Pages

Pages - Menu

Monday, April 21, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းတင် ၀မ်းနည်းခြင်း အထိမ်းအမှတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလံအား အလံတိုင်တ၀က် လွှင့်ထူ


RangonNewsDaily: April . 21 .2014
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းတင် ၀မ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် ၂၀၁၄ခုနှစ် ဧပြီလ ၂၁ရက် မွန်းလွဲ
ပိုင်းက တက္ကသိုလ်ရိပ်သာလမ်းရှိ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အိမ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလံအား အလံတိုင်
တ၀က် လွှင့်ထူထားသည်ကို တွေ့ရစဉ်။ 

ယုဇနဥယျာဉ်အိမ်ယာ ရေရရှိရေးအတွက် ငွေကြေးကျပ်နှစ်သိန်း၊ ပြည်သူများမပေးနိုင်


RangonNewsDaily: April . 21 .2014
ပြည်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ယုဇန ဦးဌေးမြင့် ပိုင်ဆိုင်သော ယုဇနဥယျာဉ်အိမ်ယာ မှ ရေကောင်းရေသန့်ရရှိရန်အတွက် ပိုက်သွယ်တန်းရန်နှင့်ဖြန့်ဝေပေးရန် တိုက်ခန်းတစ်ခန်းလျှင်ငွေကျပ်နှစ်သိန်း တောင်းယူ မှုများရှိကြောင်း ဧပြီလ ၂၁ ရက်နေ့က သိရသည်။

မန္တလးမှာ မိုးခေါင်လို့ လွန်ဆွဲပွဲ ကျင်းပ


RangonNewsDaily: April . 21 .2014
မြန်မာနိုင်ငံ အလယ်ပိုင်းမှာ အပူချိန်များပြီး မိုးမရွာတဲ့အတွက်မိုးခေါ်လွန်ဆွဲပွဲကို မန္တလေးမြို့ ကမ်းနားလမ်း မရမ်းခြံဆိပ်ကမ်း
တာရိုးပေါ်မှာ ဧပြီ ၂၁ရက် ဒီနေ့ ညနေ ၄ နာရီက ပြုလုပ်သွားပါတယ်။

တောင်ကိုရီးယားသင်္ဘော ကယ်ဆယ်ရေး လုပ်ငန်းများကို ခရီးသည်များ၏ ဆွေမျိုးများ ဆန္ဒပြ


RangonNewsDaily: April . 21 .2014
အထက်တန်းကျောင်းသား အများစု ပါဝင်သွားပြီး ဗုဒ္ဓဟူးနေ့တွင် နစ်မြုပ်သွားသည့် တောင်ကိုရီးယား ကူးတို့သင်္ဘော Sewol ကယ်တင်ရေး လုပ်ငန်းများအပေါ် ခရီးသည်များ၏ ဆွေမျိုးများက ဒေါသတကြီး ဆန္ဒပြနေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

တယ်လီနော၏ ဒုတိယမြောက် အချက်အလက်စင်တာ ဧပြီလကုန် မန္တလေးတွင် ဖွင့်မည်

RangonNewsDaily: April . 21 .2014
တယ်လီနောက မြန်မာပြည်အထက်ပိုင်း ဆက်သွယ်ရေးကွန်ရက် ထိန်းချုပ်စီမံခန့်ခွဲမည့် အချက်အလက်စင်တာ (Core Network Data Center) ကို မန္တလေးမြို့တော်တွင် ယခုလကုန် စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း တယ်လီနော်မြန်မာမှ နည်းပညာဆိုင်ရာ အရာရှိချုပ် Prathet Tankuranun က The Voice သို့ ပြောကြားသည်။“မန္တလေးက Data Center ကို ဆက်သွယ်ရေး နည်းပညာပိုင်းကို Ericsson က တာဝန်ယူ ဆောင်ရွက်နေတာပါ။ ဒီ Data Center ကို ဒီလကုန်လောက်မှ မိတ်ဆက်နိုင်မှာပါ။ အထက်မြန်မာပြည်အတွက် ရည်ရွယ်ထားပါတယ်” ဟု ၎င်းကဆိုသည်။

သတင်းစာ ဆရာကြီး ဦးဝင်းတင်သို့ အမှတ်တရ ပြောစကားများ


RangonNewsDaily: April . 21 .2014
သတင်းစာ ဆရာကြီး တဦးလည်းဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ နာယက အဖွဲ့ဝင်လည်း ဖြစ်တဲ့ ဦးဝင်းတင် ဟာ ရန်ကုန်ဆေးရုံကြီးမှာ ကျောက်ကပ် ဝေဒနာ ကုသမှု ခံယူနေရင်း ဒီနေ့ မနက် ၆ နာရီခွဲလောက်မှာ ကွယ်လွန် သွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက်တို့တွေ့ဆုံ


RangonNewsDaily: April . 21 .2014
၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုပြုံးချို၊၊ ကိုဂျင်မီ နှင့် ကိုမြအေး တို့သည်တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ယနေ့ ညနေ ၃း၃ဝ အချိန်က ရောက်ရှိခဲ့ကြပြီး

ဟံသာဝတီ ဦးဝင်းတင်ရုပ်အလောင်းကို ရေဝေးသုသန်သို့ သယ်ဆောင်


RangonNewsDaily: April . 21 .2014
ယနေ့နံနက်က ကွယ်လွန်ခဲ့သော NLD ပါတီမှသတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ဈာပနကို သုံးရက်ထားမည်ဟုသိရပြီး အသေးစိတ်သတင်းအချက်အလက်ကို NLD ဦးတင်ဦးမှထုတ်ပြန်ပေးသွားမညိဟုသိရသည်။

မန္တလေး ဗဟိုအကျဉ်းထောင်တွင် လျက်ဆားနှင့် အရက်ပျံ ရောသောက်ရာမှ မောင်ကိန်းရွှေဆိုင် ဓားပြတိုက်သူ အပါအဝင် အကျဉ်းသား သုံးဦးသေ

RangonNewsDaily: April . 21 .2014
မန္တလေး ဗဟိုအကျဉ်းထောင်တွင် ဧပြီလ ၁၃ ရက်နေ့ (သင်္ကြန်အကြိုနေ့) နံနက်ပိုင်းက အကျဉ်းသား အမျိုးသား ခြောက်ဦးသည် အရက်ပျံနှင့် လျက်ဆား ရောသောက်ရာမှ အဆိပ်သင့်ကာ မောင်ကိန်းရွှေဆိုင် ဓားပြတိုက်သူ အပါအဝင် သုံးဦး သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

Hennesseyရဲ့ ကမ္ဘာ့အမြန်ဆုံး Venom GTမိတ်ဆက်


RangonNewsDaily: April . 21 .2014
ပြီးခဲ့တဲ့ လထဲက Hennessey Performance(HPE)ရဲ့ Venom GTမော်ဒယ်သစ်ဟာ ဆိုရင် တစ်နာရီ မိုင်၂၇၀နှုန်းထိအောင် မောင်းနှင်ပြီး ကမ္ဘာ့အမြန်ဆုံးမော်တော်ကားဆိုတဲ့ ဂုဏ်ပုဒ်ကို လက်လွှဲရယူထားတာ အားလုံးအသိပါနော်။

ဒဏ်ရာနှင့် ပွဲစဉ်အနေအထားများက အာဆင်နယ်၏ ချန်ပီယံမျှော်လင့်ချက်ကို ထိခိုက်စေခဲ့ဟု ဝင်းဂါးသုံးသပ်


RangonNewsDaily: April . 21 .2014
ယခုရာသီ အာဆင်နယ် အသင်း၏ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရော ကြိုးပမ်းမှုကို ထိခိုက် ပျက်စီးစေသည့် အဓိက အကြောင်းရင်း
များမှာ ဒဏ်ရာပြဿနာများနှင့် ပွဲစဉ်အနေအထားများဟု အသင်းမန်နေဂျာ အာစင်ဝင်းဂါးက ဝေဖန်ပြောကြားလိုက်သည်။

လူပျောက်ကြော်ငြာ


RangonNewsDaily: April . 21 .2014

ကျေးဇူးပြုပြိးသတင်းရသည်ဖြစ်စေ တွေ့ သည်ဖြစ်စေအကြောင်းကြားပေးကြပါ
သမိးရောက်ရာအရပ်မှ အမြန်ပြန်လာပါ မိဘ ညီကိုမောင်နှများ စိတ်ပူနေသည် အမြန်ပြန်လာပါ

အမျိုးသားမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်ဈာပန အခမ်းအနား အစီအစဉ်


RangonNewsDaily: April . 21 .2014
၁။ အမျိုးသားမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်၏ ဈာပန အခမ်းအနားအတွက်ဆောင်ရွက်ရန်အဖွဲ့ချုပ်သဘာပတိအဖွဲ့
နာယက ဦးတင်ဦး ဦးဆောင်မှုဖြင့်ဆောင်ရွက်မည်။

တောင်ကိုရီးယား နစ်မြုပ်သင်္ဘော၊ သေဆုံးသူ ၆၄ ဦး ရှိပြီ


RangonNewsDaily: April . 21 .2014
တောင်ကိုရီးယား နစ်မြုပ်သင်္ဘောကနေ အလောင်းတွေကို ဒီနေ့မနက်မှာ ထပ်ရခဲ့လို့ သေဆုံးသူအရေအတွက်ဟာ ၆၄ ဦးထိ ရှိပြီလို့ တောင်ကိုရီးယားကမ်းရိုးတန်းစောင့်တပ်က ပြောပါတယ်။

လှည်းကူးတွင် ညမထွက်ရအမိန့် အဆင့်လိုက် ရုပ်သိမ်းမည်

RangonNewsDaily: April . 21 .2014
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး မြို့မဈေးတွင် ဧပြီလ ၄ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခကြောင့် ထုတ်ပြန်ခဲ့ရသော ညမထွက်ရအမိန့် ပုဒ်မ ၁၈၈ ကို ကန့်သတ်ချိန့် လျှော့ချ၍ အဆင့်လိုက် ရုပ်သိမ်းမည် ဖြစ်ကြောင်း လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

Next Launcher 3D Shell 3.10 for android


RangonNewsDaily: April . 21 .2014
Android phone/Tablet ကိုင်ဆောင်ပြီး Launcher ပြောင်းလဲသုံးတတ်သူတွေ အတွက် Launcher အလန်းစား Next Launcher 3D v3.10 ကိုတင်ပေးလိုက်ပါတယ်..

ပြည်သူအပေါ်ဖိနှိပ်ချုပ်ချုယ်တဲ့စစ်အာဏာရှင်စနစ်ကို ရွံရှာမုန်းတီးခဲ့တဲ့ဦးဝင်းတင်


RangonNewsDaily: April . 21 .2014
ဦးဝင်းတင်၏ စိတ်ဓါတ်သည် ခိုင်မာ ပြတ်သားလွန်းလှပေသည်။

သူ့တွင် အချိန်အတိုင်းအတာ တစ်ခုယူပြီး ကုသမှု့ခံယူရမည့် နှလုံးရောဂါဆိုးကြိး ခံစားနေရသည်ကို သူ့ဘေးပတ်ဝန်းကျင်ရှိ မိတ်ဆွေတစ်ယောက်ကိုမျှ အသိပေးပြောကြားခဲ့ခြင်း မရှိခဲ့ချေ။

A SPECIAL TRIBUTE FOR THE FALLEN HERO စစ်အာဏာရှင်ဆန့်ကျင်ရေး မီးရှူးတန်ဆောင် ဟံသာဝတီကြီး ကွယ်လွန်ရှာပြီ


RangonNewsDaily: April . 21 .2014
စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်သူ၊ နိုင်ငံရေးနယ်ပယ်၌ စစ်တပ်၏ စွက်ဖက်မှုကို ဘဝတစ်လျှောက်လုံး ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့သူ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်သည် ၂ဝ၁၄ခုနှစ် ဧပြီ ၂၁ရက်နေ့ နံနက် ၆နာရီ မိနစ်၃ဝတွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ရှာခဲ့သည်။

ဦးဝင်းတင် (၁၉၃ဝ - ) (၂၀၁၄)


RangonNewsDaily: April . 21 .2014
ဦးဝင်းတင် (၁၉၃ဝ - )

အမည် - ဦးဝင်းတင်

အဖအမည် - ဦးပု

အမိအမည် - ဒေါ်အမာ

မွေးသက္ကရာဇ် - ၁၉၃ဝ ပြည့်နှစ်၊ မတ်လ ၁၂ ရက်

ဇာတိ - ပဲခူးတိုင်း ကြို့ပင်ကောက် မြို့

လူငယ်တွေ ဘာလုပ်သင့်လဲ အမြဲလမ်းညွန်ခဲ့တဲ့ ဆရာကြီးဦးဝင်းတင်


RangonNewsDaily: April . 21 .2014
ဝမ်းနည်းခြင်းဖြင့်ကျနော်တို့ဘဝ တွေကို အလင်းပေးခဲ့တဲ့ ဘဘ

တော်လှန်ရေးသတ္တိ တွေမွေးဖွားပေးခဲ့တဲ့ ဘဘ

ကျနော်တို့လူငယ်တွေ အာဏာရှင်အစိုးရ ကို ချမယ်ဆိုရင် ဘယ်သူတွေ ဘယ် လောက်တားတား ချသာချဆိုတဲ့ အင်အားတွေပေးခဲ့တဲ့ ဘဘ

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကွယ်လွန်ရှာပြီ

RangonNewsDaily: April . 21 .2014
NLD ပါတီကို စတင်ထူထောင်ခဲ့သူတစ်ဦးဖြစ်သော သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်သည် ယနေ့နံနက် ၆ နာရီခွဲက ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်းသတင်းရရှိသည်။

DVB သတင်းထောက် ထောင်ဒဏ် ချခံရခြင်းအတွက် မော်လမြိုင်တွင် သတင်းသမားများ ဆန္ဒဖော်ထုတ်မည်

RangonNewsDaily: April . 21 .2014
ရန်ကုန်၊ မဇ္ဈိမ။ ။ DVB (Democratic Voice of Burma) သတင်းထောက်ကို ဇော်ဖေ (သူရသက်တင်)ကို မကွေးတိုင်း တရားရုံးက ထောင်ဒဏ် တစ်နှစ်ချမှတ်လိုက်ခြင်းအတွက် မော်လမြိုင်မြို့တွင် သတင်း သမားများက ဆန္ဒပြကန့်ကွက်သွားမည် ဟု မော်လမြိုင် သတင်းစာဆရာများ အသင်း (MJA) ဥက္ကဋ္ဌ ဦးသိန်းလှိုင်က ဧပြီ ၂၀ရက်တွင် မဇ္ဈိမကို ပြောသည်။DVB သတင်းထောက် ကိုဇော်ဖေပြန်လည်လွှတ်မြောက်ရေး၊ လွတ်လပ်စွာသတင်းရယူခွင့်ရရှိရေးတို့အတွက် ဧပြီ ၂၅ရက် နံနက် ၈ နာရီခွဲတွင် အင်အား ၁၀၀ခန့်ဖြင့် ဆန္ဒဖော်ထုတ်သွားမည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ 

တောင်ကိုရီးယားသင်္ဘောမှောက်မှု သေဆုံးသူ ၅၆ ဦး အတည်ပြု

နစ်မြုပ်သွားတဲ့ တောင်ကိုရီးယား Sewol သင်္ဘောမှာ ပါသွားသူတွေရဲ့ ဆွေမျိုးမိသားစုဝင်တွေ ကယ်ဆယ်ရေးလုပ်ငန်းစဉ်ရလဒ်ကို စောင့်ဆိုင်းနေကြစဉ်။
RangonNewsDaily: April . 21 .2014
နစ်မြုပ်နေတဲ့ Sewol တောင်ကိုရီးယားကတို့သင်္ဘောထဲကို ရေငုပ်သမားတွေ ဝင်ရောက်ပြီး အလောင်းတချို့ကို ဆွဲထုတ်နိုင်ခဲ့ပါတယ်။ အခုအချိန်ထိ အတည်ပြုနိုင်သလောက် သေဆုံးသူ ၅၆ ယောက်ရှိသွားပြီး ၂၄၆ ယောက်ကတော့ သေသလား ရှင်သလား မသိရသေးပါဘူး။

စတုဒီသာ သင်္ကြန်ထမင်းကနေ ၀မ်းပျက်ဝမ်းလျှောဖြစ်ပြီး လူ ၂၅၀ ၀န်းကျင် အစာအဆိပ်သင့်

RangonNewsDaily: April . 21 .2014
စတုဒီသာ သင်္ကြန်ထမင်းကနေ ၀မ်းပျက်ဝမ်းလျှောဖြစ်ပြီး လူ ၂၅၀ ၀န်းကျင် အစာအဆိပ်သင့်ကာ မြ၀တီဆေးရုံကို ရောက်ရှိကုသမှု ခံယူနေပါတယ်။ ကရင်ပြည်နယ် မြ၀တီမြို့နယ်အပိုင် ပေါလောကျေးရွာမှာ ပြုလုပ်နေကျ သဲပုံစေတီပွဲကို ဧပြီ ၁၉ ရက်နေ့က ပြုလုပ်ရာမှာ စတုဒီသာ သင်္ကြန်ထမင်းမှာ ပါတဲ့ပဲကနေ စတင်ပြီး ၀မ်းပျက်ဝမ်းလျှော ဖြစ်တာလို့ သိရပါတယ်။ 

မန်းဝန်ကြီးချုပ်နေအိမ် မီးလောင်မှုနှုတ်ဆိတ်နေသော်လည်း ဈေးချိုဟိုတယ်မီး လောင်မှု နာရီပိုင်း အတွင်း သတင်းထုတ်ပြန်


RangonNewsDaily: April . 21 .2014
မန္တလေး၊ မဇ္ဈိမ။ ။ မန္တလေးမြို့ ၂၄ လမ်းပေါ်၊ ၆၅ လမ်းထောင့်ရှိ တိုင်းဒေသကြီး လွှတ်တော်ဝင်း အတွင်းရှိ ဝန်ကြီးချုပ် ဦးရဲမြင့်နေအိမ် ဧပြီလ ၁၉ ရက်၊ ည ၈ နာရီ ၃၀ ခန့် မီးလောင်ကျွမ်းမှုအပေါ် မည်သည့်ဌာန ဆိုင်ရာကမျှ သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း ဧပြီ ၂၀ရက် နံနက်က ဈေးချို ဟိုတယ် မီးလောင်မှုကိုမူ တိုင်းမီးသတ်ဦးစီးဌာနက နာရီပိုင်းအတွင်း သတင်းထုတ်ပြန်ခဲ့သည်။

ကမ္ဘာတဝန်း ခရစ်တော်ရှင်ပြန် ထမြောက်တော်မူနေ့ ဆင်နွှဲ


RangonNewsDaily: April . 21 .2014
ခရစ်ယာန် ဘာသာဝင်တွေအတွက် ဘာသာရေးအရ အထွဋ်အမြတ်ဆုံးနေ့ဖြစ်တဲ့ ယေရှုခရစ်တော် ရှင်ပြန်ထမြောက်တဲ့ Easter နေ့ကို ကမ္ဘာ တဝန်းက ခရစ်ယာန်တွေ ဆင်နွဲနေကြပါတယ်။ Vatican က Saint Peter's ရင်ပြင်မှာ ဒီကနေ့ ကျင်းပတဲ့ Easter ဝတ်ပြုဆုတောင်းပွဲကို ပုပ်ရဟန်းမင်းကြီး Francis က ဦးဆောင် ကျင်းပခဲ့ပါတယ်။

အဲဗာတန်ကို ရှုံးနိမ့်ခဲ့သောကြောင့် ချန်ပီယံလိဂ် မျှော်လင့်ချက် အဆုံးသတ်ခဲ့ရသည့် မန်ချက်စတာယူနိုက်တက်


RangonNewsDaily: April . 20 .2014
ပရီးမီးယားလိဂ် ပွဲစဉ် (၃၅) အဲဗာတန်နှင့် မန်ချက်စတာယူနိုက်တက် ပွဲစဉ်တွင် အိမ်ရှင်အသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

အလ္လာဟုအက်ဘရ် ဟူသော်အသံဟာ ကမ္ဘာလုံးကြီးထဲမှတွင် ၂၄ နာရီအပြည့် ပဲ့တင်လျှင်ရှိ


RangonNewsDaily: April . 20 .2014
အလ္လားဟုအက်ဗရ် ဟူသောအသံသည် လောကတွင် နေ့ ရောညပါ အချိန်တိုင်း ပဲ့တင်လျှင်ရှိပေသည် ။ လောက၏နေရာ တစ်ခုခုတွင် အချိန်တိုင်းတွင် ထောင်ပေါင်းများစွာသော မုအဇ်ဇင်န်များသည် အလ္လာဟ်အသျှင်တပါးတည်းရှိကြောင်း နှင့် တမန်တော်မြတ်(ဆွ)သည် ရစူလ်စေတမန်တော်ဖြစ်ကြောင်းကိုကြေညာလျှက်ရှိပေသည် ။ (စွဗ်ဟာနလ္လာဟ် )