Pages

Pages - Menu

Sunday, March 8, 2015

ယခုနွေရာသီ ပုံမှန်ထက် အပူလွန်ကဲမည်

RangonNewsDaily:: March . 7 .2015
ယခုနှစ်နွေရာသီကာလ တစ်လျှောက်လုံးပြီးခဲ့သည့်နှစ် များထက် အပူချိန်မြင့်မားနိုင် ကြောင်း မိုး/ဇလဌာနဒုတိယညွှန် ကြားရေးမှူးချုပ်ဦးကျော်မိုးဦးက သတိပေးထားသည်။

နွေရာသီကာလမှာ မတ်လ မှ မေလကုန်အထိဖြစ်ပြီးထိုကာလ တစ်လျှောက်လုံး အပူချိန်တဖြည်း ဖြည်းမြင့်မားလာနိုင်ကြောင်းဦး ကျော်မိုးဦးကပြောသည်။

မိုးလေ၀သပညာရှင်ဒေါက် တာထွန်းလွင်ကလည်းယခုရက် ပိုင်းအတွင်းဒေသအချို့တွင် အပူ ချိန်မြင့်တက်နေပြီး ခရမ်းလွန် ရောင်ခြည်ကျရောက်မှုလည်း ပုံ မှန်ထက်လွန်ကဲနေကြောင်းထပ် မံသတိပေးထားသည်။

ဆောင်းအကုန်နွေအကူး ကာလဖြစ်နေပြီး ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းဒေသကြီးရှိမြို့နယ် အချို့အပြင် မကွေးတိုင်းနှင့် မန္တလေးတိုင်းဒေသကြီး တွင်ပါ ပုံမှန်အပူချိန်ထက်မြင့်မား နေကြောင်း ဒေါက်တာထွန်းလွင် ကဆိုသည်။
‘‘ဒီနှစ်နွေက အစောကြီးက တည်းက အပူချိန်များနေတယ်။ ကျန်းမာရေးနဲ့ပတ်သက်လို့က တော့ ဒီအပူချိန်နဲ့ဆို သတိပြုဆင် ခြင်နေဖို့လိုတယ်’’ဟုဆိုသည်။

ခရမ်းလွန်ရောင်ခြည်ကျ ရောက်မှုမှာလည်း ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့မှ လွဲ၍ ကျန်ဒေသ များတွင် လွန်ကဲအဆင့်ရောက်နေ ကြောင်းသတိပေးထားသည်။

‘‘အခုက အရမ်းကို အပူချိန် လွန်ကဲနေတယ်။ နေပူထဲမှာ လုပ် နေရတဲ့လူတွေချွေးထွက်လွန်နိုင် တယ်။ ဒီအချိန်မျာ ခန္ဓာကိုယ်အ ရေပြားက အပူထိန်းတာမလုပ်နိုင် တော့ဘူး’’ဟု အထွေထွေရောဂါ ကုဆရာဝန်ကြီးဒေါက်တာစိုးဝင်း ကပြောသည်။

ဒေါက်တာစိုးဝင်းက နေပူ အောက်တွင် အလုပ်လုပ်နေရသူ များအပူချိန်မြင့်တက်မှုကိုကာ ကွယ်ရန် ကုထုံးအနေဖြင့် အလွန် အေးသောရေများသောက်ခြင်းကို ဆင်ခြင်ပြီး ဓာတ်ဆားရေးများ သောက်ပေးရန် အကြံပြုပြော ကြားသည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment