Pages

Pages - Menu

Monday, April 21, 2014

ဒဏ်ရာနှင့် ပွဲစဉ်အနေအထားများက အာဆင်နယ်၏ ချန်ပီယံမျှော်လင့်ချက်ကို ထိခိုက်စေခဲ့ဟု ဝင်းဂါးသုံးသပ်


RangonNewsDaily: April . 21 .2014
ယခုရာသီ အာဆင်နယ် အသင်း၏ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရော ကြိုးပမ်းမှုကို ထိခိုက် ပျက်စီးစေသည့် အဓိက အကြောင်းရင်း
များမှာ ဒဏ်ရာပြဿနာများနှင့် ပွဲစဉ်အနေအထားများဟု အသင်းမန်နေဂျာ အာစင်ဝင်းဂါးက ဝေဖန်ပြောကြားလိုက်သည်။
အာဆင်နယ်သည် ရာသီအစပိုင်းနှင့် အလယ်ပိုင်းတို့တွင် ချန်ပီယံဆုအတွက် အမှတ်ပေးဇယားကို ဦးဆောင်ဖြတ်သန်းခဲ့သော်လည်း ယခုအခါ လီဗာပူးလ်နှင့် မန်ချက်စတာစီးတီးတို့၏ အားပြိုင်မှုကိုသာ စောင့်ကြည့်နေရသည့် အခြေအနေ ဖြစ်လာသည်။ ထို့အပြင် ချန်ပီယံလိဂ် ဝင်ခွင့်နေရာအတွက်လည်း

အဲဗာတန်နှင့် အကြိတ်အနယ် ယှဉ်ပြိုင်နေရသည်။ ပြင်သစ်သား မန်နေဂျာကြီးက မီဆွတ်အိုဇေးလ်နှင့် အေရွန်ရမ်ဆေးတို့ကဲ့သို့ အဓိက ကစားသမားများ ကာလရှည်ကြာ ဒဏ်ရာရခဲ့ခြင်းက အသင်း၏ တက်လှမ်းမှုများကို အမှောင်ဖုံးစေခဲ့ကြောင်း ဆိုသည်။

“အမှတ်ပေးဇယား အနေအထားက အရမ်းကို ကျဉ်းမြောင်းကျပ်တည်းနေတယ်လေ။ လီဗာပူးလ်က ဒုတိယ ရာသီဝက်မှာ အရမ်း

ကောင်းအောင် ကစားလာနိုင်တယ်။ သူတို့ဆီက တစ်ခုခု ရယူဖို့ ဘာမှ မဖြစ်နိုင်သလို ပုံစံမျိုးပဲ။ ပရီးမီးယားလိဂ်ကိုပဲ သူတို့ ဇောက်ချ အာရုံစိုက်လာနိုင်တာက တစ်ကြောင်းပေါ့။ ကျွန်တော်တို့ အသင်းကို ကြည့်ရင်တော့ ဒဏ်ရာကြောင့် လက်လွှတ်ထားရတဲ့ ကစား
သမား စာရင်းကို မြင်နိုင်ပါလိမ့်မယ်။ ပြီးတော့ ပွဲစဉ်ရေးဆွဲမှု အခြေအနေတွေပေါ့။ လီဗာပူးလ်ထက် ကျွန်တော်တို့ ပိုပြီး အကျပ်ရိုက်
ခဲ့ရပါတယ်”ဟု ဝင်းဂါးက Sky Sportsသို့ ပြောဆိုသွားသည်။

၎င်းက KCကွင်းတွင် ဟူးလ်စီးတီးကို အနိုင်ကစားခဲ့သည့် အာဆင်နယ် တိုက်စစ်ကိုလည်း ချီးကျူးခဲ့သည်။ “ကျွန်တော်တို့ဟာ ခြိမ်းခြောက်နိုင်စွမ်း အပြည့်နဲ့ ဂိုးတွေသွင်းနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်တချို့မှာ အသင်းတိုက်စစ်ဟာ အစွယ်မရှိသလို ဖြစ်ခဲ့ပေမယ့် ခုတော့ ပွဲကို ညီညွတ်မှုအပြည့်နဲ့ စုစည်းကစားနိုင်ခဲ့တယ်။ 


ကျွန်တော်တို့ ဂိုးတွေသွင်းနိုင်ခဲ့တယ်။ ကျွန်တော်တို့ (၃)ဂိုးပြတ်နိုင်ပြီး အဝေးကွင်းမှာ Clean Sheetလည်း ရခဲ့တယ်။ တစ်ပွဲလုံး ခြုံကြည့်ရင် စွမ်းဆောင်ရည်ပိုင်း သိပ်ကောင်းတယ် ထင်ပါတယ်”ဟုလည်း ဝင်းဂါးက မှတ်ချက်ပြုသွားသည်။

Ref: Goal , Soccer Myanmar ,
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment