Pages

Pages - Menu

Sunday, March 15, 2015

ကမ္ဘာအေးဂမုန်းပွင့် ကုန်တိုက်မြေညီထပ် မတ် ၁၄ ပြန်ဖွင့်မည်


RangonNewsDaily:: March . 14 .2015
−ဖေဖော်ဝါရီက မီး လောင်မှုဖြစ်ပွားခဲ့သော ကမ္ဘာ အေးဂမုန်းပွင့်ကုန်တိုက်၏ မြေညီ ထပ်ကို မတ်လ ၁၄ ရက်တွင် ပြန် လည် ဖွင့်လှစ် သွားမည်ဖြစ် ကြောင်း ယင်းကုန်တိုက်၏ မန် နေဂျာ ဦးလှမြင့်က ပြောသည်။

‘‘စနေနေ့ ပြန်ဖွင့်မှာပါ။ လောလောဆယ်တော့ မြေညီ ထပ်တစ်ထပ်ပဲ ပြန်ဖွင့်ဦးမှာပါ။ ကျန်တဲ့အထပ်တွေကတော့ ပြင် ရဦးမှာပါ’’ ဟု ၎င်းက ပြောသည်။

မြေညီထပ်သည် မီးလောင် မှုတွင် ပါဝင်ခဲ့ခြင်းမရှိသောကြောင့် ပြင်ဆင်မှုများ ပြုလုပ်၍ ဖွင့်လှစ် မည်ဖြစ်ပြီး ပထမထပ်နှင့် ဒုတိယထပ်မှာ ယခုအချိန်မှ စတင်ပြင်ဆင်ရမည်ဖြစ်သောကြောင့် ပြန်လည်ဖွင့်လှစ်မည့်အချိန်ကို မပြောနိုင်သေးကြောင်း ၎င်းက ပြောသည်။

အဆိုပါ မီးလောင်မှုသည် ဖေဖော်ဝါရီ ၁၈ ရက်ညက ဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး ဂမုန်းပွင့် အိမ် ရာလေးလွှာတွင် နေထိုင်သော တရုတ်နိုင်ငံသား မိသားစုက တ ရုတ်နှစ်ကူး ဗြောက်အိုးဖောက်ရာ ၌ အသံကျယ်စေရန် သုံးထပ်ရှိ ခေါင်မိုး PVC ရေဆင်းပိုက်အ တွင်းသို့ ဗြောက်အိုးထည့်ဖောက် ရာမှ ပထမထပ်ရှိ ရေဆင်းပိုက်အတွင်း ဗြောက်အိုးများ ပေါက်ကွဲကာ ပိုက်မီးလောင်၍ ဖက်ရှင်ဆိုင် အ၀တ်အစားများပေါ်သို့ကျကာ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

မီးလောင်ချိန် နှစ်နာရီကျော် ကြာမြင့်ခဲ့ပြီး ပထမထပ်နှင့် ဒုတိ ယထပ်ရှိ ပစ္စည်းများနှင့် မျက်နှာ ကြက်များ မီးလောင်ခဲ့ကာ ဆုံးရှုံး မှုတန်ဖိုး ငွေကျပ် ၉၅ သိန်းရှိ သည်ဟု မီးသတ်ဦးစီးဌာနက သ တင်းထုတ်ပြန်ခဲ့သည်။

7Day , KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment