Pages

Pages - Menu

Sunday, July 26, 2015

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် မြေပြိုမှု ဖြစ်ပွား

RangonNewsDaily:: July . 26 .2015
ရှမ်းပြည်နယ် (မြောက်ပိုင်း) ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် တွင် သီးတင်း(၁)ပတ်ခန့် မိုးများအဆက်မပြတ် ရွာသွန်းခဲ့ မှုကြောင့် ဇူလိုင်လ (၂၅)ရက် နေ့ နံနက် (၀၆၃၀) နာရီတွင် မြေပြိုကျမှု များ ဖြစ်ပွားခဲ့သည်။
အဆိုပါ မိုးရွာသွန်းမှုကြောင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အနောက် တောင်ဘက် မြေထိန်းနံရံ အရှည်ပေ (၁၀၀) အကျယ်ပေ (၁၅)၊ အမြင့်ပေ (၃၀)ခန့် မြေပြိုကျခဲ့ပြီး ရုံးတောင်ဖက်ရှိ လူနေအိမ် (၄)လုံး၏ မီးဖိုချောင်သို့ မြေများ ဖုံးလွှမ်းသဖြင့် ပျက်စီးမှုများ ဖြစ်ပေါ်ခြင်း၊ နမ့်ဆန်-သီပေါ လမ်း မိုင်တိုင်အမှတ် ( ၄၄/၄၅) ကြားတွင် အရှည်ပေ (၁၅၀)၊ အကျယ်ပေ(၅)၊ အမြင့်ပေ (၂၀၀)ခန့် လမ်းအောက် သို့ မြေသားလျောကျ ပျက်စီးခြင်း၊ မြို့ပေါ် ရပ်ကွက်အတွင်း မြေပြိုမှု ကြောင့် မြန်မာ့ဆက်သွယ်ရေး တယ်လီဖုန်း တိုင်(၃) တိုင် ကျိုးကျပျက်စီးခဲ့ခြင်းနှင့် မြို့နယ်အတွင်း ရပ်ကွက် အချို့တွင် မြေပြိုမှု အနည်းငယ် ဖြစ်ပွားခဲ့သည်။
::
မြေပြိုမှုများကြောင့် ခရီးသည်တင်ကားများနှင့် ကုန်တင်ကားများ ရပ်နားခဲ့ရပြီး လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။
မြေပြိုကျရာနေရာများသို့ ဒေသဦးစီးအဖွဲ့ဥက္ကဌ ဦးမောင်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် စည်ပင် သာယာရေးနှင့် မြို့နယ်အထောက်အကူပြု ကော်မတီများ၊ ရပ်၊ ကျေး အုပ်ချုပ်ရေးမှူးများက မြို့နယ်အထွေထွေ အုပ်ချုပ်မှု ဦးစီးဌာနရုံး မြေထိန်း နံရံပြိုကျမှု ကို ဆက်လက်ဖြစ်ပွားမှု မရှိစေရေး ရေလွှဲမြောင်းများ ပြုလုပ်ခြင်း၊ မိုးကာအုပ်ခြင်းနှင့် အခြားနေရာများတွင် ကူညီ ကယ်ဆယ် ဆောင်ရွက်ပေး လျက် ရှိ ကြောင်း သိရှိရသည်။
MOI ::-- 
KOLATT(PBDN)
RangonNewsDaily












No comments:

Post a Comment