Pages

Pages - Menu

Friday, February 21, 2014

သားဖြစ်သူနှင့်အတူ တစ်သင်းတည်း တွဲဖက်ကစားခဲ့သည့် ရီဗယ်လ်ဒို

Photo: သားဖြစ်သူနှင့်အတူ တစ်သင်းတည်း တွဲဖက်ကစားခဲ့သည့် ရီဗယ်လ်ဒို

ဖေဖေါ်ဝါရီ ၂၁ ရက် ၂၀၁၄ ခုနှစ်

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင်ဟောင်း ရီဗယ်လ်ဒိုသည် XVပီရာဆီကာဘာ အသင်းနှင့် (၁)ဂိုးစီ သရေကျသော ပွဲစဉ်တွင် အရန်ခုံမှ ထလာကာ လူစားဝင် ကစားခဲ့သည်

ဘရာဇီးလ် ဂန္ထဝင် ဘောလုံးသမားဟောင်းကြီး ရီဗယ်လ်ဒို အနေဖြင့် ကစားသမား ဘဝတွင် ထူးခြားသော ဖြတ်သန်းမှု မှတ်တိုင်တစ်ခုကို စိုက်ထူလိုက်နိုင်ကြောင်း သိရသည်။ အသက်(၄၁)နှစ် ရှိနေပြီဖြစ်သော ရီဗယ်လ်ဒိုသည် မိုဂီမီရင်မ် အသင်းတွင် သားဖြစ်သူနှင့်အတူ တွဲဖက်၍ ကစားနိုင်ခဲ့ကြောင်း သိရသည်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင်ဟောင်း ရီဗယ်လ်ဒိုသည် XVပီရာဆီကာဘာ အသင်းနှင့် (၁)ဂိုးစီ သရေကျသော ပွဲစဉ်တွင် အရန်ခုံမှ ထလာကာ လူစားဝင် ကစားခဲ့သည်။ ဆော်ပေါ်လိုပြည်နယ် လိဂ်ပွဲစဉ် တစ်ခုအဖြစ် အက်စ်တာဒီယို ရိုမီလ်ဒိုဖာရာရီရာ ကွင်းကြီးတွင် ကစားခဲ့သော အဆိုပါ ပွဲစဉ်၌ ရီဗယ်လ်ဒို၏ သားဖြစ်သူ ရီဗယ်လ်ဒင်ဟိုမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်နေခဲ့သည်။

အသက်(၁၈)နှစ်ရှိ ရီဗယ်လ်ဒင်ဟိုသည် ဖခင်၏ ခြေရာကို နင်းနိုင်မည့် လူငယ်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။ ဖအေနှင့်သား ဘောလုံးအသင်း တစ်ခုတွင် နည်းပြနှင့် ကစားသမားအဖြစ် ပူးပေါင်းဆောင်ရွက်ခြင်းမျိုးမှာ ဖြစ်လေ့ဖြစ်ထ ရှိသော်လည်း တစ်သင်းတည်း အတူကစားခြင်းမှာမူ အလွန်ရှားပါးသော အခြေအနေမျိုးဟု ယူဆနိုင်သည်။ ရီဗယ်လ်ဒိုသည် ဘာစီလိုနာတွင် အအောင်မြင်ဆုံး ဘောလုံးသမား ဘဝကို ပိုင်ဆိုင်ခဲ့ပြီး (၁၉၉၉)ခုနှစ်တွင် ဘာစီလိုနာနှင့်အတူ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ဆွတ်ခူးခဲ့သလို (၂၀၀၂)ခုနှစ်တွင်လည်း ဘရာဇီးလ် အသင်းအတွက် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။ ၎င်းသည် ဘာစီလိုနာတွင် (၅)နှစ် ကစားခဲ့သည့် အတောအတွင်း ဥရောပစူပါဖလား၊ လာလီဂါချန်ပီယံဆု(၂)ကြိမ်နှင့် ကိုပါဒယ်လ်ရေး ဆုဖလားများကိုလည်း ရယူသိမ်းပိုက်နိုင်ခဲ့သည်။

Planet Myanmar Network

RangonNewsDaily: February . 21 .2014
ဘရာဇီးလ် ဂန္ထဝင် ဘောလုံးသမားဟောင်းကြီး ရီဗယ်လ်ဒို အနေဖြင့် ကစားသမား ဘဝတွင် ထူးခြားသော ဖြတ်သန်းမှု မှတ်တိုင်တစ်ခုကို စိုက်ထူလိုက်နိုင်ကြောင်း သိရသည်။ အသက်(၄၁)နှစ် ရှိနေပြီဖြစ်သော ရီဗယ်လ်ဒိုသည် မိုဂီမီရင်မ် အသင်းတွင် သားဖြစ်သူနှင့်အတူ တွဲဖက်၍ ကစားနိုင်ခဲ့ကြောင်း သိရသည်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုရှင်ဟောင်း ရီဗယ်လ်ဒိုသည် XVပီရာဆီကာဘာ အသင်းနှင့် (၁)ဂိုးစီ သရေကျသော ပွဲစဉ်တွင် အရန်ခုံမှ ထလာကာ လူစားဝင် ကစားခဲ့သည်။ ဆော်ပေါ်လိုပြည်နယ် လိဂ်ပွဲစဉ် တစ်ခုအဖြစ် အက်စ်တာဒီယို ရိုမီလ်ဒိုဖာရာရီရာ ကွင်းကြီးတွင် ကစားခဲ့သော အဆိုပါ ပွဲစဉ်၌ ရီဗယ်လ်ဒို၏ သားဖြစ်သူ ရီဗယ်လ်ဒင်ဟိုမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်နေခဲ့သည်။

အသက်(၁၈)နှစ်ရှိ ရီဗယ်လ်ဒင်ဟိုသည် ဖခင်၏ ခြေရာကို နင်းနိုင်မည့် လူငယ်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။ ဖအေနှင့်သား ဘောလုံးအသင်း တစ်ခုတွင် နည်းပြနှင့် ကစားသမားအဖြစ် ပူးပေါင်းဆောင်ရွက်ခြင်းမျိုးမှာ ဖြစ်လေ့ဖြစ်ထ ရှိသော်လည်း တစ်သင်းတည်း အတူကစားခြင်းမှာမူ အလွန်ရှားပါးသော အခြေအနေမျိုးဟု ယူဆနိုင်သည်။ 

ရီဗယ်လ်ဒိုသည် ဘာစီလိုနာတွင် အအောင်မြင်ဆုံး ဘောလုံးသမား ဘဝကို ပိုင်ဆိုင်ခဲ့ပြီး (၁၉၉၉)ခုနှစ်တွင် ဘာစီလိုနာနှင့်အတူ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ဆွတ်ခူးခဲ့သလို (၂၀၀၂)ခုနှစ်တွင်လည်း ဘရာဇီးလ် အသင်းအတွက် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။ 

၎င်းသည် ဘာစီလိုနာတွင် (၅)နှစ် ကစားခဲ့သည့် အတောအတွင်း ဥရောပစူပါဖလား၊ လာလီဂါချန်ပီယံဆု(၂)ကြိမ်နှင့် ကိုပါဒယ်လ်ရေး ဆုဖလားများကိုလည်း ရယူသိမ်းပိုက်နိုင်ခဲ့သည်။

Planet Myanmar Network , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment