Pages

Pages - Menu

Saturday, March 14, 2015

မြေနီကုန်းခုံးကျော်တံတား ကွန်ကရစ်လောင်းမည်ဖြစ်၍ မြေနီကုန်းလမ်းတစ်လျှောက် မတ်လကုန်အထိ လမ်းပိတ်ထားမည်

ဆောက်လုပ်ဆဲမြေနီကုန်းခုံးကျော်တံတားကို တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)
RangonNewsDaily:: March . 14 .2015
မြေနီကုန်းခုံးကျော်တံ တားတွင် စက်ပစ္စည်းကိရိယာများ ဖြင့် ကွန်ကရစ်လောင်းခြင်းလုပ် ငန်းများ ဆောင်ရွက်မည်ဖြစ်၍ မြေနီကုန်းခုံးကျော်တံတား လမ်း တစ်လျှောက်ကို မတ်လ ၁၆ ရက်မှ ၃၁ ရက်အထိ ပိတ်ထားမည်ဖြစ်ပြီး ခရီးသည်တင်ယာဉ်လိုင်းများ လမ်းကြောင်းပြောင်းလဲပြေးဆွဲရမည်ဟု သတင်းရရှိသည်။

မြေနီကုန်းခုံးကျော်တံတား ဆောက်လုပ်ရေးလုပ်ငန်း အချိန်မီပြီးစီးနိုင်ရန် ခုံးကျော်တံတား တွင် တပ်ဆင်မည့် စက်ပစ္စည်းများနှင့် ကွန်ကရစ်လောင်းခြင်းလုပ် ငန်းတို့ကို နေ့ရော၊ ညပါ လုပ်ကိုင်မည်ဖြစ်၍ ခရီးသည်တင်ယာဉ်များ လမ်းလွှဲမှသွားနိုင်ရန် လမ်းကြောင်းများ ရေးဆွဲထားပြီးဖြစ် သည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေ သည့် မထသ(ဗဟို)လက်အောက်ရှိ ယာဉ်လိုင်းများမှ ယာဉ်ရှစ်ရာကျော်မှာ လမ်းကြောင်းပြောင်း ကာ ပြေးဆွဲရမည်ဖြစ်သည်။

ပြည်လမ်း (လှည်းတန်း)မှ လာသည့် ယာဉ်များသည် မြေနီ ကုန်းမီးပွိုင့်- ဗဟိုလမ်း- ပြည် ထောင်စုရိပ်သာ လမ်းမပေါ်သို့ ပြန်လည်ရောက်ရှိကာ မူလသတ် မှတ်ထားသည့် လမ်းကြောင်းအတိုင်း မောင်းနှင်ရမည်ဖြစ်သည်။

အခြားသတ်မှတ်ထားသည့် လမ်းမှာ ပြည်လမ်း(လှည်းတန်း)-ဟံသာဝတီအ၀ိုင်း- အထက်ကြည့်မြင်တိုင်(သို့) အောက်ကြည့်မြင်တိုင်- သခင်မြပန်းခြံ-ဗိုလ်ချုပ်လမ်းဖြစ်ပြီး လမ်းကြောင်း နှစ်ခုခွဲကာ သတ်မှတ်ထားသည်။

Capital Development ကုမ္ပဏီက ၂၀၁၄ သြဂုတ်လလယ်မှ စတင်တည်ဆောက်နေသည့် မြေနီကုန်း ခုံးကျော်တံတားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျပ် ၁၇ ဘီလီယံခန့် အကုန်အကျခံ တည်ဆောက်နေခြင်းဖြစ်ပြီး ၂၀၁၅ နှစ်လယ်ပိုင်းတွင် တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီး မည်ဟု ခန့်မှန်းထားသည်။

7Day , KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment