Pages

Pages - Menu

Saturday, May 9, 2015

အင်းစိန်ထောင်တွင် ပေ ၇၀ ခန့် မြင့်သော သစ်ပင်ပေါ် တက်ရောက်နေသည့် အကျဉ်းသားကို ကယ်ဆယ်

ရန်ကုန်၊ RangonNewsDaily:: May . 9 .2015
အင်းစိန်ဗဟိုအကျဉ်းထောင်တွင် မေလ ၅ ရက် နံနက် ၆ နာရီခွဲက မှောင်ရိပ်ခိုမှုဖြင့် ထောင်ဒဏ်သုံးလ ကျခံနေရသူ အသက် ၃၄ နှစ်အရွယ် အကျဉ်းသားတစ်ဦးက အမြင့်ပေ ၇၀ ရှိ ညောင်ပင်ပေါ်တက်ကာ အချိန်ကြာမြင့်စွာ ပြန်ဆင်းမလာသောကြောင့် မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကာ ကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့ရကြောင်း အင်းစိန်ဗဟိုအကျဉ်းဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
“ပေ ၁၀၀ လောက်မြင့်တဲ့ ညောင်ပင်ပေါ် တက်နေတာ၊ ထောင်ဝန်ထမ်းတွေက သူ့ကိုခုန်မချဖို့နဲ့ ပြန်ဆင်းလာဖို့ ချော့မော့ပြောဆိုပေမယ့် ပြန်မဆင်းလာဘူး၊ ဒါကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေ ခေါ်ပြီး ကယ်ဆယ်ရေး အကူအညီတောင်းခဲ့ရတာ။ ညနေ ၃ နာရီခွဲမှ အပင်ပေါ်က အကျဉ်းသားကို မီးသတ်တွေက အပင်ပေါ်တက် ဖမ်းချုပ်ပြီး ထိန်းသိမ်းနိုင်ခဲ့တာ” ဟု အဆိုပါ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
-
အင်းစိန်ဗဟိုအကျဉ်းထောင်ရှိ အဆောင် (၁) အမျိုးသားဆောင်ဘေးရှိ ညောင်ပင်ပေါ် ယင်းနေ့ နံနက်က အကျဉ်းသားတစ်ဦး တက်နေသည်ကို အဆောင်တွင်းရှိ အကျဉ်းသားများက စတင်တွေ့ရှိခဲ့ပြီး အကျဉ်းဦးစီး ဝန်ထမ်းများကို အကြောင်းကြားခဲ့ကြောင်း၊ သစ်ပင်ပေါ်သို့ တက်နေသည့် အကျဉ်းသားမှာ အမြင့်ပေ ၇၀ နီးပါးတွင် ရပ်တန့်နေပြီး အောက်သို့ ပြန်မဆင်းလာသောကြောင့် အသက်အန္တရာယ် လုံခြုံရေးအတွက် မီးသတ်တပ်ဖွဲ့ထံသို့ အကူအညီတောင်းခဲ့ခြင်း ဖြစ်ကြောင်း အင်းစိန်မြို့မ ရဲစခန်းထံမှ သိရသည်။
-
“အဆောင် (၁) အုတ်နံရံရဲ့ တစ်ဖက်မှာ လူနေအိမ်တွေ ကပ်နေတာကြောင့် မီးသတ်တပ်ဖွဲ့က အပင်ပေါ်ကလူ ပြုတ်ကျရင် အသက်မသေရအောင် ကာကွယ်နိုင်မယ့် လေအိတ်တွေ ဖွင့်လို့မရဘူး ဖြစ်နေတယ်၊ အပင်ပေါ်က လူက ညနေ သုံးနာရီလောက်မှာ ရေဆာတယ်ပြောပြီး ပေ ၂၀ လောက် အောက်ပြန်ဆင်းလာချိန်မှာ မီးသတ်တွေက ဝိုင်းချုပ်ဖမ်းခဲ့ရတာ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။


အဆိုပါ ညောင်ပင်ပေါ် တက်ခဲ့သည့် အကျဉ်းသားကို ထောင်စည်းမျဉ်းစည်းကမ်း မလိုက်နာမှု ပုဒ်မများဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း အင်းစိန်ဗဟိုအကျဉ်းဦးစီးဌာနထံမှ သိရသည်။
The Voice ::--
KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment