Pages

Pages - Menu

Sunday, September 13, 2015

ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာမြို့ရှိ ကာအ်ဘာဝတ်ကျောင်းတော်အနီးကရိန်းပြိုလဲ ၊ ၁၀၇ ဦးထက်မနည်း သေဆုံး


RangonNewsDaily:: September . 13 .2015
သောကြာနေ့က မက္ကာမှာရှိတဲ့ မဟာပလီကြီးပေါ်ကို ကရိန်းတစ်ခုပြိုလဲကျတဲ့အတွက် လူ ၁၀၇ ဦး ထက် မနည်းသေဆုံးကြောင်း ဆော်ဒီအာရေဗျအရပ်ဘက်ကာကွယ်ရေးအာဏာပိုင်အဖွဲ့က ပြောပါတယ်။
လူ ၂၃၈ ဦးထက်မနည်း ဒဏ်ရာရကြောင်း ဆိုပါတယ်။
“သေဆုံးသူနဲ့ ဒဏ်ရာရသူအားလုံးကို ဆေးရုံပို့ပြီးပါပြီ။ အဲသည်နေရာမှာ ဒဏ်ရာရသူမရှိတော့ပါဘူး” လို့ အရပ်ဘက်ကာကွယ်ရေးအာဏာပိုင်အဖွဲ့ အထွေထွေအုပ်ချုပ်ရေးမှူး ဗိုလ်ချုပ်ကြီး ဆူလီမန် အယ်လ်မာက အယ်လ်-အိုက်ဘာရီယာ ရုပ်သံကို ပြောပါတယ်။ လေပြင်းနဲ့ မိုးတို့ကြောင့် အဲသည်ဧရိယာမှာ သစ်ပင်တွေ ကျွတ်ထွက်ပြီး ကရိန်းတွေ လဲပြိုရကြောင်း သူကပြောပါတယ်။


မက္ကာနဲ့ မဒီနာမှာရှိတဲ့ ပလီများအုပ်ချုပ်ရေးအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ်တစ်ယောက်က ဝတ်ပြုဆုတောင်းသူတွေ Kaab ကို လှည့်ပတ်တဲ့နေရာဖြစ်တဲ့ မဟာပလီကြီးရဲ့ တစ်နေရာပေါ်ကို ကရိန်းပြိုလဲကျတာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
လူမှုရေးမီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ဓာတ်ပုံတွေထဲမှာ သွေးစွန်းနေတဲ့ဝတ်ရုံတွေနဲ့ ဘုရားဖူးတွေနဲ့ မျက်နှာကြက်ကတဆင့် ပြိုလဲကျနေတဲ့ ကရိန်းရဲ့အပျက်အစီးတွေကို တွေ့ရပါတယ်။ 



ဆော်ဒီအာဏာပိုင်တွေဟာ မက္ကာကို လာရောက်ကြတဲ့ မွတ်ဆလင်သန်းပေါင်းများစွာအတွက် ပြင်ဆင်မှုအများအပြားလုပ်ဆောင်ထားပါတယ်။ မနှစ်က ဟာ့ဂ်ျခရီးစဉ်လာရောက်ဖို့ ခွင့်ပြုသူအရေအတွက်ကို ဘေးကင်းလုံခြုံရေးအတွက် လျှော့ချခဲ့ပါတယ်။ မဟာပလီကို ထပ်ချဲ့ဖို့ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေတဲ့အတွက် ဖြစ်ပါတယ်။
Ref: Reuters ,ပုံ - BBC
KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment