Pages

Pages - Menu

Sunday, June 28, 2015

နိုင်ငံတော် သမ္မတ ဓာတ်ပုံအား ဆရာ၊ ဆရာမများ အိမ်သာတွင် ကျောင်းအုပ် ဆရာကြီးမှ ချိတ်ဆွဲမှုဖြစ်

RangonNewsDaily:: June . 27 .2015
ကနီးမြို့နယ်၊ ဇီးပင်တွင်း ကျေးရွာ အုပ်စု၊ ညောင်ပင်သာ ကျေးရွာ (အမက) ကျောင်းတွင် ယခုလ( ၂၂) ရက်နေက ကျောင်းအုပ် ဆရာကြီး ရုံးခန်း အတွင်း ချိတ်ဆွဲထားသည့် နိုင်ငံတော် သမ္မတကြီး ဓာတ်ပုံအား ကျောင်းတွင်းရှိ ဆရာ၊ ဆရာမများ အသုံးပြုနေသည့် ယင်လုံ အိမ်သာအတွင်း ချိတ်ဆွဲထားမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီးဌာနထံမှ သိရသည်။

ယင်းသို့ ကျောင်းရုံးခန်း အတွင်းရှိ နိုင်ငံတော် သမ္မတကြီး ဓာတ်ပုံအား ဆရာ၊ ဆရာမများ အိမ်သာတွင် သွားရောက် ချိတ်ဆွဲ ထားသူမှာ ကျောင်းအုပ် ဆရာကြီး ဦး------------ဖြစ်ပြီး၊ ၎င်းသည် စာသင် ကျောင်းသစ် ဆောက်လုပ်ရန် ရန်ပုံငွေ ချထားပေးမှုကို လက်ဝယ် ကိုင်ဆောင်သုံးစွဲခွင့် မရခြင်း အပေါ် မကျေမနပ် ဖြစ်နေပြီး ယခုကဲ့သို့ နိုင်ငံတော် သမ္မတကြီး ဓာတ်ပုံအား အိမ်သာတွင် သွားရောက် ချိတ်ဆွဲခြင်း ဖြစ်ကြောင်း ကျောင်းတွင်းဆရာ၊ ဆရာမများနှင့် မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ အဖွဲ့မှ စစ်ဆေးချက် အရ သိရကြောင်း အဆိုပါ ဌာနထံမှ သိရသည်။

““ဒါက နိုင်ငံတော် သမ္မတကြီးကို အပြစ် လုပ်လိုက်တာပဲလေ။ သမ်္မတရဲ့ သိက္ခာကို ချလိုက်သလိုလည်း ဖြစ်နေတယ်။ လုံးဝကို မလုပ်ကောင်းပါဘူး။ ကျောင်းအုပ် ဆရာကလည်း ထွက်ပြေး တိမ်းရှောင် နေတော့ ဆက်လက် စုံစမ်းနေပါတယ်။ အမှူ မဖွင့်သေးတော့ ရဲတပ်ဖွဲ့က လုပ်ရ ကိုင်ရတာ အခက် တွေ့နေရတယ်”” ဟု တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး ကြည်နိုင်က ပြောသည်။

၎င်းအပြင် အဆိုပါ ညောင်ပင်သာ ကျေးရွာသည် အိမ်ခြေ (၃၀) ကျော်ခန့်ဖြင့် ဖွဲ့စည်းထားပြီး ပြည်ထဲရေး ၀န်ကြီးဌာနမှ အမည်ပေါက် တရားဝင် ချထား ပေးသေးခြင်း မရှိ၍ နိုင်ငံတော် သမ္မတကြီးအား ကျေနပ်မှု မရှိသဖြင့် ယင်းသို့ ပြုမူခဲ့ကြောင်း ထပ်ဆင့် ပေါ်ပေါက်ခဲ့သည်။

ညောင်ပင်သာ ကျေးရွာ (အမက) ကျောင်းတွင် တာဝန် ထမ်းဆောင်နေသည့် ကျောင်းအုပ်ကြီး ဖြစ်သူ ဦး-------------သည် ရန်ကုန်တိုင်း ဒေသကြီး၊ မှော်ဘီမြို့နယ်၊ ကြက်ဆူကျေးရွာ ဇာတိ ဖြစ်ပြီး၊ မန္တလေး အဝေးသင် တက္ကသိုလ်မှ မြန်မာစာ အဓိကဖြင့် ဘွဲ့ရရှိခဲ့ ပြီးနောက် မန္တလေး ဆရာ အတတ်သင် ကျွမ်းကျင်မှု ဒီပလိုမာ ရရှိခဲ့သဖြင့် ၂၀၁၄ ခုနှစ်တွင် ကနီးမြို့နယ်၊ ညောင်ပင်ပင်သာ ကျေးရွာတွင် အမက ကျောင်းအုပ်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Messenger ,KOLATT(PBDN)
RangonNewsDaily






No comments:

Post a Comment