Pages

Pages - Menu

Thursday, February 13, 2014

ကျိုက်ထိုမြို့တွင် စားသောက်ဆိုင်၌ ဓာတ်ငွေ့အိုးလဲလှယ်ရာမှ မီးလောင်မှုဖြစ်

RangonNewsDaily: February . 13 .2014
ကျိုက်ထိုမြို့ ကံ့ကော်ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ရွှေကုက္ကိုလ် စားသောက်ဆိုင်တွင် ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲ ၁၂ နာရီခွဲက မီးလောင်မှု ဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ ရွှေကုက္ကိုလ်စားသောက် ဆိုင်အနောက်ဘက် စားဖိုဆောင်တွင် ဆိုင်အလုပ်သမားနိုင်လင်း (၂၇)နှစ် ဓနုဖြူမြို့နယ်နေသူသည် စားဖိုဆောင် တွင် အသုံးပြုသည့် ဓာတ်ငွေ့အိုး အဟောင်းအစား အိုးအသစ်လဲလှယ် ရန်
ပိုက်တပ်ဆင်ရာမှ အိုးအတွင်းရှိ ဓာတ်ငွေ့များ အပြင်သို့ စိမ့်ထွက်ပြီး ယင်းအနီးရှိ မီးဖို၏ အပူရှိန်ဖြင့် မီး လောင်မှုဖြစ်ပွားခဲ့ရာ မြို့နယ်မီးသတ် ဦးစီးမှူး ဦးတင်ထွေးနှင့် တပ်ဖွဲ့ဝင် များက မီးသတ်မော်တော်ယာဉ် နှစ်စီး ဖြင့် ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါ မီးလောင်ရာသို့ မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အထောက်အကူပြုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌတို့ လာရောက် ကြည့်ရှုပြီး မီးလောင်မှုကြောင့် နိုင်လင်း တွင် ဝဲခြေသလုံး၊ ယာခြေချင်းဝတ် အနောက်ဘက်၊ ယာလက်ကောက်ဝတ် တို့တွင် မီးလောင်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိ ပြီး ကျိုက်ထိုပြည်သူ့ဆေးရုံတွင် ဆေးဝါး ကုသမှုခံယူစေပြီး မီးလောင်မှုဖြစ်စေ ရန် ပေါ့ဆစွာလုပ်ကိုင်သူ နိုင်လင်းအား ကျိုက်ထိုမြို့မရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

The Mirror Daily , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment