် အရှိန်ကြောင့် အထက်ပါတိုင်းဒေသကြီးများတွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး မိုးသက်လေပြင်းတိုက်ခတ်စဉ် 
မြေပြင်လေသည် တစ်နာရီ မိုင်(၃၀)ခန့်တိုက်ခတ်နိုင်ကြောင်း ၊ တစ်ခါတစ်ရံမိုင်(၄၀)ခန့်အထိ တိုက်ခတ်နိုင်ကြောင်း ၄င်းကသတိပေးထားသည် ။
.
ဧပြီ ၂၂ နှင့် ၂၃ ရက်များတွင် ကလေး ၊တောင်ကြီး ၊တမူး ၊ကျောက်ဆည်စသည့်မြန်မာနိုင်ငံဒေသအချို့တွင်မိုးသက်လေပြင်းကျခြင်း ၊မိုးသီးများကြွေခြင်းတို့ကြောင့်
လူသေဆုံးမှုများနှင့်အတူ ပျက်စီးဆုံးရူံးမှုများဖြစ်ပေါ်ခဲ့သည် ။
Popular Myanmar::--KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment