Pages

Pages - Menu

Sunday, May 17, 2015

အနောက်တောင်မုတ်သုံလေကြောင့် မိုးသက်လေပြင်းအန္တရာယ် သတိပြုရန်လို

RangonNewsDaily:: May . 17 .2015
ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းသို့ မေလ ၁၆ ရက်မှ စတင်ကာ အနောက်တောင်မုတ် သုံလေ ၀င်ရောက်လာနိုင်ပြီး မြန် မာ့ကမ်းရိုးတန်းဒေသများတွင် မိုး ဦးကာလ၏ မိုးသက်လေပြင်းအ န္တရာယ် သတိပြုရန်လိုအပ်နေပြီဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ကပြောသည်။

အနောက်တောင်မုတ်သုံ လေသည် မေလ ၁၆ ရက်မှစတင် ကာ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းသို့ ၀င်ရောက်လာပြီး မေလ ၂၀ ရက်တွင် အပြီးသတ် ၀င်ရောက်လာမည်ဟု နိုင်ငံတကာ မိုးလေ၀သဌာနများ၏ သတင်း ထုတ်ပြန်မှုများကို ကိုးကား၍ ဒေါက်တာထွန်းလွင်က ခန့်မှန်း ထားသည်။

‘‘မုတ်သုံစ၀င်ပြီဆိုရင်တော့ ပင်လယ်မှာ လှိုင်းရောလေပါ အားကောင်းမှာပါ။ ဒါကြောင့်ခရီးသည်တင်ရေယာဉ်တွေ၊ ပင် လယ်ပြင် ငါးဖမ်းသင်္ဘောတွေသတိရှိဖို့လိုအပ်နေပြီ။ ဘင်္ဂလားပင်လယ်အော်ထဲ မုတ်သုံဝင်ပြီးတာနဲ့ မြန်မာနိုင်ငံတောင်ပိုင်းကိုဆက်ဝင်မယ်။ တောင်ပိုင်းဒေသတွေမှာ ဒီရက်ပိုင်း မိုးရနိုင်မယ်’’ဟု ဒေါက်တာထွန်းလွင်ကရှင်းပြသည်။

လက်ရှိကာလတွင် မြန်မာ နိုင်ငံအနှံ့ နေ့အပူချိန်များ ပုံမှန် ထက် ပိုနေသော်လည်း တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့်နေရာကွက် ၍ မိုးထစ်ချုန်းရွာနိုင်သောကြောင့် အပူချိန်အနည်းငယ်လျော့ကျလာ နိုင်ကြောင်း ဒေါက်တာထွန်းလွင် ကပြောသည်။
7Day Daily , KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment