Pages

Pages - Menu

Sunday, June 28, 2015

(၄၈) ရှစ်နာရီ အတွင်း ဘင်္ဂလား ပင်လယ် မြောက်ပိုင်းတွင် လေဖိအားနည်း ရပ်ဝန်း ဖြစ်ပေါ်ကာ ကမ်းရိုတန်း ဒေသများတွင် ရေကြီးမည်

RangonNewsDaily:: June . 27 .2015
ဇွန်လ (၂၆) ရက်နေ့ ညနေမှ လေးဆယ့် ရှစ်နာရီ အတွင်း ဘင်္ဂလား ပင်လယ် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်ပေါ်လာမည် ဖြစ်ပြီး မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက် ရေကြီးမည် ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

““ဘင်္ဂလား ပင်လယ်အော်နဲ့ ကပ္ပလီ ပင်လယ်ပြင်တွေမှာ မုတ်သုံလေဟာ အပေါ်မှာလည်း အားကောင်းတယ်။ အောက်မှာလည်း အားကောင်းတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလား ပင်လယ်အော်ကို ဆင်းမယ်။ ကျွန်တော်တို့လည်း ထုတ်ပြန် ပေးသွားမှာပါ”” ဟု မိုးလေ၀သ ဌာနခွဲမှ ဒုတိယ ညွန်ကြားရေးမှူး ဦးလှထွန်းက The Messneger Media သို့ပြောသည်။
မြန်မာ တစ်နိုင်ငံလုံးတွင် မုတ်သုံလေ အားကောင်းနေကာ ကမ်းရိုးတန်း ဒေသများတွင် သီတင်း တစ်ပတ်ခန့် မိုးကြီးနိုင်ပြီး၊ မြစ်လက်တက်များမှ တစ်ဆင့် ရေကြီး ရေလျှံနိုင်ကြောင်းလည်း သိရသည်။ ဘင်္ဂလား ပင်လယ်အော်ရှိ လေဖိအားနည်း ရပ်ဝန်းသည် ရခိုင်တောင်တန်းကို ကျော်ဖြတ်ရာတွင် ရေခိုး ရေငွေ့များ ဖြစ်ပေါ်ကာ၊ မိုးကြီး၍ ရေလျှံမှု ဖြစ်နိုင်ကြောင်း ဦးလှထွန်းက ဆိုသည်။
လက်ရှိအချိန်တွင် စစ်တွေမြို့၊ မောင်တောမြို့၊ ပဲခူး၊ ပြည်၊ ကော့ကရိတ် မြို့တို့တွင် မိုးရေချိန် လက်မ အများဆုံး ဖြစ်ကြောင်း မိုးဇလမှ သိရသည်။
::
ဇွန်လကုန်ခန့် အထိ မုတ်သုံလေ အားကောင်းနိုင်ပြီး၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ကိုးခုတွင် ရေဖုံးလွှမ်းမှု အန္တရာယ် ကြုံနိုင်ကြောင်း မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က ဆိုသည်။
““မိုးက ဆက်ရွာဦးမယ်။ ရေလည်း ဆက်ကြီးဦးမယ်။ တစ်ပတ်လောက် ကြာဦးမယ်။ လေဖိအားနည်း ရပ်ဝန်းကတော့ ဖြစ်မှာပဲ။ ရေကြီးတာ ကိုယ့်နေရာ အကြောင်း ကိုယ်သိသင့်တယ်။ တောင်ပေါ် ဒေသတွေ သတိထားရမယ်။ ပင်လယ်ပြင်မှာ လှိုင်းကြီးမယ်။ သတိထားကြပါ”” ဟု ဦးထွန်းလွင်က The Messneger Media သို့ ပြောသည်။
::
လက်ရှိတွင် မြန်မာနိုင်ငံ အနှံ့အပြား၌ မိုးရွာသွန်းမှု များပြားလျက် ရှိပြီး၊ တချို့ ဒေသများတွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လျက် ရှိသည်။
မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်း ဒေသ ကြီး တနင်္သာရီ၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ် တို့တွင် နှစ်စဉ်မိုးကြီး၍ ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်တတ်ရာ ဒေသအလိုက် အခြေအနေကို ခန့်မှန်း၍ သတိထား နေသင့်ကြောင်း ရေဒီယို ထုတ်လွှင့်သည့် မိုးလေ၀သ အခြေအနေကို နားထောင်သင့်ကြောင်း မိုးလေ၀သဌာနမှ သိရသည်။
Messenger ::--KOLATT(PBDN)
RangonNewsDaily






No comments:

Post a Comment