Pages

Pages - Menu

Wednesday, August 20, 2014

မြန်မာနိုင်ငံတွင် လူဦးရေသန်းခြောက်ဆယ်မကျော်နိုင်၊ သြဂုတ်လကုန်တွင် အတိအကျထုတ်ပြန်မည်

ဖျော်ဖြေရေးပွဲတစ်ခုတွင်တွေ့ရသည့် ဆယ်ကျော်သက်ကလေးများ(ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
RangonNewsDaily:: August . 20 .2014
ယခုနှစ်ကောက်ယူခဲ့ သော သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေသည် သန်းခြောက်ဆယ်ကျော် မရှိ သဖြင့် မူလကောက်ယူထားသည့် လူဦးရေပမာဏနှင့် ကွာဟမှုရှိ မည် မဟုတ်ကြောင်း လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောကြားသည်။
စာရင်း အတိအကျကို သြဂုတ်စတုတ္ထပတ်တွင် ထုတ်ပြန်မည်ဖြစ်ပြီး လူဦးရေသန်း ၈၀ ရှိသည့် ဆိုသည့် သတင်းများအပေါ် ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။

‘‘သန်း ၈၀ လည်းမဟုတ်ဘူး။ သန်း ၅၀ ကျော်လည်း မဟုတ် ဘူး။ သန်းခြောက်ဆယ်ထက် မကျော်နိုင်ဘူး။ အတိအကျတော့ မကြာခင်ထုတ်ပြန်တော့မှာပါ’’ ဟု ညွှန်ကြားရေးမှူးချုပ် ဦးမြင့် ကြိုင်က ပြောသည်။

နိုင်ငံ၏ လူဦးရေစာရင်း သည် အလွန်အရေးကြီးပြီး ယင်း အပေါ်ကို အခြေခံကာ ကျန်းမာ ရေးဝန်ဆောင်မှုများ၊ ပညာရေး ၀န်ဆောင်မှုများနှင့် တိုင်းပြည်၏ ၀င်ငွေကို တွက်ချက်ရခြင်း ဖြစ် သည်။ နိုင်ငံလူဦးရေများလျှင် မြန်မာနိုင်ငံသည် ယခုတွက်ချက် ထားသည့် ကမ္ဘာပေါ်တွင် အဆင်းရဲဆုံးနိုင်ငံများစာရင်းတွင် ထိုထက် အဆင့်နိမ့်ကျသွားမည် ဖြစ်သည်။

‘‘လူဦးရေက အရမ်းအရေး ကြီးတယ်။ GDP ကို တွက်ရင် လူဦးရေပေါ်မူတည်ပြီးတွက်ကြ တာ။ တကယ်လို့များ သန်း ၈၀ ဖြစ်နေမယ်ဆိုရင် ကမ္ဘာ့အဆင်းရဲ ဆုံး နိုင်ငံစာရင်းမှာ အခုစာရင်း ထက် ပိုအောက်ရောက်လိမ့်မယ်။ လူဦးရေများရင် တိုင်းပြည်ရဲ့ တစ်ဦးချင်းဝင်ငွေက နည်းသွား တာကိုး။ ပြီးတော့ စီမံကိန်းတွေ အားလုံးက အခုပုံစံအတိုင်းမဟုတ် ဘဲ အများကြီးပြောင်းလဲရမှာ’’ ဟု သုတေသနစစ်တမ်းများ မကြာခဏ ကောက်ယူသည့် စိမ်းလန်း အမိမြေအသင်းမှ ဒါရိုက်တာ ဦးဝင်းမျိုးသူက ပြောသည်။

၁၉၈၃ ခုနှစ်တွင် ကျပန်းစာ ရင်း ကောက်ယူခဲ့သော စာရင်း များကို အခြေခံပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်တို့မှ မွေးဖွားနှုန်း၊ သေဆုံးနှုန်းများ နှစ်စဉ်ကောက် ယူ တွက်ချက်မှုများအရ မြန်မာ နိုင်ငံတွင် လူဦးရေ သန်းခြောက် ဆယ်ကျော် ရှိသည်။

မြန်မာနိုင်ငံ၏ လူဦးရေသန်း ခေါင်စာရင်းမှန်ကန်စွာ သိရှိနိုင် ရန် ကုလသမဂ္ဂထောက်ပံ့ကူညီမှုဖြင့် မြေပုံရေးဆွဲခြင်း၊ ကောက်ကွက်ရှာဖွေခြင်း၊ စီမံချက် ရေးဆွဲခြင်းများ ရေးဆွဲကာ ပြီးခဲ့သည့် မတ်လ ၃၀ မှ ဧပြီလ ၁၀ ရက်အထိ သန်းခေါင်စာရင်း ကောက်ယူ ခဲ့သည်။

မြန်မာနိုင်ငံတွင် ခရိုင် ၇၀ ရှိ ပြီး မြို့နယ်ပေါင်း ၃၃၀ ရှိသည်။ ယင်းခရိုင်နှင့် မြို့နယ်များအတွင်း ကျေးရွာအုပ်စု ၁၃၆၂၀ ရှိပြီး ကျေးရွာပေါင်း ၆၄၃၄၆ ရွာ ရှိ သည်။ အဆိုပါ မြို့နယ်နှင့် ကျေး ရွာများတွင် အိမ်ထောင်စု ဆယ် သန်းနေထိုင်သည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment