Pages

Pages - Menu

Sunday, September 13, 2015

မိမိကိုယ်ကိုအဆုံးစီရင်ခြင်းအား ကူညီခွင့်ပြုသည့် ဥပဒေကို ကယ်လီဖိုးနီးယားပြည်နယ် လွှတ်တော်တွင် အတည်ပြု


RangonNewsDaily:: September . 13 .2015
ကယ်လီဖိုးနီးယားပြည်နယ်လွှတ်တော်သည် စက်တင်ဘာ ၁၁ ရက်က မိမိ ကိုယ်ကိုအဆုံးစီရင်ခြင်းအား ကူညီခွင့် ဥပဒေကြမ်းကို အတည်ပြုလိုက်သည်ဟု သိရသည်။ ယင်းဥပဒေကြမ်းကိုဘာသာရေး နှင့် မသန်းစွမ်းသူအခွင့်အရေးလှုပ်ရှား သည့်အဖွဲ့များက ကန့်ကွက်နေသည့်ကြားမှ အတည်ပြုလိုက်ခြင်း ဖြစ်သည်။

ထိုဥပဒေကြောင့် အလွန်နာမကျန်းဖြစ်နေသူများ၏ အသက်ရှင်မှုကိုအဆုံးသတ်ရာတွင် ဆရာဝန်များက ကူညီခွင့်ရှိလာမည်ဖြစ်သည်။ ယခုကဲ့သို့ လွှတ်တော်က အတည်ပြုလိုက်ခြင်းကြောင့် မိမိကိုယ်ကိုအဆုံးစီရင်ခြင်းအား ကူညီရန်ခွင့်ပြုခြင်းအား ထောက်ခံသူများအတွက် အောင်ပွဲတစ်ရပ် ဖြစ်လာခဲ့သည်။

အော်ရီဂွန်၊၀ါရှင်တန်၊ မွန်တာနား၊ ဗားမောင့်ပြည်နယ်များတွင်လည်း မိမိကိုယ်ကိုအဆုံးစီရင်ခြင်းအား ကူညီခွင့်ပြု သည့် ဥပဒေကို အတည်ပြုခဲ့ကြပြီးဖြစ်သည်။

ယခုဥပဒေကို ကယ်လီဖိုးနီးယားပြည် နယ်လွှတ်တော်တွင် စက်တင်ဘာ ၁၁ ရက် က ထောက်ခံမဲ ၂၃ မဲ၊ ကန့်ကွက်မဲ ၁၄ မဲ ဖြင့် အတည်ပြုလိုက်ခြင်းဖြစ်သည်။ထို့ ကြောင့် ထိုဥပဒေကို အတည်ပြုခြင်း (သို့) ဗီတိုအာဏာဖြင့် ပယ်ချခြင်း ပြုလုပ်ရန် ဒီမို ကရက်တစ်အုပ်ချုပ်ရေးမှူး ဂျယ်ရီဘရောင်းသို့ ပေးပို့ရန်သာ ကျန်တော့သည်။
Eleven Media, KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment