Pages

Pages - Menu

Thursday, February 13, 2014

အူရီဒူးမြန်မာနှင့် သက်ဆိုင်သည့် အချက်အလက်များလေ့လာနိုင်ရန် ၀က်ဘ်ဆိုဒ်လွှင့်တင်

RangonNewsDaily: February . 13 .2014
မြန်မာနိုင်ငံတွင် မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုပေးမည့် အော်ပရေတာတစ်ခုဖြစ်သော အူရီဒူးမြန်မာ ကုမ္ပဏီက ၎င်းတို့နှင့်သက်ဆိုင်သော အချက်အလက်များလေ့လာနိုင်ရန်အတွက် ၀က်ဘ်ဆိုဒ်လွှင့်တင် လိုက်ပြီဖြစ်သည်ဟု ကုမ္ပဏီက ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန်သည်။အဆိုပါ ၀က်ဘ်ဆိုဒ်တွင် အူရီဒူးမြန်မာ၏ အချက်အလက်များ၊ ကုမ္ပဏီကခန့်ထားမည့် အလုပ်အကိုင် အခွင့်အလမ်းများ၊ သတင်းနှင့် လူမှုရေးကဏ္ဍများပါဝင်မည်ဖြစ်ပြီး အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ၀င် ရောက်ဖတ်ရှုနိုင်မည် ဖြစ်သည်။
အူရီဒူးမြန်မာ၏ ၀က်ဘ်ဆိုဒ်ကို လေ့လာလိုပါကhttp://www.ooredoo.com.mm/ တွင်လေ့လာနိုင်မည် ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းနှင့်ပတ်သက်ပြီး “မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်အကိုင်အခွင့်အလမ်းများ စွာအတွက် လျှောက်လွှာတင်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု အူရီဒူးမြန်မာဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

လက်ရှိတွင် လူ့စွမ်းအားအရင်းအမြစ်၊ အုပ်ချုပ်ရေး၊ သုံးစွဲသူဝန် ဆောင်မှုပေးရေး၊ ဘဏ္ဍာရေး၊ဆက်သွယ် ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာ၊ ဈေးကွက်မြှင့်တင်ရေးစသည့် နေရာများအတွက် အလုပ် လျှောက်လွှာများကို ၀က်ဘ်ဆိုဒ်မှတဆင့် လျှောက်ထားနိုင်မည် ဖြစ်သည်။

အူရီဒူးမြန်မာ ကုမ္ပဏီအနေဖြင့် ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်အပြင် ဖေ့ဘွတ်ခ်၊ တွစ်တာစသည့် လူမှုကွန်ရက်များ တွင်လည်း ၎င်းတို့နှင့်ပတ်သက်သည့် အချက်အလက်များအား ဖော်ပြပေးနေသည်။

အူရီဒူးမြန်မာကုမ္ပဏီသည် ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသ၊ မြောက်အာဖရိကတိုက်နှင့် အရှေ့တောင် အာရှဒေသနိုင်ငံများတွင် ကြိုးမဲ့အင်တာနက်ဝန်ဆောင်မှု၊ ကြိုးလိုင်းအင်တာနက်ဝန်ဆောင်မှုများပေးနေ သည့် ကုမ္ပဏီဖြစ်သည်။ ဆက်သွယ်ရေးလုပ်ငန်း ၀န်ဆောင်မှုအနေဖြင့် နိုင်ငံပေါင်းကိုးနိုင်ငံခန့်တွင် ၀န်ထမ်းဦးရေ ၉၂ ဒဿမ ၉သန်းခန့် ဖြင့် ၀န်ဆောင်မှုပေးနေသည့် ကုမ္ပဏီ ဖြစ်သည်။

Mizzima - News , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment