Pages

Pages - Menu

Tuesday, December 9, 2014

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် တွင် ပြင်းအား ၅ ဒသမ ၉ ရှိငလျင်လှုပ်ခတ်ရာ နေအိမ် ၁၃၀၀ ကျော်ပြိုကျ


RangonNewsDaily:: December . 9 .2014
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် တွင် ပြင်းအား ၅ ဒသမ ၉ ရစ်ခ်ျတာစကေး ရှိ ငလျင် လှုပ်ခတ်ခဲ့ရာ တစ်ဦး သေဆုံးပြီး အခြား ၂၂ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း နောက်ဆုံး ထုတ်ပြန် ခဲ့သည့် သတင်းများအရ သိရသည်။
အဆိုပါ ငလျင်သည် ကျင်းကူခရိုင် အတွင်း၌ ဒီဇင်ဘာ ၆ ရက် ည ၆ နာရီခွဲ အချိန်ခန့်က မြေပြင်အနက် ၁ဝ ကီလိုမီတာ ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ငလျင် လှုပ်ခတ်မှု ကြောင့် ချီယင်းကျေးရွာ တွင် အသက်ကိုးနှစ်အရွယ် ကလေးငယ် တစ်ဦး သေဆုံးခဲ့ပြီး ပြည်နယ် အတွင်းရှိ ပူအာမြို့မှ ဒေသခံပြည်သူ ၃၃၉ဝဝဝ ခန့်မှာ ငလျင်ဒဏ်သင့် ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒေသခံပြည်သူ ၁၁ဝဝဝ ခန့်အား ဘေးကင်းရာသို့ ပြောင်းရွှေ့ ပေးခဲ့ရကြောင်း ပူအာမြို့မှ လက်ထောက် မြို့တော်ဝန် ဝေယီဟုန် က ပြောကြားခဲ့သည်။

ငလျင်ဒဏ်ကြောင့် ဒေသတွင်းရှိ နေအိမ် ၁၃ဝ၂ လုံးမှာ ပြိုကျခဲ့ပြီး အခြားအိမ် ၆၄၇၁ လုံးမှာ ပျက်စီးခဲ့ကြောင်း၊ ယင်းဒေသ အတွင်း ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အတွက် အစိုးရက ကျွမ်းကျင်သူ ပညာရှင်ဦးရေ ၁ဝဝ ကျော်ကို စေလွှတ်ခဲ့သည်။

ယခုအခါ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့ နှင့် အစိုးရ ဝန်ထမ်းများ ပါဝင်သည့် အင်အား ၂၅ဝဝ ခန့်ရှိ ကယ်ဆယ်ရေး အဖွဲ့ဝင် များသည် ပြိုကျသွားသည့် နေအိမ်များ အတွင်း ပိတ်မိ နေသူများအား ရှာဖွေခြင်း နှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။


KOLATT(PBDN)

RangonNewsDaily

No comments:

Post a Comment