Pages

Pages - Menu

Sunday, May 17, 2015

မြန်မာနိုင်ငံအပေါ်အမေရိကန်ပိတ်ဆို့မှု သက်တမ်းတစ်နှစ်တိုး

RangonNewsDaily:: May . 17 .2015
မြန်မာနိုင်ငံအပေါ်ထားရှိသည့် အရေးယူပိတ်ဆို့မှုများကို ဆက်လက်ထားရှိရန် အမေရိကန်သမ္မတအိုဘားမားက သူ၏အခွင့်အာဏာဖြင့် သက်တမ်း တစ်နှစ်ထပ်တိုးလိုက်သည်။
ထိုဥပဒေကို နှစ်စဉ် မေလတွင် သက်တမ်းတိုးရလေ့ရှိပြီး ယခုနှစ်အတွက်သက်တမ်းကုန်ရန် ငါးရက်သာကျန်တော့သည့်အချိန်တွင် အိမ်ဖြူတော်က အမေရိကန် လွှတ်တော်ကို သက်တမ်းဆက်တိုးရန် အမိန့်ပေးလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများရှိနေသော်လည်း လူ့အခွင့်အရေးနှင့် ပဋိပက္ခများအတွက် စိုးရိမ်စရာများရှိသေးသည့်အတွက် အထူးသဖြင့် ရခိုင်ဒေသတွင် လူမျိုးစုများအပေါ် နှိပ်စက်ညှဉ်းပန်းမှုတွေရှိနေသေးကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အထူးသဖြင့် ရခိုင်ဒေသတွင် ရိုဟင်ဂျာများက လှေတွေနှင့် ထွက်ပြေးနေပြီး အခြေအနေများပိုဆိုးရွားလာနေပြီဟု အိမ်ဖြူတော်က ထောက်ပြထားသည်။

ရိုဟင်ဂျာများကို မြန်မာကလည်း လက်မခံသလို ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံများကလည်း လက်ခံလိုခြင်းမရှိဟုလည်း ဆိုထားသည်။ ရိုဟင်ဂျာများနှင့်ပတ်သက်ပြီး ဒေသတွင်းနိုင်ငံများကိုလည်းဖြေရှင်းရန် အမေရိကန်ကတောင်းဆိုထားသည်။ ရခိုင်ဒေသက လူ့အခွင့်အရေး အခြေအနေများနှင့်ပတ်သက်၍ ပိုတိုးတက်အောင်လုပ်ရန် အမေရိကန်က မြန်မာကို ဖိအားပေးလျက်ရှိသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး အဆင့်မြင့်အရာရှိ အဆင့်ဆွေးနွေးရန်လည်းစီစဉ်နေသည်ဟု ဆိုသည်။ အမေရိကန်က ၂၀၁၂ ခုနှစ်မှာ မြန်မာကို စီးပွားရေးပိတ်ဆို့မှုတချို့ကို ဖယ်ရှားခဲ့သော်လည်း အမေရိကန်ကုမ္ပဏီများကို မြန်မာစစ်အစိုးရနှင့်ပတ်သက်သည့် ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ခြင်းကို တားမြစ်ထားဆဲဖြစ်သည်။

အမေရိကန်နိုင်ငံတော် လုံခြုံရေးကောင်စီပြောခွင့်ရ ပက်ထရစ်ဗန်ထရီရယ်လ်က အမေရိကန်အနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင် ပြောင်းလဲတိုးတက်မှုများ၏ အခြေအနေကို အမြဲစောင့်ကြည့်နေပြီး ပိတ်ဆို့အရေးယူမှုများကို သုံးသပ်သွားမည်ဟု ပြောကြားသည်။
(ကိုးကား- အေပီ)
7Day Daily , KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment