Pages

Pages - Menu

Wednesday, August 20, 2014

ဂျက်ကီချန်းရဲ့သားဖြစ်သူကို မူးယစ်သုံးမှုနဲ့ ပီကင်းရဲ ဖမ်းဆီး


RangonNewsDaily:: August . 20 .2014
မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ကမ္ဘာကျော် ဟောင်ကောင်မင်းသား ဂျက်ကီချန်းရဲ့သားဖြစ် သူကို မူးယစ်ဆေးကိစ္စနဲ့ တရုတ်ရဲတွေက ဖမ်းဆီးထိန်းသိမ်း လိုက်တယ်လို့ တရုတ်မီဒီယာတွေက တနင်္လာနေ့ က ကြေညာကြပါတယ်။ 
ပီကင်တိုင်းမ် သတင်းစာက ရေးတာမှာတော့ ထိုင်ဝမ်ပေါ့ပ်စတား ကိုင်ကို ဆိုသူကို မူးယစ်ဆေးသုံးစွဲမှုနဲ့ ပြီးခဲ့တဲ့ ရက်သတ္တ ပတ်က ပီကင်းရဲက ဖမ်းလိုက်တဲ့ တချိန်တည်းမှာပဲ အသက် ၃၁ နှစ်အရွယ် Jaycee Chan ကို ဖမ်းလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

အသေးစိပ်ကိုတော့ သတင်းက ဖော်ပြထားတာမရှိပါဘူး။

သိုင်းပညာသည် သူရဲကောင်းတဦးအဖြစ်နဲ့ ရုပ်ရှင်ဇာတ်လမ်းတွေမှာ နာမည်ကြီး ဂျက်ကီချန်းရဲ့သားဖြစ်သူ Jaycee Chan ကလည်း ဖခင်ဖြစ်သူလို သရုပ်ဆောင်လည်း လုပ်သလို သီချင်းလည်း ဆိုပါတယ်။

တရုတ်နိုင်ငံမှာ တရားမဝင် မူးရစ်ဆေးသုံးစွဲမှုနဲ့ နှိမ်နင်းမှုတွေလုပ်ဆောင်နေတာမှာ ဒီနှစ်ထဲမှာပဲ ထင်ရှား
ကျော်ကြားသူ အနည်းဆုံး ၉ ဦးကို ဖမ်းဆီးခဲ့တယ်လို့ နိုင်ငံပိုင်သတင်းက ဆိုပါတယ်။

လက်ရှိ ရာဇဝတ်မှုနဲ့ ထိမ်းသိမ်းခံလိုက်ရသူဟာ တရုတ်ဥပဒေအရ အများဆုံး ၃၇ ရက်ထိ ချုပ်နှောင် ထားနိုင်ပြီး အဲဒီနောက် မှာ တရားရုံးမှာ တရားစွဲဆိုသင့်သလား လွှတ်ပေးမလားဆိုတာကို ဆုံးဖြတ်တယ်လို့ ဘန်ကောက်ပို့စ် သတင်းတပုဒ်က ဖော်ပြပါတယ်။

တရားရုံးတင်လိုက်လို့ တရားမဝင် မူးယစ်ဆေးသုံးစွဲတာ ပြစ်မှု ထင်ရှားရင် ထောင်ဒဏ် တသက်တကျွန်း သို့မဟုတ် သေဒဏ် ပေးကွပ်မျက်ခံရနိုင်ပါတယ်။

အခြား သက်သာတဲ့ပြစ်ဒဏ်ကတော့ အစိုးရရဲ့ မူးယစ်ဆေးဖြတ်စခန်းမှာ အကျဉ်းချခံရနိုင်ပြီး ဆေးဖြတ်တဲ့ ကုသမှုတွေ ကို ခံယူရတာမျိုးလည်း ရင်ဆိုင်ရနိုင်ပါတယ်။

ဖခင်ဖြစ်သူ ဂျက်ကီချန်းကိုတော့ မကြာခဏ ဆိုသလိုလည်း တရုတ်နိုင်ငံပိုင် ရုပ်မြင်သံကြားတွေမှာ တွေ့ရတတ်ပါတယ်။

တရုတ် တရားရုံးတွေကတော့ အခုနှစ် ဇန်နဝါရီလက မေလ အတွင်းမှာ မူးယစ်ဆေးနဲ့ ဆက်နွယ်တဲ့ ပြစ်မှု
ပေါင်း ၄၃,ဝဝဝ ကျော်ကို စီရင်ခဲ့ပြီးဖြစ်ပါတယ်။ အရင်နှစ် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလက မေလ အတွင်းကာလ စာရင်းထက် ၃ဝ ရာခိုင်နှုန်း တိုးလာတယ်လို့ နိုင်ငံပိုင်သတင်းဌာနက ကြေညာပါတယ်။

ဂျက်ကီချန်းရဲ့သား Jaycee Chan ၊ ဓာတ်ပုံ- TNP

ဧရာဝတီ , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment