Pages
▼
Pages - Menu
▼
Thursday, February 13, 2014
အူရီဒူးမြန်မာနှင့် သက်ဆိုင်သည့် အချက်အလက်များလေ့လာနိုင်ရန် ၀က်ဘ်ဆိုဒ်လွှင့်တင်
RangonNewsDaily: February . 13 .2014
မြန်မာနိုင်ငံတွင် မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုေ ပးမည့် အော်ပရေတာတစ်ခုဖြစ်သော အူရီဒူးမြန်မာ ကုမ္ပဏီက ၎င်းတို့နှင့်သက်ဆိုင်သော အချက်အလက်များလေ့လာနိုင်ရန်အတွက် ၀က်ဘ်ဆိုဒ်လွှင့်တင် လိုက်ပြီဖြစ်သည်ဟု ကုမ္ပဏီက ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန်သည်။အဆိုပါ ၀က်ဘ်ဆိုဒ်တွင် အူရီဒူးမြန်မာ၏ အချက်အလက်များ၊ ကုမ္ပဏီကခန့်ထားမည့် အလုပ်အကိုင် အခွင့်အလမ်းများ၊ သတင်းနှင့် လူမှုရေးကဏ္ဍများပါဝင်မည်ဖြစ်ပြီး အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ၀င် ရောက်ဖတ်ရှုနိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုေ
ဒုတိယဝန်ကြီး ပြောင်းလဲတာဝန်ပေးခြင်း
RangonNewsDaily: February . 13 .2014
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၅ / ၂၀၁၄)
၁၃၇၅ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတေ
နိုင်ငံတော်သမ္မတရုံး
(အမိန့်အမှတ်၊ ၅ / ၂၀၁၄)
၁၃၇၅ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက်
ကျိုက်ထိုမြို့တွင် စားသောက်ဆိုင်၌ ဓာတ်ငွေ့အိုးလဲလှယ်ရာမှ မီးလောင်မှုဖြစ်
RangonNewsDaily: February . 13 .2014
ကျိုက်ထိုမြို့ ကံ့ကော်ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ရွှေကုက္ကိုလ် စားသောက်ဆိုင်တွင် ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲ ၁၂ နာရီခွဲက မီးလောင်မှု ဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ ရွှေကုက္ကိုလ်စားသောက် ဆိုင်အနောက်ဘက် စားဖိုဆောင်တွင် ဆိုင်အလုပ်သမားနိုင်လင်း (၂၇)နှစ် ဓနုဖြူမြို့နယ်နေသူသည် စားဖိုဆောင် တွင် အသုံးပြုသည့် ဓာတ်ငွေ့အိုး အဟောင်းအစား အိုးအသစ်လဲလှယ် ရန်

ဖေဖော်ဝါရီ ၁၆ ရက် နောက်ဆုံးထား ပြောင်းရွှေ့ပေးရမည့် ဒဂုံဆိပ်ကမ်း ၆၇ ရပ်ကွက်မှ ကျောင်းသား ၅၀၀ ခန့် စာမေးပွဲဖြေဆိုရန် အခက်အခဲဖြစ်
ဖျက်သိမ်းပြောင်းရွှေ့ပေးရမည့် ၆၇ ရပ်ကွက်ရှိ အိမ်တစ်အိမ်တွင် မူလတန်းအရွယ် ကလေးငယ်များ စာသင်ကြားနေစဉ် (ဓာတ်ပုံ-ကြည်နိုင်) |
ဖေဖော်ဝါရီ ၁၆ ရက် နောက်ဆုံးထား ဖျက်သိမ်းပြောင်းရွှေ့ပေးရမည့် ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်ရှိ အိမ်ခြေ ၂၅၀၀ ကျော်တွင် လူဦးရေ ၇၀၀၀ ကျော် နေထိုင်လျက်ရှိရာ ကျောင်းသား ၅၀၀ ခန့်မှာ အတန်းတင်စာမေးပွဲဖြေဆိုရန် ကာလနှင့် နီးကပ်နေသဖြင့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
မိုင်းဖုန်းဆရာတော် မိန့်ကြားချက် အရ လွယ်တော်ခမ်း၌ စေတီတည်
မိုင်းဖုန်းဆရာတော်၏ မိန့်ကြားချက်အရ တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်
အနီးရှိ ကျောက်ဖြူတောင်မှာ ကျောက်ဖြူဂူဟာစေတီတော်အား တည်ထားကိုးကွယ်ရန်အတွက် ယနေ့ ဖေဖော်ဝါရီလ(၁၂)ရက် နံနက် (၉း၀၉)နာရီအချိန်က နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး အမှူးပြု၍ ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများနှင့် အလှူရှင်
များက ဋ္ဌာပနာတော်ပိတ်ပွဲကို ပြုလုပ်ခဲ့ကြသည်။
NLD အလုပ်အမှုဆောင် မိသားစု အဆိပ်ခတ် လုပ်ကြံခံရမှု ရက်၄၀ ကြာသည့်တိုင် ဆေးမှတ်တမ်းအဖြေ မသိရသေးဟုဆို
RangonNewsDaily: February . 13 .2014
ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ် NLD အလုပ်အမှုဆောင် တစ်ဦးဖြစ်သည့် ဦးရွယ်လူး အဆိပ်မိသည့် လက္ခဏာဖြင့် ဇန်နဝါရီလ ၂ရက်နေ့က သေဆုံးခဲ့ရာ ရက်ပေါင်း ၄၀ ကြာသည့်တိုင် ဆေးမှတ်တမ်း အဖြေ မသိရသေးကြောင်း မိသားစုဝင်များက ပြောကြားသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် အငြင်းပွားဖွယ်များ ပါဝင်နေ၊ ငြိမ်းချမ်းရေးအတွက် အန္တရာယ်ရှိနိုင်
RangonNewsDaily: February . 13 .2014
မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်၊ မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူရန် စီစဉ်ထားရာ ထိုအစီအစဉ်တွင် အငြင်းပွားဖွယ်ရာများ ပါဝင်နေသဖြင့်၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အရေးကြီးနေချိန်တွင် တင်းမာမှုများ ပိုမိုဖြစ်ပွားလာနိုင်သည့် အန္တရာယ်မျိုးရှိနေကြောင်း ဘယ်လ်ဂျီယံအခြေစိုက် နိုင်ငံတကာပဋိပက္ခများ လေ့လာစောင့်ကြည့်ရေး အဖွဲ့ ICG က ဆိုသည်။

တာမွေ လဂွန်းအိမ် ခုံးကျော်တံတားပေါ်မှ ဟွန်ဒါဖစ်တစ်စီး ပြုတ်ကျ
တာမွေမြို့နယ် မလွှကုန်း ဌေးကြွယ် ရပ်ကွက်ရှိ လဂွန်းအိမ် ခုံးကျော်တံတားပေါ်တွင် ဖေဖော်ဝါရီလ ၁၁ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ ခန့်က အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦး မောင်းနှင်လာသော ဟွန်ဒါ (Honda) အမှတ်တံဆိပ် (Fit) ဖစ်အမျိုးအစား ယာဉ်တစ်စီး အဆိုပါ တံတားအောက် ၁၀ ပေခန့် နက်သော နေရာသို့ အရှိန်လွန်ပြုတ်ကျခဲ့ကြောင်း တာမွေမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
နေအိမ် အဖျက်ခံရမှုကြောင့် ယာယီတဲထိုးနေကြသူများ ထပ်မံအဖျက်ခံရ
လှည်းကူးမြို့နယ်၊ ဂွေးတောက်အိုင် ကျေးရွာအုပ်စု၊ ဒေါ်ကာလီ ကျေးရွာရှိ နေအိမ်များကို တပ်ပိုင်နယ်မြေအတွင်း ကျူးကျော် နေထိုင်သည်ဟုဆိုကာ ဖယ်ရှားခံရသောကြောင့် ရန်ကုန် -နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၄ လမ်းဘေးတွင် အဆိုပါ ရွာသူရွာသားများက ယာယီတဲ ၂၃ လုံးနှင့် လူဦးရေ ၉၀ ကျော် နေထိုင်စဉ် ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်းက သက်ဆိုင်ရာအဖွဲ့က ထပ်မံဖယ်ရှားခဲ့ကြောင်း အဆိုပါ ကျေးရွာသူ ကျေးရွာသားများထံမှ သိရှိရသည်။
အရေးပေါ် အခြေအနေ ထုတ်ပြန်ချက်များအတွက် SMS ဝန်ဆောင်မှုပေးမည်
RangonNewsDaily: February . 13 .2014
မိုဘိုင်းလ် ဆက်သွယ်ရေး အော်ပရေတာ တယ်လီနောမြန်မာက နိုင်ငံတော်အဆင့် ထုတ်ပြန်ချက်များ၊ ရာသီဥတုနှင့် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ အရေးပေါ် ထုတ်ပြန်ချက်များအတွက် အခမဲ့ SMS ဝန်ဆောင်မှု စီစဉ်ပေးသွားမည် ဖြစ်ကြောင်း တယ်လီနောမြန်မာမှ အမှုဆောင် အရာရှိချုပ် Petter Furberg ကပြောကြားသည်။
“နိုင်ငံတိုင်းရဲ့ အစိုးရတိုင်းမှာ မိုဘိုင်းလ် ဆက်သွယ်ရေးကို အသုံးပြုပြီး အလျင်အမြန် ထုတ်ပြန်ရမယ့် တစ်နိုင်ငံလုံးကို အသိပေးဖို့လိုအပ်တဲ့ အကြောင်းအရာတွေ ရှိတတ်ပါတယ်” ဟု ၎င်းကဆိုသည်။

ဒေါ်လာ သန်း ၉၆၀ တန်ဖိုးဖြင့် ဘိုးရင်းလေယာဉ် ၁၀ စင်း မြန်မာ့လေကြောင်း ငှားရမ်း
မြန်မာနိုင်ငံပိုင် လေကြောင်း ဖြစ်သည့် မြန်မာ့လေကြောင်းလိုင်း (MA) က အမေရိကန်ဒေါ်လာ သန်း ၉၆၀ ကုန်ကျမည့် ဘိုးရင်းလေယာဉ် ၁၀ စင်း ငှားရမ်း အသုံးပြုရန် အမေရိကန် နည်းပညာ အင်အားကြီး ကုမ္ပဏီကြီး တစ်ခုဖြစ်သော GE ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီနှင့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် လက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်ကြောင်း မြန်မာ့လေကြောင်းနှင့် GE တို့က ထုတ်ပြန်လိုက်သည်။
အစ္စလာမ်ဘာသာဝင်တွေပါဝင်တဲ့စာပေဟောပြောပွဲသံဃာအချို့ကန့်ကွက်မှုကြောင့်ပွဲပျက်
RangonNewsDaily: February . 12 .2014
မြောက်ဥက္ကလာပမြို့နယ်မှာကျင်းပတဲ့စာပေဟောပြောပွဲမှာအစ္စလာမ်ဘာသာဝင်တွေဖြစ်တဲ့ကိုမြအေးနဲ့ဦးကိုနီပါဝင်တဲ့အတွက်ဗုဒ္ဓသားတော်သံဃာအချို့ကန့်ကွက်မှုကြောင့်ဟောပြောပွဲပျက်သွားရတယ်လို့ဒေသခံတွေကမြန်မာမွတ်စလင်မီဒီယာကိုသတင်းပေးပို့ပါတယ်။::
မြအေးတို့ဦးကိုနီတို့ပါတဲ့အတွက်ဒီနှစ်ယောက်ကိုဖယ်ပေးဖို့ပြောတယ်။လေးယောက်မှာနှစ်ယောက်
ဖယ်လိုက်တော့ပွဲပျက်သွားတာပေါ့။အေးအေးဆေးဆေးတောင်းဆိုတာပါ။