Pages

Pages - Menu

Sunday, August 16, 2015

သြဂုတ် ၁၇ တွင် ဖွင့်မည့် အမှတ် (၂) အင်းစိန်ခုံးကျော်တံတားကြောင့် အင်းစိန်ပန်းခြံမီးပွိုင့်နေရာ ယာဉ်ကြောကျပ်တည်းမှု အထိုက်အလျောက် လျော့ကျနိုင်ဟု ခန့်မှန်း


RangonNewsDaily:: August . 16 .2015
အင်းစိန်ပန်းခြံမီးပွိုင့်အနီး လှိုင်မြစ်လမ်းပေါ်ရှိ ယခင်အင်းစိန်တံတားဟောင်းနှင့်အပြိုင် တည်ဆောက်နေသည့် အမှတ်၂ အင်းစိန်ခုံးကျော်တံတားကို သြဂုတ်လ၁၇ရက် တင်္နလာနေ့တွင် စတင်ဖြတ်သန်းခွင့်ပြုတော့မည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှတာဝန်ရှိအရာရှိတဦးကNews Watch သို့ပြောသည်။
''အင်းစိန်ခုံးကျော်တံတားကို အခုလာမယ့်တနင်္လာနေ့မှာ ဖွင့်ပွဲလုပ်ပြီး ဖြတ်သန်းမောင်းနှင်ခွင့်ပြုတော့မှာပါ။ ဖွင့်ပွဲကိုလည်း မနက်၇နာရီလောက်တော့ ခန့်မှန်းထားပါတယ်။ သက်ဆိုင်ရာဌာနရဲ့ 
အကြီးအကဲတွေ တက်ရောက်ဖို့ရှိပါတယ်''ဟု ၎င်းက ဆိုသည်။အမှတ် ၂ အင်းစိန်ခုံးကျော်တံတားသည် ပင်မတံတားအရှည် ၁၅၅၇ ပေရှိပြီး ဗဟိုလမ်းအတိုင်းခွဲထွက်သွားမည့် လက်တက်ပွားတံတားအရှည်မှာ ၆၀၃ ပေရှိသည်။
.
ပင်မတံတားမှာနှစ်လမ်းသွားစနစ်ဖြစ်ပြီး လှိုင်သာယာမှစော်ဘွားကြီးကုန်းသို့ေ မာင်းနှင်ရမည်ဖြစ်ပြီး လက်တက်တံတားအား လှိုင်သာယာဘက် မှ ရန်ကုန်ဘက်သို့ တလမ်းသွားစနစ်ဖြင့် ဖြတ်သန်းမောင်းနှင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။အဆိုပါခုံးကျော်တံတားသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ငါးစင်းမြောက်ဖြစ်ပြီး ၎င်းမတိုင်မီ လှည်းတန်းခုံးကျော်တံတား၊ မြေနီကုန်းခုံးကျော်တံတား၊ ရွှေဂုံတိုင်ခုံးကျော်တံတား၊ ဘုရင့်နောင်နှစ်ထပ်ခုံးကျော်တံတားတို့ကို တည်ဆောက်ခဲ့သည်။
အဆိုပါ အမှတ်၂ အင်းစိန်ခုံးကျော်တံတားပြီးစီးပါက အင်းစိန်ပန်းခြံမီးပွိုင့်နေရာတွင် ယာဉ်ကြောပိတ်ဆို့မှုများ အထိုက်အလျောက် လျော့နည်းသွားမည်ဖြစ်ကြောင်း မြို့ပြသုတေသနပညာရှင်အချို့က သုံးသပ်သည်။


“ခုံးကျော်တံတားထိုးတည်ဆောက်တဲ့ ဖြေရှင်းနည်းတွေက ရန်ကုန်မြို့မှာကြုံတွေ့နေတဲ့ ယာဉ်ကြောကြပ်တည်းမှုပြဿနာကို ဖြေရှင်းနည်းတခုတော့ မဟုတ်ဘူး။ ဒါပေမဲ့လို့ အခုလို ခုံးကျော်တံတားတွေတည်ဆောက်လိုက်တော့ ယာဉ်ကြောကြပ်တည်းမှုတွေကို အထိုက်အလျောက်တော့ လျော့နည်းသွားစေတယ်။ ယာဉ်ကြောကြပ်တည်းမှုတွေ ဖြေရှင်းနေတယ်ဆိုတဲ့ အဖွဲ့အစည်းတွေထဲမှာ ကျွမ်းကျင်တဲ့ပညာရှင်တွေ ပါဝင်သလားဆိုတာ အရင်မေးရပါမယ်။ ပါလဲပါဝင်သင့်ပါတယ်။”ဟု မြို့ပြ အင်ဂျင်နီယာ သုတေသန ပညာရှင် ဦးကျော်ကဆိုသည်။
.
မှတ် ၁ အင်းစိန်ခုံးကျော်တံတား၏အမြင့်မှာ ၁၅ပေသာရှိသော်လည်း ယခုဖွင့်လှစ်မည့် အမှတ်၂အင်းစိန်ခုံးကျော်တံတား၏အမြင့်ပေကို ရန်ကုန်မြို့ပတ် လျှပ်စစ်ရထားများ ပြေးဆွဲရာတွင် အဆင်ပြေစေရန်ရည်ရွယ်၍ ၁၉ ပေ ၄ လက်မအထိ တိုးမြင့်ထားကြောင်း သိရသည်။
အမှတ် ၂ အင်းစိန်ခုံးကျော်တံတားတည်ဆောင်ခွင့်ကို မြန်မာရွှေသရဖူကုမ္ပဏီမှ မြန်မာငွေကျပ် ၂ ဒသမ ၅ ဘီလီယံဖြင့် တင်ဒါအောင်မြင်ခဲ့ပြီး ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
News WatchJournal ::--
KOLATT(PBDN)
RangonNewsDaily






No comments:

Post a Comment