Pages

Pages - Menu

Tuesday, December 9, 2014

မယ်ဆိုင်မြို့ မုန်ဒဲန်းဈေးအနီး၌ မြန်မာအလုပ်သမား အချင်းချင်း ဓါးထိုးမှုဖြစ်


RangonNewsDaily:: December . 9 .2014
တာချီလိတ်မြို့နှင့် နီးစပ်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ မုန်ဒဲန်းရပ်ကွက်(၁) ဈေးအနီးတွင် ယနေ့ ဒီဇင်ဘာလ (၈)ရက်နေ့ ညနေ(၃း၄၀)နာရီအချိန်ခန့်တွင် မြန်မာကျပန်း အလုပ်သမား နှစ်ဦး အချင်းချင်း စကားများ ရန်ဖြစ်ရာမှ ဓါးထိုးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ မုန်ဒဲန်းဈေးအနီးတွင် နေ့စဉ် ကျပန်းအလုပ် စောင့်မျှော်နေကြသူများထဲတွင် မိုင်းတုံမြို့ နောင်ပါရင် ရပ်ကွက်နေ ဦးစိုးမြင့်အောင် နှင့် ဖားအံမြို့ ကျုံးကြီးရပ် အမှတ်(၂)ရပ်ကွက်နေ မောင်စောဝေဖြိုးအောင်တို့သည် အရက်အတူသောက်နေစဉ်မှစ၍ အခန့်မသင့်ဘဲ စကားများရန်ဖြစ်ကြရာ ဦးစိုင်းမြင့်အောင်သည် (၃)လက်မခွဲအရှည်ရှိ Cutter ဓါးဖြင့် မောင်ဝေဖြိုးအောင်၏ ညာဘက် လည်ပင်းအားထိုးပြီး ထွက်ပြေးသွားခဲ့သည်။



ထိုသို့ ဖြစ်ပွားပုံနှင့် ပတ်သက်၍ မယ်ဆိုင်မြို့နယ် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဖုန်စ၀ပ် ဦးစီးသည့်အဖွဲ့မှ အခင်းဖြစ်ပွားရာ နေရာအနီးတစ်ဝိုက်တွင် ထွက်ပြေးသွားသော တရားခံအား လိုက်လံရှာဖွေရာ ညနေ(၅)နာရီ အချိန်ခန့်၌ ထွက်ပြေးနေသူ တရားခံအား သက်သေခံဓါးနှင့်အတူ လက်ရဖမ်းဆီးမိခဲ့ပြီး မယ်ဆိုင်မြို့မရဲစခန်းတွင် အရေးယူ စစ်ဆေးမှုများ ပြုလုပ်နေလျှက်ရှိကြောင်း နှင့် ဒဏ်ရာရရှိသူ မောင်စောဝေဖြိုးအောင်ကို မယ်ဆိုင်မြို့ရှိ ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလျှက်ရှိကြောင်း သိရသည်။


အဆိုပါ မုန်ဒဲန်းဈေးအနီးတွင် နေ့စဉ် မြန်မာအလုပ်သမားများသည် ရရာ အလုပ်များကို ကျပန်းအဖြစ် ၀မ်းရေးအတွက် လုပ်ကိုင်စားသောက်လျှက်ရှိပြီး တရားမဝင် ရေချောင်းမှ ဖြတ်ကူးကာသွားရောက်၍ အလုပ် လုပ်ကိုင်သူများဖြစ်ပြီး တရားဝင် အမှတ်(၁)တံတားမှာ သွားလာနေသူမှာ အနည်းအကျဉ်းသာရှိကြောင်း သိရှိရသည်။


Tachileik Online News , 
KOLATT(PBDN)
RangonNewsDaily




No comments:

Post a Comment