Pages

Pages - Menu

Wednesday, August 20, 2014

ရွှေပြည်သာမြို့နယ်တွင် ရထားနဲ့ကား တိုက်မိရာမှ တစ်ဦးဒဏ်ရာရရှိ

RangonNewsDaily:: August . 19 .2014
ရွှေပြည်သာမြို့နယ် အမှတ်(၁)ရပ်ကွက်၊ စက်မှုဇုန်က ရထားသံလမ်းအကူးမှာ သြဂုတ်လ ၁၈ ရက် မနက် ၁ နာရီလောက်
က သာရဝေါ-ရန်ကုန် အစုန်မီးရထားနဲ့ ကိုယ်ပိုင်ယာဉ်တစ်စီး တိုက်မိတယ်လို့ သိရပါတယ်။ခုလိုတိုက်မိရာကနေအသက် 
၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ လည်း သိရပါတယ်။

ဗဟန်းမြို့နယ်၊ ဆရာစံမြောက် အနောက်ရပ်ကွက်မှာ နေတဲ့ အသက် ၄၃ နှစ်အရွယ်အမျိုးသားတစ်ဦး မောင်းနှင်တဲ့ တိုယို
တာဗင် မော်တော်ယာဉ်ဟာ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁) ရပ်ကွက်ရှိ ပုလဲလမ်းနဲ့ ကန်သာယာ လမ်းကြားက မီးရထား
သံလမ်းကို ဖြတ်မောင်းနေ တဲ့အချိန် သာရဝေါကနေ ကြည့်မြင်တိုင်ဘူတာ ဘက်ကို မောင်းလာတဲ့ အမှတ်(၇၀) အစုန်ရ
ထား၊ စက်ခေါင်းအမှတ် DF 1257 နဲ့ တိုက်မိတာဖြစ်တယ်လို့ ရွှေပြည်သာ မြို့မ ရဲစခန်းမှာ စုံစမ်းသိရှိရပါတယ်။

“သံလမ်းက ရထားလာချိန် ပိတ်တဲ့ မောင်းတံဂိတ်မရှိဘူး။ ကားသမားက လွတ်မယ်ထင်ပြီး ရထားလာချိန်မှာ သံလမ်းကို ဖြတ်မောင်းခဲ့တာ။ ကားနောက်ပိုင်းက မလွတ်ဘဲ ရထားနဲ့ တိုက်မိခဲ့တာကြောင့် ကားနောက်ခန်း တစ်ခန်းလုံး ကြေမွ

သွားပြီး အထဲက အမျိုးသမီးတစ်ယောက် ခေါင်းကွဲသွားတယ်” လို့ ရွှေပြည်သာမြို့နယ် အမှတ်(၁) ရပ်ကွက် အုပ်ချုပ်ရေး
မှူးရုံးက အဖွဲ့ဝင်တစ်ဦးက ရှင်းပြပါတယ်။

ဒဏ်ရာရခဲ့တဲ့ အမျိုးသမီးကို ရွှေပြည်သာ မြို့နယ် ပြည်သူ့ဆေးရုံမှာ တင်ထားပြီး ယာဉ်မောင်းအမျိုးသားကို (ပ) ၅၄၄/၁၄၊ မီးရထားအက်ဥပဒေ ပုဒ်မ ၁၂၉ နဲ့ စစ်ဆေးလျက် ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရုံးဆီကနေ သိရပါတယ်။

The Voice , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment