Pages
▼
Pages - Menu
▼
Monday, June 9, 2014
အမျိုးသမီးများကို တရုတ်သို့ပို့ရန် စည်းရုံးခေါ်လာသူ ရန်ကုန်တွင် ဖမ်းမိ
RangonNewsDaily: June . 9 .2014
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှ အမျိုးသမီးလေးဦးကို တရုတ်နိုင်ငံရှိ KTV တစ်ခုတွင် အလုပ်ရမည်ဟု ပြောဆို စည်းရုံးပြီး ရန်ကုန်သို့ခေါ်ဆောင်လာရာ ယင်းအမျိုးသမီး လေးဦးထဲမှ မတင်တင်အေးဆိုသည့် အမျိုးသမီး၏ တိုင်းတန်းမှုကြောင့် ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာနနှင့် GEGG-Myanmar တို့ ပူးပေါင်းပြီး အစိမ်းရောင်ဖွံ့ဖြိုးရေးဗဟိုဌာန ဖွင့်လှစ်မည်
RangonNewsDaily: June . 9 .2014
သိပံ္ပနှင့်နည်းပညာ ဝန်ကြီးဌာနနှင့် GEGG-Myanmar တို့ပူးပေါင်းပြီး ရေရှည်ဖွံ့ဖြိုးတိုးတက် ရေးအတွက် အစိမ်းရောင် ဖွံ့ဖြိုးရေး ဗဟို ဌာနကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာ့သိပ္ပံနှင့် နည်းပညာသုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်း ခိုင်မိုးက ဇွန် ၈ရက်တွင် ပြောသည်။

ဂျာနယ်လစ်ကို သတ်ဖြတ်ခဲ့သော ရုရှားအမျိုးသားနှစ်ဦး ထောင်ဒဏ်တစ်သက် ချမှတ်ခံရ
ဇွန်လ ၉ ရက်က မော်စကိုမြို့ တရားရုံးကြားနာမှုအတွင်း ရုရှားဂျာနယ်လစ် အန်နာပိုလစ်ကော့စကာဗာကို သတ်ဖြတ်မှု တရားခံနှစ်ဦး လွန်အလီဂိုင်တူကာယက်ဗ်နှင့် ရက်စတန်မက်မူဒေါ့ဗ် တို့ကို တွေ့ရစဉ် (REUTERS/Sergei Karpukhin)
RangonNewsDaily: June . 9 .2014၂၀၀၆ ခုနှစ်က အမျိုးသမီးဂျာနယ်လစ် အန်နာပိုလစ်ကော့စကာဗာကို သတ်ဖြတ်ခဲ့မှုအတွက် မော်စကိုတရားရုံးတစ်ရုံးက ရုရှားအမျိုးသားနှစ်ဦးကို ထောင်ဒဏ်တစ်သက် ချမှတ်လိုက်သည်။
စီအမ်တီ ဆုပေးပွဲ တွင် ထိပ်တန်း ဆု ရရှိ ခဲ့သည့် ကန်းထရီး တေးသံရှင် ကယ်ရီး အန်ဒါဝုဒ်
RangonNewsDaily: June . 9 .2014
ရုပ်သံ ဖျော်ဖြေ တင်ဆက်မှု များနှင့် ကန်းထရီး တေး သီချင်း ဗီဒီယို များကို ပရိသတ် များမှ မဲပေး ရွေးချယ် သည့် စီအမ်တီ ဂီတ ဆုပေးပွဲ အခမ်း အနား ကို အမေရိကန် နိုင်ငံ တန်နက်စီ ပြည်နယ် မြို့တော် နက်ရှ် ဗီလီ ၌ ဇွန် ၄ ရက် က ကျင်းပ ခဲ့ရာ အမေရိကန် ကန်းထရီး တေး သံရှင် ကယ်ရီး အန်ဒါဝုဒ် က အဆိုပါ ဆုပေးပွဲ ၏ ထိပ်တန်း ဆု တစ်မျိုး ဖြစ်သည့် Video of the Year ဆုကို You Again သီချင်း ဖြင့် ရရှိ ဆွတ်ခူး ခဲ့သည်။
တာချီလိတ်မြို့အနီး ၄ဒသမ၅ အဆင့်ရှိ ငလျင်လှုပ်
RangonNewsDaily: June . 9 .2014
တာချီလိတ်မြို့၏ မြောက်၊ အနောက်မြောက် ၅မိုင်အကွာ၊ မန္တလေးမြို့မှ အရှေ့တောင်ဘက် ၂၆၀မိုင်ကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး၎ဒသမ၅ အဆင့်ရှိ ငလျင်တစ်ခု ဇွန်လ ၉ရက် ည ၇နာရီ ၃၁မိနစ် ၄၀စက္ကန့်တွင် လှုပ်ခတ်သွားသည်ဟု
တာချီလိတ်မြို့၏ မြောက်၊ အနောက်မြောက် ၅မိုင်အကွာ၊ မန္တလေးမြို့မှ အရှေ့တောင်ဘက် ၂၆၀မိုင်ကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး၎ဒသမ၅ အဆင့်ရှိ ငလျင်တစ်ခု ဇွန်လ ၉ရက် ည ၇နာရီ ၃၁မိနစ် ၄၀စက္ကန့်တွင် လှုပ်ခတ်သွားသည်ဟု
✏အောင်ဘာလေထီ၊၂လုံး၊၃လုံး၊၄လုံး ထီများ တိုက်ရန် Apk (for android)✏
RangonNewsDaily: June . 9 .2014
Android ဖုန်းအတွက် application တစ်ခုကိုရေးသားပေးလိုက်ပါတယ်။ဒီApkကို၊မိမိတို့ဖုန်းပေါ်မှာထည့်သွင်း install လုပ်ပေး
ထားခြင်းဖြင့်"အောင်ဘာလေထီများ၊၂လုံးထီ၊၃လုံးထီ၊၄လုံးထီ"၊စတဲ့ထီဂဏန်းများကို၊မိမိတို့ရဲ့ဖုန်းပေါ်ကနေတိုက်စစ်၊ကြည့်ရှုလို့ရစေမှာဖြစ်ပါတယ်။
ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဖြည့်မှတ်မရှိဟုဆို
RangonNewsDaily: June . 9 .2014
ယမန်နေ့ ထုတ်ပြန်ခဲ့သည့် ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းတွင် ယခင်နှစ်များ ကဲ့သို့ စာစစ်အဖွဲ့မှ အောင်မှတ် မပြည့်မီသူ များကို ဖြည့်မှတ်ပေး၍ အောင်မှတ် တင်ပေးသည့် Moderation စနစ်ကို လုံးဝ ကျင့်သုံးခဲ့ခြင်း မရှိကြောင်း အမှတ်(၁) အခြေခံ ပညာ ဦးစီးဌာန ( အောက်မြန်မာပြည်) မှ တာဝန်ရှိသူ တစ်ဦးထံ သိရသည်။

တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက် မွန်ပြည်နယ် ခြောက်နှစ်ဆက်တိုက် ပထမရ
RangonNewsDaily: June . 9 .2014
မြန်မာတစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပညာရေးမှူး ရုံးများ၌ ဇွန်လ ၇ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ရာ မွန်ပြည်နယ်အနေနှင့် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက် ရာခိုင်နှုန်းသည် တစ်နိုင်ငံလုံးတွင် ခြောက်နှစ်ဆက်တိုက် ပထမ ရရှိခဲ့ကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ဝေက ပြောကြားသည်။
ဟင်္သာတ-ရန်ကုန် အဝေးပြေးလမ်းမပေါ်တွင် ခရီးသည်တင်မှန်လုံယာဉ် ကျော်တက်ရာမှ ယာဉ်တိုက်မှုဖြစ်ပွားရာ အောင်စာရင်းကြည့်ရန်လာသူ နှစ်ဦးသေဆုံးပြီး ခရီးသည် ၁၂ ဦး ဒဏ်ရာရရှိ
ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီးနောက် လမ်းမဘေးမြောင်းထဲသို့ ထိုးဆင်းသွားစဉ်
RangonNewsDaily: June . 9 .2014ဟင်္သာတ-ရန်ကုန် အဝေးပြေးလမ်းမပေါ်တွင် ခရီးသည်တင် မှန်လုံယာဉ်ကား ကျော်တက်ရာမှ ဆိုင်ကယ်ကို တိုက်မိရာ ဆယ်တန်းအောင်စာရင်း လာကြည့်သူနှစ်ဦး သေဆုံးပြီး ယာဉ်ပေါ်ပါ ခရီးသည် ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးသည် NLD အတွက် မဟုတ်ဘဲ ပြည်သူလူထု၏ သြဇာလွှမ်းမိုးစေလိုခြင်းကြောင့်သာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
RangonNewsDaily: June . 9 .2014
၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကြိုးပမ်းမှုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အတွက် မဟုတ်ဘဲ ပြည်သူလူထု၏ ဩဇာလွှမ်းမိုးရေးအတွက်သာဖြစ်သည်ဟု NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၇ ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် တတိယအကြိမ် NLD ဗဟိုကော်မတီအစည်းအဝေးတွင် ပြောကြားသည်။
အင်းစိန်ထောင်မှ အကျဉ်းသားနှစ်ဦး တက္ကသိုလ်ဝင်တန်းအောင်မြင်
RangonNewsDaily: June . 9 .2014
အင်းစိန်ထောင်တွင်း ထောင်ကျနေစဉ် ယခုနှစ်တက္က သိုလ်ဝင်တန်းစာမေးပွဲကို ၀င် ရောက်ဖြေဆိုခဲ့သည့် ထောင်ကျ အကျဉ်းသား ခုနစ်ဦးအနက် နှစ်ဦး မှာ တက္ကသိုလ်ဝင်စာမေးပွဲကို ဘောဂဗေဒ ဘာသာတွဲဖြင့် အောင်မြင်ခဲ့ကြောင်း အင်းစိန် ဗဟိုအကျဉ်းထောင်၏ ထောင်ပိုင် ကြီး ဦးကျော်ဌေးက အတည်ပြု ပြောကြားသည်။
တယ်လီနော၏ 3G အင်တာနက် အမြန်နှုန်း လက်ရှိ မိုဘိုင်းလ်ဖုန်းများထက် ၁၀ ဆခန့် ပိုမြန်မည်
RangonNewsDaily: June . 9 .2014
တယ်လီနော၏ မိုဘိုင်းလ်ဖုန်း SIM Card များတွင် တစ်ပါတည်း ပါဝင်လာမည့် 3G မိုဘိုင်းလ် အင်တာနက် အမြန်နှုန်းသည် လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ရောင်းချ ပေးထားသည့် မိုဘိုင်းလ် ဖုန်းများတွင် ရှိသည့် အင်တာနက် စနစ်ထက် ၁၀ ဆခန့် ပိုမိုမြန်ဆန်သည့် အမြန်နှုန်း ဖြစ်သည့် 4 Mbps (Mega Byte per Second) မှ 6 Mbps အထိ ရရှိမည် ဖြစ်ကြောင်း တယ်လီနော မြန်မာထံမှ သိရှိရသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲကျ၍ မောင်တောတွင် ကျောင်းသူတစ်ဦး ဆေးသောက် သေဆုံး
RangonNewsDaily: June . 9 .2014
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာမှ တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသူ ကျောင်းသူတစ်ဦးသည် ဂုဏ်ထူးပါမည်ဟု မှန်းထားသော်လည်း စာမေးပွဲ ကျဆုံးသဖြင့် သွေးကျဆေး ၂၂ လုံး သောက်ပြီး သေဆုံးသွားကြောင်း အဆိုပါကျေးရွာမှ ကျောင်းဆရာမတစ်ဦးက ပြောကြားသည်။

MH370 နှင့် ပတ်သက်၍ ခိုင်လုံသော သတင်းပေးနိုင်သူကို ဆုချီးမြှင့်ရန် ရန်ပုံငွေမြှင့်တင်ရေးလှုပ်ရှားမှု စတင်
RangonNewsDaily: June . 9 .2014
လွန်ခဲ့သော သုံးလအကြာတည်းက ပျောက်ဆုံးနေသည့် မလေးရှား လေကြောင်းလိုင်းပိုင် MH370 ပေါ်တွင် လိုက်ပါသွားခဲ့သူများ၏ မိသားစုဝင် အများစုက ပျောက်ဆုံးလေယာဉ်နှင့် ပတ်သက်၍
တိကျခိုင်လုံသည့် သတင်းအချက်အလက် ပေးနိုင်သူ မည်သူ့ကိုမဆို ဒေါ်လာ ၅သန်းဆုချီးမြှင့်နိုင်ရန် ရန်ပုံငွေ မြှင့်တင်ရေး လှုပ်ရှားမှုတစ်ရပ်ကို ဇွန်လ ၈ရက်က စတင်ခဲ့သည်။

သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် မည်သူ့ကို လူကြိုက်များကြောင်းသိရန် စစ်တမ်းကောက်မည်
RangonNewsDaily: June . 8 .2014
နိုင်ငံတော်သမ္မတ ဦး သိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်တို့တွင် မည်သူအား လူ ကြိုက်ပိုများသည်ကို နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ လူထုစစ်တမ်းကောက်ယူမည်ဖြစ် ကြောင်း ယင်းအဖွဲ့မှ သတင်းရရှိ သည်။