Pages

Pages - Menu

Tuesday, December 9, 2014

ယီမင်တွင် သင်္ဘောတစ်စင်း နစ်မြုပ်၍ နိုင်ငံရွှေ့ပြောင်းမည့် အီသီရိုးပီးယား ၇၀ ဦး သေဆုံး


RangonNewsDaily:: December . 9 .2014
အာဖရိကမှ နိုင်ငံရွှေ့ပြောင်း အခြေချမည့် သူများကို တင်ဆောင်လာသည့် သင်္ဘောတစ်စင်းသည့် ယီမင်နိုင်ငံ အနောက်ဘက် ကမ်းရိုးတန်းဒေသတွင် စနေနေ့က နစ်မြုပ်ခဲ့၍ အီသီရိုးပီးယား နိုင်ငံသား ၇၀ ဦး သေဆုံးခဲ့ကြောင်း ယီမင် အရာရှိများက ပြောသည်။
အီသီရိုးပီးယား နိုင်ငံသား အများစုကို တင်ဆောင်လာသည့် အဆိုပါ သင်္ဘောသည် လေပြင်းတိုက်ခတ်ပြီး လှိုင်းကြီး၍ ယီမင်နိုင်ငံ အယ်လ်မာခါ ဆိပ်ကမ်းအနီး နစ်မြုပ်သွားခြင်း ဖြစ်သည်။

နှစ်စဉ် ပင်လယ်နီကို ဖြတ်ကျော်၍ ယီမင်သို့ ၀င်ရောက်ရန် ကြိုးပမ်းကြသည့် အာဖရိကတိုက်သားများမှာ သောင်းနှင့်ချီ၍ ရှိပြီး သေဆုံးသူပေါင်းမှာလည်း ရာနှင့်ချီရှိခဲ့သည်။


ယီမင်သည် အရှေ့အလယ်ပိုင်း သို့မဟုတ် ဥရောပသို့ သွားလိုသည့် အာဖရိကတိုက်သားများအတွက် ဂိတ်ပေါက်တစ်ခုသဖွယ် ဖြစ်နေသည်။




ဆိုမာလီ ကျွန်းဆွယ်ဒေသနှင့် ယီမင်နိုင်ငံအကြားရှိ ပင်လယ်နီသည် ရွှေ့ပြောင်းအခြေချသူများ အသုံးပြုသော ကမ္ဘာ့အကြီးမားဆုံး လမ်းကြောင်းများအနက် တစ်ခုအပါအ၀င်ဖြစ်သည်။


ရွှေ့ပြောင်းအခြေချသူများသည် ဆော်ဒီကဲ့သို့ နိုင်ငံမျိုးတွင် အလုပ်အကိုင်များရှာဖွေကာ ပိုမိုကောင်းမွန်သော လူနေမှုဘ၀ကို ဖန်တီးလိုသော်လည်း လူကုန်ကူးသူများ၏ လက်တွင်းသို့သာ သက်ဆင်းကြရကာ မကြာခဏဆိုသလိုပင် ယီမင် စတိုးဆိုင်များသို့ပင် မရောက်နိုင်ဘဲ လမ်းခုလတ်တွင် အဖြစ်ဆိုး ပေါင်းစုံ ကြုံရတတ်သည်။


ယခုနှစ်အတွင်း ယီမင်သို့ လာရောက်ရန် ကြိုးပမ်းရင်း ပင်လယ်ပြင်၌ သေဆုံးသူပေါင်းမှာ ၂၀၀ ဦး ကျော် ရှိကြောင်း ပြီးခဲ့သည့် အောက်တိုဘာလက ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီမှ ထုတ်ပြန်သည်။


Ref: BBC, N
ews WatchJournal , KOLATT(PBDN)
RangonNewsDaily





No comments:

Post a Comment