Pages

Pages - Menu

Tuesday, August 19, 2014

မန္တလေး ၆၂ လမ်းပေါ်တွင် ကားတစ်စီးနှင့် ဆိုင်ကယ် ၃ စီးကို တိုက်ပြေးမှုဖြစ်ပွား


RangonNewsDaily:: August . 19 .2014
မန္တလေး မြို့ ၆၂ လမ်းပေါ်တွင် ဟိုင်းလပ် ဆပ်ဖ် အမျိုးအစားယဉ်တ်စ်စီးက လမ်းပေါ်တွင် မောင်းနှင်လျက်ရှိသော AD Van အမျိုးအစား ယဉ်တစ်စီးနှင့် ဆိုက်ကပ် ၃ စီးကို တိုက်ပြီး မောင်းနှင်ထွက်ပြေးမှု ယနေ့ ညနေ ၆ နာရီ ခန့်တွင်ဖြစ်ပွားခဲ့သည်။
ယာဉ်တိုက်မှု ဖြစ်စဉ်မှာ ၆၂ လမ်းပေါ်ရှိ မနော်ယမံ အားကစားကွင်းရှေ့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်မိသည့် ဟိုင်းလပ်ဆပ်ဖ် အမျိုးအစားယဉ်မှာ ရပ်တန့်ခဲ့ခြင်းမရှိဘဲ မောင်းထွက်ပြေးခဲ့ရာတွင် ယခုကဲ့သို့ အပျက်အစီးများခဲ့ခြင်းဖြစ်သည်။


'ဟိုင်းလပ်ဆပ်ဖ် ကားက ဆိုင်ကယ် တွေကိုအရင်တိုက်မိတာကို မရပ်ဘဲ တစ်ခါတည်းမောင်းပြေးတာ၊ အဲ့ဒါ အနားမှာရှိတဲ့ လူတွေလိုက်ဖမ်းတော့ ၆၂ လမ်းနဲ့ သိပ္ပံလမ်းထောင့်မှာ AD Van ကားကိုတိုက်မိပြီးရပ်သွားလို့ ဖမ်းမိသွားတာ ' ဟု ယာဉ်တိုက်မှုကို မျက်မြင်ကိုယ်တွေ့ တွေ့မြင်ခဲ့ရသူ ကိုအောင်မင်းစိုး ကပြောသည်။ 

ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် လူ ထိခိုက်ဒဏ်ရာ ရရှိမှုအခြေအနေကိုတော့ မသိရှိရသေးပေ။

News Watch , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment