Pages

Pages - Menu

Sunday, August 16, 2015

လူသေကောင်များ မပုပ်အောင် စီမံရာတွင်အသုံးပြုသည့် ကင်ဆာအေးဂျင့် ဖော်မလင်ကို မုန့်ဖတ်၊ ပဲပြား၊ ချက်နို့ဆီများ၌ တွေ့ရှိရဟုဆို


RangonNewsDaily:: August . 16 .2015
လူသေများတွင် မပုပ်မသိုးအောင်စီမံသည့် ဖော်မလင် (formalene) ကို စားသောက် ကုန်များဖြစ်သည့် မုန့်ဟင်းခါးဖတ်၊ မုန့်တီ၊ နန်းကြီး၊ ပဲပြား၊ ချက်နို့ဆီစသည်များတွင် အသုံးပြုမှု များပြားလာသည်ဟု မြန်မာ နိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က News Watch ဂျာနယ်သို့ ပြော ကြားခဲ့သည်။
၎င်းးမှ “မုန့်ဟင်းခါးဖတ်၊ မုန့်တီ၊ နန်းကြီးဖတ်၊ ပဲပြားတို့၊ ချက်နို့ဆီတွေမှာ ကြာရှည်ခံအောင် ဖော်မလင်သုံးလာတာ တော်တော်တွေ့လာရတယ်။ နယ်မြို့တွေ မှာရော၊ ရန်ကုန်မြို့ရော ဒီကိစ္စက ပြည်သူကို အသိပေးသင့်တယ်။ ဖော်မလင်က ရိုးတွင်းချဉ်ဆီအထိကို ဒုက္ခပေးတယ်”ဟု ပြောကြားခဲ့သည်။
.
ယင်းကဲ့သို့ ကြာရှည်ခံစေမည့် ဖော်မလင်များ အသုံးပြုလာမှုကြောင့် ဓာတ်သိ မုန့်ဟင်းခါးဖိုများမှ မုန့်ဖတ်များ လက်ညှစ် မုန့်ဖတ်များသာ ရွေးချယ်စားသုံးသင့်သည် ဟု အကြံပြုပြောကြားခဲ့သည်။
“မုန့်ဟင်းခါးဆိုရင် အရင်က မနက်ဝယ်ပြီး ညနေကျရင် ချဉ်တယ်။ အခုကျတော့ နှစ်ရက်၊ သုံးရက်အထိကို မချဉ်ဘူး။ ဖော်မလင်က လူသေကောင်တွေ မပုပ် မသိုးအောင်သုံးတဲ့ ဆေးပဲ။ အခု ဆရာတို့ဆိုရင် ပဲပြား၊ ချက်နို့ဆီ၊ မုန့်ဟင်းခါး၊ မုန့်တီ၊ နန်းကြီးဖတ်တွေ မစားတော့ဘူး။ တော်တော်များများကို သုံးနေတာတွေ့လို့ပါ”ဟု ပြောကြားခဲ့သည်။
.
ယင်းကိစ္စများနှင့် ပတ်သက်၍လည်း တိကျသည့်ဖော်ထုတ်မှုများ လုပ်ဆောင် သွားမည့်အပြင် အရေးယူနိုင်သည့်အပိုင်းများအထိရောက်ရှိရန် ဆောင်ရွက်သွားမည်ဟု ဆိုသည်။ “အစိုးရဘက်က စားသုံးသူ ရေးရာ ဦးစီးဌာနက ပညာပဲပေးနေတယ်။ ဆရာတို့ဘက်ကတော့ ပညာပေးတဲ့အဆင့်က မထိရောက်ဘူးလို့ ယူဆတယ်။ တိတိကျကျ ဖော်ထုတ်ပြီးတော့ ကိုင်တွယ်ဖို့လိုတယ်”ဟု ပြောကြားခဲ့သည်။
.
ဖော်မလင် အသုံးပြုမှုတွင် ယင်းအစားအသောက်များတွင်သာမက ဟင်းသီးဟင်းရွက်များ ကြာရှည်ခံရန် အသုံးပြုမှု တွင်ကျယ်လာသည်ဟု ဆိုသည်။
“တချို့ဟင်းသီးဟင်းရွက်တွေမှာလည်း သုံးတယ်။ တနေရာက တနေရာ ခရီးဝေးသယ်တဲ့ ဟင်းသီးဟင်းရွက်တွေမှာလည်း ဖော်မလင်သုံးတယ်။ ဖော်မလင်သုံးမယ်ဆိုရင် ဖော်မယ်ဒီဟိုက်ဆိုတဲ့ အဆိပ်က ရောဂါမျိုးစုံဖြစ်စေပြီး ကင်ဆာလည်း ဖြစ်စေတယ်”ဟု ပြောကြားခဲ့သည်။
News WatchJournal ::--
KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment