Pages

Pages - Menu

Friday, September 11, 2015

ကား၊ဆိုင်ကယ် ကိုယ်တိုင်မောင်းနှင်သောရဟန်းနှင့်သာမဏေများ ဒဏ်ငွေ ချမှတ်ခံရမည်


RangonNewsDaily:: September . 11 .2015
မွန်ပြည်နယ် မော်လမြိုင်မြို့၌ ကား၊ ဆိုင်ကယ် ကိုယ်တိုင်မောင်းနှင်နေသော ရဟန်း၊ သာမဏေ များအား တစ်ပတ်လျှင် တစ်ကြိမ်စစ်ဆေး ဖမ်းဆီးခြင်းများ ပြုလုပ်လျှက်ရှိပြီး အရေးယူမှုများနှင့် ဒဏ်ငွေ ချမှတ်ခြင်းများကို လည်းပြုလုပ်နေကြောင်း သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။

“ရဟန်းတွေက ကား၊ ဆိုင်ကယ် မောင်းတယ်။ ယာဉ်မတော်တဆမှုတွေမကြာခဏဖြစ်တယ်။ ဖြေရှင်းဖို့ကျတော့ ရဟန်းဖြစ်နေတော့ အခက်အခဲတွေဖြစ်တယ်။ လူတွေလိုဖြေရှင်းဖို့က အခက် အခဲရှိတယ်။ ဒါကြောင့် ကား၊ ဆိုင် ကယ်မောင်းတဲ့ ရဟန်းတွေ့ရင် ဖမ်းတယ်။ ဒဏ်ရိုက်တယ်။ ဒဏ်ကြေးဆောင်ပြီးမှ ပြန်လွှတ်ပေးတယ်။”

ထို့ပြင် သာမဏသာရုပ္ပဖြစ်သော ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် အလှူခံအဖွဲ့များသည် မသင့် လျော်သော နည်းမျိုးဖြင့်အလှူခံခြင်းများ၊ စားသောက်ဆိုင်များတွင် နေ့လွဲညစာစားသုံးခြင်း၊ အရက် သေစာသောက်စားခြင်း၊ ဘောလုံးကန်ခြင်းများတွေ့ရှိက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မော်လမြိုင်မြို့နယ် သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရှိ ဆရာတော်တစ်ပါးကမိန့်သည်။
ချိုမာအောင် (မြစ်မခ), KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment