Pages

Pages - Menu

Thursday, February 13, 2014

သန်းခေါင်စာရင်းကောက်ယူရာတွင် အငြင်းပွားဖွယ်များ ပါဝင်နေ၊ ငြိမ်းချမ်းရေးအတွက် အန္တရာယ်ရှိနိုင်

RangonNewsDaily: February . 13 .2014
မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်၊ မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူရန် စီစဉ်ထားရာ ထိုအစီအစဉ်တွင် အငြင်းပွားဖွယ်ရာများ ပါဝင်နေသဖြင့်၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အရေးကြီးနေချိန်တွင် တင်းမာမှုများ ပိုမိုဖြစ်ပွားလာနိုင်သည့် အန္တရာယ်မျိုးရှိနေကြောင်း ဘယ်လ်ဂျီယံအခြေစိုက် နိုင်ငံတကာပဋိပက္ခများ လေ့လာစောင့်ကြည့်ရေး အဖွဲ့ ICG က ဆိုသည်။
နိုင်ငံတကာပဋိပက္ခများ လေ့လာစောင့်ကြည့်ရေးအဖွဲ့၏ ဖေဖော်ဝါရီလ ၁၂ ရက် ထုတ်ပြန်ချက်တွင် သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းစဉ်အား အလျင်အမြန် ပြင်ဆင်ကာ အဓိကကျလှသည့် အချက် အလက်များကိုသာ ကောက်ခံသင့်ပြီး၊ စိတ်ဝမ်းကွဲပြားစေမည့် အချက်အလက်များဖြစ်သည့် လူမျိုးစု၊ ဘာသာရေး၊ နိုင်ငံသားအဆင့်အတန်း အခြေအနေ စသည့် အသေးစိတ်အချက်အလက်များ စုဆောင်း ကောက်ခံခြင်းကို ပိုမိုအဆင်ပြေမည့် အချိန်ကာလတစ်ခုရောက်သည်အထိ ဆိုင်းငံ့ထားသင့်ကြောင်း အကြံပြုထားသည်။

မြန်မာနိုင်ငံတွင် နောက်ဆုံးအကြိမ် သန်းခေါင်စာရင်းကောက်ယူခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော်ကြာမြင့် ပြီဖြစ်သဖြင့် အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးရေးအတွက် လိုအပ်သော အချက်အလက်များ တိတိကျကျ စု ဆောင်းရယူနိုင်ရေးမှာ အရေးကြီးလှသော်လည်း၊ ယခုနှစ်ထဲတွင် ကောက်ယူမည့် သန်းခေါင်စာရင်းအစီ အစဉ်တွင် မေးခွန်း ၄၁ ခုပါဝင်နေကာ မလိုအပ်လှသော အသေးစိတ် အချက်အလက်များလည်း ပါဝင် နေသဖြင့် စိတ်ဝမ်းကွဲပြားမှုများ ပိုမိုဖြစ်လာနိုင်ကြောင်း ICG က ဆိုသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် အသုံးပြုမည့် တိုင်းရင်းသားလူမျိုးစုများ အမည်သတ်မှတ်ချက်မှာ လည်း ၁၉၈၀ ပြည့်လွန်နှစ်များက သတ်မှတ်ခဲ့သည့်စနစ်ကို အခြေခံထားကာ ဟာကွက်များစွာရှိနေသ ဖြင့် အဝေဖန်ခံနေရကြောင်း ICG က ဆိုထားသည်။

သန်းခေါင်စာရင်းကောက်ခံရာတွင် အိမ်ထောင်စု မေးခွန်းပုံစံတွင် ပါရှိသည့် အသက်၊ (ကျား/မ)၊ အိမ် ထောင်ရေးအခြေအနေစသည့် အခြေခံကျသော ပထမဆုံးမေးခွန်း ခြောက်ခုကိုသာ ထည့်သွင်းကောက် ခံသင့်ကြောင်းနှင့်၊ သန်းခေါင်စာရင်းကောက်ခံမှုလုပ်ငန်းစဉ်ကို ထိုကဲ့သို့ ပြင်ဆင်ပြောင်းလဲရန် အချိန်ရှိ သေးကြောင်း ICG က ထောက်ပြထားသည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment