Pages
▼
Pages - Menu
▼
Wednesday, August 20, 2014
ပြည်တွင်းငြိမ်းချမ်းရေး အလားအလာ ဘက်ပေါင်းစုံအားတက်
မန်မာ့ငြိမ်းချမ်းရေးအတွက် အစိုးရ၊ လက်နက်ကိုင်၊ နိုင်ငံရေးပါတီဝင်တို့ရဲ့ အလွတ်သဘော ဆွေးနွေးပွဲ မြင်ကွင်း။ (သြဂုတ် ၁၈၊ ၂၀၁၄)
RangonNewsDaily:: August . 20 .2014မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နဲ့ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ ဒီကနေ့ ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ်အဖြစ် အလွတ်သဘော တွေ့ဆုံဆွေးနွေးကြပါတယ်။
တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို လက်မှတ်မထိုးမီ ပြည်သူအား ချပြရန် ဗိုလ်ချုပ်ဂွန်မော်ပြော
RangonNewsDaily:: August . 20 .2014
တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးသဘောတူညီချက် စာချုပ်ကို လက်မှတ်မရေးထိုးမီ ပြည်သူလူထုအပါအဝင် နိုင်ငံရေး ပါတီများနှင့် အဖွဲ့အစည်းအသီး သီးအား ချပြရန်လိုအပ်ကြောင်း NCCT ဒုတိယအဖွဲ့ခေါင်းဆောင် (၂) ဗိုလ်ချုပ်ဂွန်မော်ကပြောကြား သည်။

နိုင်ကျဉ်းအဓိပ္ပာယ် သတ်မှတ်ချက်အရ ဦးနေ၀င်းမြေးများ နိုင်ကျဉ်းစာရင်းတွင် မပါ
RangonNewsDaily:: August . 20 .2014
နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ် သတ်မှတ်ချက်သစ်အရ နိုင်ငံတော်ပုန်ကန်မှုဖြင့် နှစ် ရှည်ထောင်ဒဏ်များချမှတ်ခံခဲ့ရ သည့် အာဏာရှင်ဦးနေ၀င်း၏မြေး များအား နိုင်ငံရေးအကျဉ်းသား များအဖြစ် သတ်မှတ်လိမ့်မည် မဟုတ်ကြောင်း နိုင်ငံရေးအကျဉ်း သားအခွင့်အရေးလှုပ်ရှားသူများ ကပြောကြားလိုက်သည်။

မြန်မာနိုင်ငံတွင် လူဦးရေသန်းခြောက်ဆယ်မကျော်နိုင်၊ သြဂုတ်လကုန်တွင် အတိအကျထုတ်ပြန်မည်
ဖျော်ဖြေရေးပွဲတစ်ခုတွင်တွေ့ရသည့် ဆယ်ကျော်သက်ကလေးများ(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
RangonNewsDaily:: August . 20 .2014ယခုနှစ်ကောက်ယူခဲ့ သော သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေသည် သန်းခြောက်ဆယ်ကျော် မရှိ သဖြင့် မူလကောက်ယူထားသည့် လူဦးရေပမာဏနှင့် ကွာဟမှုရှိ မည် မဟုတ်ကြောင်း လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောကြားသည်။
ဗီဇာနှင့်အချက်အလက်များ သေချာစွာစစ်ဆေးပြီးမှလာရန် မလေးရှားရှိမြန်မာသံရုံးသတိပေး
RangonNewsDaily:: August . 20 .2014
မလေးရှားနိုင်ငံ၊ ကွာ လာလမ်ပူလေဆိပ်တွင် မြန်မာ နိုင်ငံသား ၇၅ ဦး ဖမ်းဆီးထိန်း သိမ်းခံရပြီးနောက် မလေးရှား နိုင်ငံသို့ လာရောက်မည့် မြန်မာ များအတွက် မလေးရှားနိုင်ငံ မြန်မာသံရုံးက သြဂုတ် ၁၈ ရက် တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်သည်။

လူငယ် ရုပ်ရှင်ပွဲတော် ဆုကြေးငွေကိစ္စ အရှုပ်အရှင်း ဖြစ်ပွား
သြဂုတ် ၁၂ ရက်နေ့က ကျင်းပသည့် လူငယ်ရုပ်ရှင်ပွဲတော် ဆုချီးမြှင့် အခမ်းအနား မြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
RangonNewsDaily:: August . 19 .2014မြန်မာနိုင်ငံ လူငယ်များအစည်းအရုံးမှ ကျင်းပပြုလုပ်သည့် လူငယ်ရုပ်ရှင်ပွဲတော်တွင် ဆုရခဲ့သည့် ဒါရိုက်တာများကို အစည်းအရုံးဘက်မှ ဆုပေးပွဲကျင်းပပြီး တပတ်အတွင်း ဆုကြေးငွေ ထုတ်ပေးခြင်း မရှိသည့်အတွက် ပြဿနာ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
ရွှေပြည်သာမြို့နယ်တွင် ရထားနဲ့ကား တိုက်မိရာမှ တစ်ဦးဒဏ်ရာရရှိ
RangonNewsDaily:: August . 19 .2014
ရွှေပြည်သာမြို့နယ် အမှတ်(၁)ရပ်ကွက်၊ စက်မှုဇုန်က ရထားသံလမ်းအကူးမှာ သြဂုတ်လ ၁၈ ရက် မနက် ၁ နာရီလောက်
က သာရဝေါ-ရန်ကုန် အစုန်မီးရထားနဲ့ ကိုယ်ပိုင်ယာဉ်တစ်စီး တိုက်မိတယ်လို့ သိရပါတယ်။ခုလိုတိုက်မိရာကနေအသက်
၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ လည်း သိရပါတယ်။