Pages

Pages - Menu

Wednesday, March 11, 2015

အပူချိန်မြင့်တက်နေသဖြင့် ခရမ်းလွန်ရောင်ခြည်သတိပြုရန်လို


RangonNewsDaily:: March . 10 .2015
၂ဝ၁၅ ခုနှစ် မတ် ၉ ရက်မှ မတ် ၁၆ ရက်အတွင်း မြို့ကြီးများတွင် အပူချိန်မြင့်တက်လာမှုနှင့်အတူ ခရမ်းလွန် ရောင်ခြည်များပါ မြင့်တက် လာနိုင်သည့်အပြင် ပင်လယ်အတွင်း လေထုမငြိမ်သက်မှု များကြောင့် ပင်လယ်ရေလှိုင်း မြင့်တက်မှုများကိုပါ သတိပြုဖို့လိုကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ယနေ့အသိပေးထားသည်။
''နေ့အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် (၁ဝဝ ဒီဂရီဖာရင် ဟိုက်)ကျော်လွန်အောင်မြင့်တက်နိုင်တဲ့ ရန်ကုန်၊ တောင်ငူ၊ ပုသိမ်၊ မုံရွာ၊ မန္တလေး၊ မကွေး၊ ကလေးဝမြို့တွေမှာ အပူ ဒဏ်နဲ့ ခရမ်းလွန်ရောင်ခြည် ဒဏ်တွေကို သတိထားဖို့လိုပါ တယ်။ ဒီလိုအချိန်၊ ဒီလိုနေရာမှာ ဒီလိုဖြစ်တာ သိပ်မကြိုက်ဘူးဗျာ။

မနေ့က ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း အတွင်း လေထုမငြိမ်သက်မှုတွေများနေပါတယ်။ ဧပြီ ၁၅ ရက်နောက်ပိုင်း မုန်တိုင်းရာသီမှာ သတိထားရပါလိမ့်မယ်။

ဘင်္ဂလားပင်လယ်အော်အရှေ့ပိုင်း၊ မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာ ပင်လယ်ရေလှိုင်းအမြင့် ခုနစ်ပေလောက်အထိ မြင့်တက်လာပါတယ်''ဟု ရှင်းပြထားသည်။

ရခိုင်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တွင် ပင်လယ်ရေလှိုင်းအမြင့် ငါးပေမှ ခုနစ်ပေ၊ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းနှင့်ကမ်းလွန်ပင်လယ်ပြင်တွင် လှိုင်းအမြင့် ငါးပေမှ ခြောက်ပေ၊ မွန်နှင့်တနင်္သာရီကမ်းရိုးတန်းနှင့်ကမ်း လွန်ပင်လယ်ပြင်တွင် လှိုင်းအမြင့် လေးပေမှ ငါးပေရှိသောကြောင့် ပင်လယ်ကမ်းရိုးတန်းတွင် သတိထားသွားလာဖို့လိုကြောင်း ဒေါက်တာ ထွန်းလွင်က အသိပေးထားသည်။

MOI Webportal , 
KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment