Pages

Pages - Menu

Sunday, July 26, 2015

မိုးကြောင့် သပိတ်ကျင်း၊ စဉ်ကူတွင်လည်း မြေပြိုမှုဖြစ် ၆ဦးသေ


RangonNewsDaily:: July . 26 .2015
ဇူလိုင်လ(၂၄)ရက်နေ့ ညပိုင်းနှင့် ဇူလိုင်လ (၂၅)ရက် နံနက်ပိုင်းအထိ မိုးသည်းထန် စွာရွာသွန်းသည့် မိုးကြောင့် သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာ တွင် နေအိမ် (၁)လုံး၊ ဒေါင်းဖုန်းကျေးရွာတွင် နေအိမ် (၃)လုံး မြေအိပြိုကျ ခဲ့ပြီး တောင်လယ်ကျေးရွာ တွင် တောင် ကျရေကြောင့် နေအိမ်(၇)လုံး မျှောပါသွားပြီး လူ(၆)ဦးအထိ အသက်ဆုံးရှုံးကာ မိုးကုတ်မြို့ တွင် လည်း ရေနီမြောင် ရေလျှံသဖြင့် မြေနိမ့်ပိုင်း လူနေရပ်ကွက်အချို့ (၄)ပေ ခန့် ရေနစ်မြှုပ်ခြင် ၊ ရေလွှမ်းမှုကြောင့် လူနေအိမ် (၅)လုံးနှင့် ပရဟိတ ဘုန်ကြီးကျောင်း ရှိ ကျောင်းဆောင်ငယ် တစ်ဆောင်ပြိုကျခြင်း၊ မိုးကုတ်-မတ္တရာ ကားလမ်းတွင် တောင်ပြိုကျမှု များဖြစ်ပေါ်ခဲ့သည်။
ထို့အပြင် စဥ့်ကူးမြို့နယ် မိုးကုတ်-သပိတ်ကျင်းကားလမ်း၊ လက်ပန်လှ၊ ကျဉ်ကောက်ပေါက်၊ နွယ်ရုံကျေးရွာများတွင် ရေ(၂)ပေခွဲခန့်အထိ ရေလွှမ်းမိုးမှုများ ဖြစ်ပေါ် လျှက် ရှိသည်။



မန္တလေးတိုင်းဒေသကြီးအတွင်း ဇူလိုင်လ (၂၄)ရက် ညပိုင်းနှင့် (၂၅)ရက်နေ့ နံနက်ပိုင်း မိုးသည်းထန်စွာ မိုးရွာသွန်မှုကြောင့် စဥ့်ကူးမြို့နယ်တွင် (၁၀.၄၈) လက်မ၊ သပိတ်ကျင်း မြို့နယ်တွင်(၈.၁၁)လက်မ၊ မိုးကုတ်မြို့နယ်တွင် (၆.၁၀) လက်မ၊ ပြင်ဦးလွင်မြို့နယ်တွင် (၁.၃၈) လက်မ၊ ပုသိမ်ကြီးမြို့နယ်တွင် (၁.၃၅) လက်မ၊ မန္တလေးမြို့တွင် (၁.၂၆)လက်မ၊ မတ္တရာမြို့နယ်တွင် (၁.၂၆) လက်မ၊ အမရပူရမြို့နယ်တွင် (၀.၈၄)လက်မ၊ ငါန်းဇွန်မြို့နယ် တွင် (၀.၅၈) လက်မ၊ မြစ်ငယ်တွင် (၀.၂၈)လက်မ၊ မိတ္ထီလာတွင် (၀.၀၆)လက်မ၊ ရမည်းသင်း တွင် (၀.၀၈)လက်မအထိ ရွာသွန်းခဲ့ကြောင်း မန္တလေးမြို့ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာမှ သိရှိရသည်။
::
ဆက်လက်ပြီးလည်း ဇူလိုင်လ (၂၇)ရက်နေ့အထိ မန္တလေး တိုင်းအတွင်းနေရာစိပ်စိပ် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး နေရာကွက်ကျား မိုးကြီးနိုင်သေးသည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-MOI
ဧရာဝတီ ::--KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment