Pages
▼
Pages - Menu
▼
Friday, February 21, 2014
လာဘ်ပေးလာဘ်ယူ ပပျောက်ရေးကော်မရှင် ဖွဲ့စည်းဖို့ လွှတ်တော်သဘောတူ
Photo: လာဘ်ပေးလာဘ်ယူ ပပျောက်ရေးကော်မရှင် ဖွဲ့စည်းဖို့ လွှတ်တော်သဘောတူ
RangonNewsDaily: February . 21 .2014လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် ဖွဲ့စည်းဖို့အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကော်မရှင် ဥက္ကဌနဲ့ အတွင်းရေးမှူးကို အဆိုပြုလိုက်ပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောထားကို ဒီနေ့ တင်ပြတောင်းခံလိုက်ပါတယ်။
လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင် ဥက္ကဌအဖြစ် ဦးမြ၀င်း (စစ်မှုထမ်း အငြိမ်းစား) နဲ့ အတွင်းရေးမှူးအဖြစ် ဦးတင်ဦး (သံအမတ်ကြီး အငြိမ်းစား) တို့ကို လျာထားကြောင်း သိရပါတယ်။
ဓားကိုင်ပြီး အလှူခံနေသည့် သင်္ကန်း ၀တ်ထားသူကို လူဝတ်လဲပြီး အမှုဖွင့်
RangonNewsDaily: February . 21 .2014
သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရားပွဲတော်တွင် ဓားကိုင်ပြီး အလှူခံနေသည့် သင်္ကန်းဝတ်ထားသူတစ်ဦး ကို သံဃနာယကအဖွဲ့က လူဝတ်လဲပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်တွင် မြို့နယ်ရဲစခန်းက အမှုဖွင့်အရေး ယူလိုက်သည်။
ဖေဖော်ဝါရီ ၁၉ ရက် ည ၁၀ နာရီခွဲတွင် သတင်းအရ ဘုရားပွဲ လုံခြုံရေးဆောင်ရွက်နေသည့် သင်္ဃန်းကျွန်း ရဲစခန်းမှ ရဲတပ်အဖွဲ့က သွားရောက်စစ်ဆေးရာ ဓားကိုင်အလှူခံနေသူသည် ရန်ကင်းမြို့နယ် (၁၂) ရပ် ကွက်၊ မဟာစန္ဒာသူရိယကျောင်းမှ ဦးပညာသီဟ (ခ) အောင်သန်း (၄၂)နှစ် သုံးဝါရှိသူဖြစ်ပြီး ၎င်းင်းတွင် သာသနာဝင်ကတ် မရှိပေ။

ပြဿနာဖြစ်လာသည့်အခါ အထက်မှ ရပ်တည်ပေးမှုမရှိ၊ အနိုင်ကျင့် ရိုက်နှက်ခံခဲ့ရသော ယာဉ်ထိန်းတပ်ကြပ်ကြီး
ဗီဒီယိုသရုပ်ဆောင် နေသူရိန်၊ အမည်ရင်း စနေထွန်း (၇၇) ဗီဒီယို ထုတ်လုပ်ရေး မိသားစု၏ ဖေဖော်ဝါရီလ (၉)ရက်နေ့ နံနက် (၁၁း၃၀) အချိန်ခန့်နှင့် ဖေဖော်ဝါရီလ (၁၀) ရက်နေ့ ညနေ (၆း၃၀) အချိန်တို့တွင် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်း၊ မီးပွိုင့်တွင် တာဝန် ထမ်းဆောင်နေသော ယာဉ်ထိန်းရဲတစ်ဦးအား အုပ်စုဖြင့် ၀ိုင်းဝန်းအနိုင်ကျင့် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုများကြောင့်
“အနုပညာဆိုတာ လုပ်ယူလို့မရဘူး” ဆိုတဲ့ ကျော်ကျော်ဗို
ဝေဇယန္တာ ဈေးဝယ်စင်တာ အပေါ်ထပ်တွင် ရုပ်ရှင်လောကသား တဖွဲ့ Unlimited ဆိုသည့် ဇာတ်ကားတကား ရိုက်နေကြသည်။ မင်းသမီး အေးမြတ်သူ အပါအဝင် ဇာတ်ပို့ဇာတ်ရံများကိုလည်း တွေ့ရသည်။အင်္ကျီဘောင်းဘီ အမည်းရောင်၊ လက်အိတ် အမည်းရောင်နှင့် Punk ဂီတ ရူးသွပ်သူတဦးစတိုင် ဝတ်ဆင် ထားသူ မင်းသားတဦးက ထိုကားတွင် အဓိက ဇာတ်ကောင်တဦးအဖြစ် သရုပ်ဆောင် နေသည်ကို တွေ့ရသည်။
ထိုင်းရှိ ၄ နှစ်ဗီဇာ သက်တမ်းကုန် မြန်မာ အလုပ်သမားများ မိခင်နိုင်ငံ ပြန်ရမည်
ထိုင်းရောက် မြန်မာလုပ်သားများ လုပ်ငန်းခွင် ၀င်ရောက်နေသည့် မြင်ကွင်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ) |
ထိုင်းနိုင်ငံတွင် ၄ နှစ်ဗီဇာ သက်တမ်း ကုန်ဆုံးမည့် မြန်မာ အလုပ်သမားများသည် နှစ်နိုင်ငံ သဘောတူညီမှု စာချွန်လွှာ (MOU) အရ မိခင်နိုင်ငံသို့ ပြန်ရမည် ဖြစ်သည်ဟု ထိုင်း အလုပ်သမား ၀န်ကြီးဌာနက ပြောသည်။
သားဖြစ်သူနှင့်အတူ တစ်သင်းတည်း တွဲဖက်ကစားခဲ့သည့် ရီဗယ်လ်ဒို
ဘရာဇီးလ် ဂန္ထဝင် ဘောလုံးသမားဟောင်းကြီး ရီဗယ်လ်ဒို အနေဖြင့် ကစားသမား ဘဝတွင် ထူးခြားသော ဖြတ်သန်းမှု မှတ်တိုင်တစ်ခုကို စိုက်ထူလိုက်နိုင်ကြောင်း သိရသည်။ အသက်(၄၁)နှစ် ရှိနေပြီဖြစ်သော ရီဗယ်လ်ဒိုသည် မိုဂီမီရင်မ် အသင်းတွင် သားဖြစ်သူနှင့်အတူ တွဲဖက်၍ ကစားနိုင်ခဲ့ကြောင်း သိရသည်။
ချစ်သူဟောင်းနဲ့ အရက်မူးပြီး အိပ်မိလို့ ရုရှားသူလေး သေကြောင်းကြံ
အသက် ၂၈ နှစ်ပဲ ရှိသေးတဲ့ ရုရှားမလေး Alina Bogdanova ဟာ ချစ်သူဟောင်းနဲ့ အရက်မူးပြီးတော့ တစ်ညတာ ကုန်ဆုံးစေခဲ့မှု
အတွက် မိမိကိုယ်ကို သေကြောင်း ကြံစည်ခဲ့ကြောင်း သိရ ပါတယ်။
ခိုးယူ ပေါင်းသင်းစဉ်က ရိုက်ကူးခဲ့သော ဓာတ်ပုံများ အင်တာနက်တွင် ဖော်ပြသည့် လူငယ်ကို အမှုဖွင့်
RangonNewsDaily: February . 21 .2014
အသက် ၁၇ နှစ် အရွယ်ရှိ ဒုတိယနှစ် ကောလိပ်ကျောင်းသူကို ခိုးယူ ပေါင်းသင်းခဲ့စဉ်က ရိုက်ကူးခဲ့သော ညစ်ညမ်းဓာတ်ပုံများ အင်တာနက်တွင် ဖော်ပြခဲ့သည်ဟု ဆိုကာ ယု အသက် ၁၉ နှစ် အရွယ် လူငယ်ကို ကောလိပ်ကျောင်းသူ၏ အုပ်ထိန်းသူများက တာမွေမြို့မ ရဲစခန်းတွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က အမှုဖွင့် တိုင်ကြားထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

ဧရာဝတီမြစ်ဆုံဆည်တည်ဆောက်ရေးအပီးရပ်တန့်စေရန် မေခ-မလိခမြစ်ဆုံထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်မည်
ဧရာဝတီမြစ်ဆုံဆည်တည်ဆောက်ရေးအပီးရပ်ဆိုင်းစေရန်အတွက် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်၏ အဖွဲ့ဝင်များနှင့် ဖွဲ့စည်းထားသော နိုင်ငံရေးအကျဉ်းသားဟောင်းများ အင်အားစုကော်မတီနှင့် ဧရာဝတီချစ်သူတိုင်းရင်းသားပြည်သူများ ပူးပေါင်းပြီး ရန်ကုန်မြို့မှ မေခ-မလိခ မြစ်ဆုံအထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ကြမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအင်
အားစု ကော်မတီမှ ကိုရဲထွဋ်ခေါင်ကပြောသည်။
ထိုင်းလယ်သမား ၁ဝဝဝ ခန့် ဗန်ကောက်မြို့သို့ ဆန္ဒပြရန် ဦးတည် ချီတက်လျက်ရှိ
ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်း ပြည်နယ်များမှ လယ်သမား ၁ဝဝဝ ခန့်သည် အစိုးရမှ ၎င်းတို့ကို စပါးအာမခံကြေးပေးရေး အတွက် ယာယီဝန်ကြီးချုပ် ရင်လပ်အား ဖိအားပေးရန် ဆင်းဘူရီ ပြည်နယ်မှ ဗန်ကောက်မြို့သို့ ဦးတည်ချီတက်လျက် ရှိကြောင်း သိရသည်။
ရှုခင်းသာအားကစားကွင်းအနီး ယာဉ်မတော်တဆဖြစ်ပွား
RangonNewsDaily: February . 21 .2014
ယနေ့ ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ် ၂ နာရီခွဲခန့်က ယမုံနာလမ်းမကြီး၊ ရှုခင်းသာအားကစားကွင်းအနီး သံလျင်ဖက်အခြမ်းမှ
လာသော ကုန်တင်ယဉ်တစ်စီးသည် မတော်တဆတိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်း အနည်းငယ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဘိုင်ယန်ကို အနိုင်ကစားမည့် စိတ်မျိုးဖြင့် ဂျာမနီသို့ သွားရောက်မည်ဟု ချိန်ဘာလိန်ကတိပြု
မိမိတို့ အနေဖြင့် ဘိုင်ယန်မြူးနစ်ကို အနိုင်ကစားမည်ဆိုသော စိတ်ဓာတ်ဖြင့် ဂျာမနီသို့ သွားရောက်မည်ဖြစ်ကြောင်း အာဆင်နယ် တောင်ပံကစားသမားလေး အဲလက်စ်အော့စ်လိဒ် ချိန်ဘာလိန်က ပြောကြားလိုက်သည်။
အော်ရီဒူးကုမ္ပဏီမှဖုန်းဆင်းမ်ကတ်များကိုယခုနှစ်လယ်တွင် စတင်ရောင်း ချမည်
RangonNewsDaily: February . 21 .2014
ယခင်နှစ်အတွင်းဆက်သွယ်ရေးအော်ပရေတာလုပ်ငန်းလုပ်ကိုင်ခွင့်တင်ဒါအောင်မြင်ခဲ့သောအော်ရီဒူြး မန်မာကုမ္ပဏီမှမိုဘိုင်းလ်ဖုန်း
ဆင်းမ် ကတ်များကို ယခုနှစ်နှစ်လယ်တွင်စတင်ဖြန့်ဖြူးရောင်းချသွားမည်ဖြစ် ကြောင်းသိရသည်။မိုဘိုင်းလ်ဖုန်းဆင်းမ်ကတ်များ
ကိုငွေကျပ်၁၅ဝဝထက်မပိုသော ဈေးနှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ပြီးစတင်ရောင်းချချိန်တွင် ပြည်သူများလုံလောက်စွာရရှိနိုင်
သည်အ ထိရောင်းချပေးသွားမည်ဖြစ် ကြောင်း အော်ရီဒူးမြန်မာ၏အမှုဆောင်အရာရှိ ချုပ်ကပြောသည်။
ယခင်နှစ်အတွင်းဆက်သွယ်ရေးအော်ပရေတာလုပ်ငန်းလုပ်ကိုင်ခွင့်တင်ဒါအောင်မြင်ခဲ့သောအော်ရီဒူြး
ဆင်းမ် ကတ်များကို ယခုနှစ်နှစ်လယ်တွင်စတင်ဖြန့်ဖြူ
က
သည်အ
တောင်ငူမြို့မဈေး မီးလောင်၍ မိုင်ဒါကွင်းအတွင်း ယာယီဈေးနေရာ ချထားပေးခြင်းကို ဘော်လီဘော ကော်မတီ ကန့်ကွက်
RangonNewsDaily: February . 21 .2014
တောင်ငူမြို့မဈေးကြီး မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သည့် ဈေးသူ ဈေးသားများ၏ တောင်းဆိုချက်အရ တိုင်းဒေသကြီး အစိုးရအဖွဲ့က အမှတ် ၁၈ ရပ်ကွက် ရန်ကုန်-မန္တလေးကားလမ်း ဟောင်းဘေးရှိ မိုင်ဒါကွင်း အတွင်း၌ ယာယီဈေး ချထားပေးမှုကို လက်ခံနိုင်ခြင်း မရှိကြောင်း တောင်ငူမြို့ ဘော်လီဘော ဆပ်ကော်မတီဝင်များက ပြောကြားသည်။တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်းက မီးဘေးသင့် ဈေးသူဈေးသားများနှင့် ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၈ နာရီအချိန် တွေ့ဆုံစဉ် မြို့မိမြို့ဖများနှင့် ဈေးသူဈေးသားများ ၏ တောင်းဆိုချက်အတိုင်း ယာယီဈေးမြေနေရာကို အမှတ် ၁၈ ရပ်ကွက် ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်ဒါကွင်းအတွင်း ဈေးဆိုင်ခန်းပေါင်း ၁၁၀၀ ကျော် အခမဲ့ ပြန်လည် ဆောက်လုပ် ပေးသွား မည် ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းနှင့် ပတ်သက်၍ ယင်းသို့ ကန့်ကွက်ခြင်း ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

ကမ္ဘာလှည့် ခရီးသည်တင် အ ပျော် စီး သင်္ဘောကြီး ရန်ကုန်ရောက်ရှိ
RangonNewsDaily: February . 21 .2014
အမေရိကန်နိုင်ငံ အခြေစိုက် Silversea Cruises မှ ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီး သင်္ဘောကြီး M.V SILVER SHADOW သည် ယနေ့နံနက် ၆နာရီ ခန့်တွင် ဒုတိယ အကြိမ်အဖြစ် မြန်မာ အပြည်ပြည် ဆိုင်ရာ သီလဝါ ဆိပ်ကမ်းသို့ ရောက်ရှိ လာကြောင်း သိရသည်။ အဆိုပါ ကမ္ဘာလှည့် ခရီးသည်တင် သင်္ဘောကြီးသည် ထိုင်းနိုင်ငံ ဖူးခက် ဆိပ်ကမ်းမြို့မှ တစ်ဆင့် ဆိုက်ရောက် လာခြင်းဖြစ်ပြီး သင်္ဘောပေါ်တွင် ခရီးသည် ၃၂၆ဦးခန့်နှင့် သင်္ဘော ဝန်ထမ်း ၂၉ဝခန့် လိုက်ပါ လာကြသည်။

ထိုင်းဘုရင့် ရေတပ်မှ စစ်ရေယာဉ် သုံးစင်း ရန်ကုန်မြို့သို့ရောက်ရှိ
RangonNewsDaily: February . 21 .2014
ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ် သုံးစင်း HTMS KRABURI, HTMS SAIBURI, HTMS NARATHIWAT သည် မြန်မာ နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ယနေ့ နံနက် ၈နာရီ ၄၅မိနစ်တွင် ရန်ကုန်မြို့ သန်လျင် သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာရာ ရေတပ် လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဌေးနိုင်နှင့် တပ်မတော် (ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များက နွေးထွေးစွာ ကြိုဆို နှုတ်ဆက် ကြသည်။

JACA ချေးငွေ မြဝတီ- ဘုရားသုံးဆူ ကားလမ်းသစ် ဖောက်မည်
RangonNewsDaily: February . 21 .2014
ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JACA) ၏ ချေးငွေ ကျပ်သန်း ၉၀၀၀ ကျော် အသုံးပြု၍ မြဝတီ- ဘုရားသုံးဆူ ထွက်ပေါက်သစ် တစ်ခုဖြစ်သည့် တရနာ- ကျွန်းရွာ ကားလမ်းသစ်ကို ဧပြီလကုန်ပိုင်းတွင် ဖောက်မည်ဖြစ်ကြောင်း မွန်ပြည်နယ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာ ခင်မောင်သွင်က ပြောကြားသည်။

ထိုင်း- မြန်မာနယ်စပ် နေရာသုံးခုတွင် ပတ်စပို့ရုံး ပြန်ဖွင့်မည်
RangonNewsDaily: February . 21 .2014
ပတ်စပို့သက်တမ်းတိုးဖို့ အခက်ကြုံနေတဲ့ ထိုင်းနိုင်ငံက မြန်မာအလုပ်သမားတွေအတွက် နယ်စပ်နေရာ သုံးခုဖြစ်တဲ့ တာချီလိတ်၊ မြ၀တီ နဲ့ ကော့သောင်းမြို့တွေမှာ ပတ်စပို့ရုံးဖွင့်ပေးဖို့ ညွှန်ကြားချက်ကျနေပြီး ရုံးဖွင့်မယ့်ရက်ကိုတော့ မသတ်မှတ်ရသေးဘူးလို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန အရာရှိတဦးက ပြောပါတယ်။

ကွဲကွာနေတဲ့တောင် နဲ့ မြောက် ကိုရီးယား မိသားစုတွေ တွေ့ဆုံ
နှစ်ပေါင်းခြောက်ဆယ်အကြာမှ ပြန်ဆုံတဲ့ ညီအစ်ကိုနှစ်ဦး
RangonNewsDaily: February . 21 .2014ကိုရီးယားစစ်ပွဲကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ က ကွဲကွာခဲ့ကြတဲ့ အသက်အရွယ်ကြီးရင့်ပြီဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံသားတချို့ နဲ့ မြောက်ကိုရီးယားမှာ ရှိနေတဲ့ သူတို့ရဲ့ မိသားစုဝင်တွေ ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့ ပြန်လည် တွေ့ဆုံခွင့် ရခဲ့ပါတယ်။