Pages

Pages - Menu

Sunday, March 8, 2015

ကမ္ဘာ့အချမ်းသာဆုံးဘောလုံးသမားအဖြစ် ပေါင် ၁၅၂ သန်းဖြင့် စီရော်နယ်ဒို ထိပ်ဆုံးမှရပ်တည်


RangonNewsDaily:: March . 7 .2015
နာမည်ကြီးအားကစားဝက်ဘ်ဆိုက် တစ်ခုဖြစ်သည့် Goal.com ၏ စစ်တမ်း ကောက်ယူချက်များအရ ရီးရဲလ်တိုက်စစ်မှူး ဖြစ်သူ စီရော်နယ်ဒိုသည် ဝင်ငွေပေါင်၁၅၂ သန်းဖြင့် ကမ္ဘာ့အချမ်းသာဆုံးဘောလုံးသ မားအဖြစ် ထိပ်ဆုံးမှရပ်တည်နိုင်ခဲ့ကြောင်း ဗြိတိန်မီဒီယာများမှ ဖော်ပြခဲ့ကြသည်။
လက်ရှိကမ္ဘာ့အကောင်းဆုံးကစားသ မားဆုအား ရရှိထားခဲ့သည့် စီရော်နယ်ဒို သည် ပြီးခဲ့သည့်ရာသီတွင် ရီးရဲလ်အသင်း နှင့်အတူ အောင်မြင်မှုများ ရရှိခဲ့ခြင်းကြောင့် ဆုကြေးများအပြင် စပွန်ဆာကြေးများရရှိခဲ့ သဖြင့် ယခုကဲ့သို့ 
အချမ်းသာဆုံးဘောလုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ် ကြောင်း သတင်းများမှ ဖော်ပြလျက်ရှိသည်။

ယင်းကဲ့သို့ အချမ်းသာဆုံးကစားသ မားအဖြစ် ရပ်တည်နိုင်ခဲ့သည့် စီရော်နယ် ဒိုသည် အဓိကပြိုင်ဘက်ဖြစ်သည့် ဘာစီလို နာတိုက်စစ်မှူး မက်ဆီထက်ပေါင် ၇သန်း အသာဖြင့် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ် အဆင့် ရပ်တည်မှုတွင် လည်း မက်ဆီအနေဖြင့် ပေါင်၁၂၂ သန်းရရှိခဲ့ သည့် စီရော်နယ်ဒို၏နောက် ၁၂ဝ.၅သန်း ဖြင့် ဒုတိယနေရာတွင်သာ ရပ်တည်နိုင်ခဲ့ သည်။

Goal.com မှ ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့အချမ်းသာဆုံးဘောလုံးသမားများ

၁။ စီရော်နယ်ဒို (ရီးရဲလ်) - ပေါင် ၁၅၂.၃သန်း
၂။ မက်ဆီ(ဘာစီလိုနာ) - ပေါင် ၁၄၅သန်း
၃။ နေမာ(ဘာစီလိုနာ) - ပေါင် ၉၇.၉သန်း
၎။ အီဘရာမိုဗစ်ခ်ျ(ပီအက်စ်ဂျီ) - ပေါင် ၇၆.၁သန်း
၅။ ဝိန်းရူနီ(မန်ယူ) - ပေါင် ၇၄.၆သန်း
၆။ ကာကာ(အော်လန်ဒိုးစီးတီး) - ပေါင် ၆၉.၆သန်း
၇။ အီတိုး(ဆမ်ဒိုးရီးယား) - ပေါင် ၆၃.၁သန်း
၈။ ရာအူးလ်(နယူးယော့ခ်ကော့စမို့စ်) - ပေါင် ၆၁.၁သန်း
၉။ ရော်နယ်ဒင်ဟို(ကျူရီတာယို) - ပေါင် ၆ဝ.၂သန်း
၁ဝ။ လမ်းပတ်(မန်စီးတီး) - ပေါင် ၅၈သန်း

Democracytoday , KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment