Pages

Pages - Menu

Monday, June 9, 2014

ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဖြည့်မှတ်မရှိဟုဆို

RangonNewsDaily: June . 9 .2014
ယမန်နေ့ ထုတ်ပြန်ခဲ့သည့် ၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းတွင် ယခင်နှစ်များ ကဲ့သို့ စာစစ်အဖွဲ့မှ အောင်မှတ် မပြည့်မီသူ များကို ဖြည့်မှတ်ပေး၍ အောင်မှတ် တင်ပေးသည့် Moderation စနစ်ကို လုံးဝ ကျင့်သုံးခဲ့ခြင်း မရှိကြောင်း အမှတ်(၁) အခြေခံ ပညာ ဦးစီးဌာန ( အောက်မြန်မာပြည်) မှ တာဝန်ရှိသူ တစ်ဦးထံ သိရသည်။
ယခင် တက္ကသိုလ်ဝင် စာမေးပွဲ များတွင် တစ်ဘာသာလျှင် ရမှတ် ၃၀ အထက် ရရှိပါက ဖြည့်မှတ်ပေး၍ အောင်မြင် စေခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် အဆိုပါ ဖြည့်မှတ် ပေးသည့်စနစ် ကို လုံးဝ ကျင့်သုံးခဲ့ခြင်း မရှိဘဲ တစ်ဘာသာ အနိမ့်ဆုံး အမှတ် ၄၀ ရသူများသာ အောင်စာရင်း ထဲတွင် ပါဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စနစ်ကြောင့် ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်ချက်နှုန်းများ နည်းသွားကြောင်း သိရသည်။
::
ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် အောင်ချက် ရာခိုင်နှုန်း နည်းသွားခြင်းကြောင့် အသက်မွေး ၀မ်းကျောင်း ပညာရပ် တက္ကသိုလ် များတွင် ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူ များကို ၀င်ခွင့်အမှတ် လျှော့ချ ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

myawadydaily ::--
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment