RangonNewsDaily:: May . 9 .2015
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် တကွာပါမြို့နယ်ထဲမှာ ကားနောက်ဖုံးမှာတင်လာတဲ့ တရားမ၀င် မြန်မာ ၁၀ ဦးကို ဖမ်းဆီးရမိတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
မေလ ၆ ရက် ညနေ ၄ နာရီကျော်လောက်က တကွာပါမြို့နယ် ဗန်မုန့်ကျေးရွာအုပ်စု ထဲမှာ မသင်္ကာဖွယ် နစ်ဆန်းအမျိုးအစား ဆလွန်းကားတစီး ရွာအ၀င်ဂိတ်ကိုဖြတ်ပြီး ခေါက်တုံ့ ခေါက်ပြန်သွားလာနေတာကို ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့က တွေ့ရတဲ့အတွက် သင်္ကာမကင်း ဖြစ်ပြီး အထူးလုံခြုံရေးအဖွဲ့ကို အကြောင်းကြားခဲ့ကြောင်း၊ အထူးအဖွဲ့က စောင့်ဆိုင်းစစ်ဆေးရာ မှာ ကားနောက်ဖုံးမှာ တရားမ၀င် ၀င်ရောက်လာသူတွေကို တွေ့ရတယ်လို့ တာဝန်ရှိသူတဦး က သတင်းထောက်ကို ပြောပါတယ်။-
ဒီခရီးစဉ်မှာ တရားမ၀င်သူ ၁၀ ဦး ပါလာပြီး အားလုံးမြန်မာနိုင်ငံသားတွေ ဖြစ်ကာ လ၀ကဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ အထူးလုံခြုံရေးအဖွဲ့ တာဝန်ရှိသူတဦးက သတင်းထောက်တွေကို ပြောသွားပါတယ်။
ဓာတ်ပုံ -thairath
By DVB ::--KOLATT(PBDN)
RangonNewsDaily
No comments:
Post a Comment