Pages

Pages - Menu

Saturday, March 14, 2015

ဘင်္ဂလားဒေ့ရှ်တွင် ဘိလပ်မြေစက်ရုံ အမိုးပြိုကျ၊ အနည်းဆုံး လူ ၇ ဦး သေဆုံး

RangonNewsDaily:: March . 14 .2015
ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းရှိ ဆောက်လက်စ ဘိလပ်မြေ စက်ရုံတစ်ရုံ၏ အမိုးပြိုကျခဲ့ပြီးနောက် အနည်းဆုံး လူခုနစ်ဦး သေဆုံးသွားခဲ့ကာ ဒါဇင်ပေါင်းများစွာ ပိတ်မိနေဖွယ်ရှိကြောင်း ရဲနှင့် ကယ်ဆယ်ရေး လုပ်သားများက ပြောကြားကြကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

မွန်ဂလာဆိပ်ကမ်းမြို့တွင် ဖြစ်ပွားသော အဆိုပါ မတော်တဆမှု ဖြစ်ချိန်တွင် ဝန်ထမ်း ၉၀ ခန့် ထိုအဆောက်အအုံ အတွင်းတွင် အလုပ်လုပ်နေကြပြီး သံမဏိနှင့် ဘိလပ်မြေများအောက်တွင် လူများစွာ ပိတ်မိသွားရခြင်း ဖြစ်သည်။

စစ်သားနှင့် အရေးပေါ်လုပ်သားများက အလွန်ကြီးမားသော ဝန်ချီစက်ကြီးများကို သုံးလျက် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကာ လူတစ်ဒါဇင်ခန့်ကို ကယ်ဆယ်နိုင်ခဲ့ပြီဟု အစိုးရအဖွဲ့ ထိပ်တန်းအရာရှိကြီး ရှားအလမ်ဆာဒါက ပြောကြားသည်။

“ယခုလောလာဆယ် သေဆုံးသူ ခုနစ်ဦး ရှိပါတယ်။ ဒဏ်ရာရသူ ၅၃ ဦးပါ။ အနည်းဆုံး ခြောက်ဦးရဲ့ အခြေအနေက စိုးရိမ်ရပါတယ်” ဟု အဆိုပါ အစိုးရအဖွဲ့ဝင်က ပြောကြားခဲ့သည်။

လူမည်မျှ အပျက်အစီးအောက်တွင် ပိတ်မိနေသည်ကို မည်သူကမှ ရှင်းလင်းစွာ ပြောပြနိုင်သေးခြင်း မရှိပေ။
မီးသတ်ဌာနမှ ညွှန်ကြားရေးမှူး ရှိတ်ခ်မီဇာနာရာမန်က အနည်းဆုံး လူ ၄၀ ခန့် အပျက်အစီးများအောက်တွင် ရှိနေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ရှင်းလင်းနေဆဲ ဖြစ်ကာ လူသေအလောင်းများကိုလည်း မတွေ့ရတော့သကဲ့သို့ အောက်မှ အော်ဟစ် အကူအညီ တောင်းနေသံများကိုလည်း မကြားရကြောင်း ၎င်းက AFP သတင်းကို ပြောကြားသည်။

ဒဏ်ရာရသွားသော ဆောက်လုပ်ရေးလုပ်သား မာဆွတ်ကာဇိုင်းက ခေါင်မိုးပိုင်းတွင် ကွန်ကရစ် လောင်းနေစဉ် ပြိုကျမှု ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်ဟု ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အဆောက်အအုံနှင့် အိမ်ဆောက်ပစ္စည်းများ စံချိန်စံညွှန်းမမီခြင်းနှင့် အရေးယူကိုင်တွယ်မှု ပေါ့လျော့ခြင်းတို့ကြောင့် အဆောက်အအုံပြိုကျမှု မတော်တဆမှု သတင်းများ ကြားရကာ လူအသေအပျောက်လည်း များစွာရှိခဲ့သည်။

၂၀၁၃ ခုနှစ်တွင် မြို့တော်ဒါကာရှိ အထည်ချုပ်စက်ရုံတစ်ရုံ ပြိုကျခဲ့ရာတွင် လူပေါင်း ၁၁၃၈ ဦး သေဆုံးသွားရသဖြင့် အုတ်အော်သောင်းတင်း ဖြစ်ခဲ့သေးသည်။

The Voice , KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment