သီပေါမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နှစ်ပေါင်း(၁၀၀)ကျော်ခန့်ရှိ ရှေးဟောင်းကွန်ကရစ်တံတား တစ်စင်း ကျိုးကျကာ အရေအတွက် အတည်မပြုနိုင်သေးသည့် လူအချို့ ရေထဲမျောပါသွား၍ ၄င်းတို့ထဲမှ သုံးဦးသေဆုံးသွားကြောင်း ကယ်ဆယ်ရေးလုပ်နေသူများက ပြောသည်။
ဒုဋ္ဌ၀တီမြစ်ကိုဖြတ်ကာ ဆက်သွယ်ထားသည့် သီပေါ ရဲစခန်းအနီးမှ ကွန်ကရစ်တံတား သည် ယနေမွန်းလွဲ ၁၂ နာရီခွဲခန့်က ကျိုးကျခဲ့ခြင်းဖြစ်ပြီး ရေကြီးမှုကို တံတားပေါ်မှ လာကြည့်နေသည့် ဒေသခံအချို့ရေထဲမျောပါသွားသည်ဟု ဒေသခံ ကိုဖိုးကျော်က ပြောသည်။
တံတားပြိုမကျမီ တွေ့ရစဉ်
::
ရဲ၊ မီးသတ်၊ ကြက်ခြေနီနှင့် အရပ်သားများ စုပေါင်းကာ မြေတူးစက် တစ်စီး၊ ကရိန်း နှစ်စီးဖြင့် ရှာဖွေရေးလုပ်ဆောင်နေပြီး သေဆုံးသူနှင့် ပျောက်ဆုံးသူ အရေအတွက်ကို အတည်မပြုနိုင်သေးဟု ရှမ်းပြည်နယ်၊ ဒုတိယပြည်နယ် ရဲတပ်ဖွဲမှူးရုံးမှ ရဲမှူးမျိုးထွန်းဦးကပြောသည်။
Photo - Lashio News ::--KOLATT(PBDN)
RangonNewsDaily
No comments:
Post a Comment