Pages

Pages - Menu

Wednesday, November 12, 2014

ဒဂုံဆိပ်ကမ်းနှင့် အရှေ့ဒဂုံရှိမြေကွက်များ အရောင်းအဝယ်ပြုလုပ်ရာတွင် အန္တရာယ်များဟုဆို

RangonNewsDaily:: November . 12 .2014
ရန်ကုန် မြို့ရှိ အိမ်ခြံမြေရောင်းဝယ်မှုများ တွင် ဒဂုံဆိပ်ကမ်းနှင့် အရှေ့ဒဂုံရှိ မြေကွက်များ အရောင်းအဝယ်ပြုလုပ် ရာတွင် စလစ်မြေများကို ပိုင်ရှင်တစ် ယောက်တည်းက အဆင့်ဆင့်ရောင်း ချမှုများ၊ မြေရောင်းချရာတွင် စာချုပ် များကို ပိုင်ရှင်မှတစ်ခြမ်းသာ လက် မှတ်ထိုးထားပြီး ရောင်းချမှုများပြု လုပ်သလို၊ မြေဝယ်သူများကလည်း ပိုင်ရှင်လက်မှတ်မပါဘဲ ဝယ်ယူမှုများ ပြုလုပ်လျက်ရှိသဖြင့် အန္တရာယ်များ နေကြောင်း အိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။
နိုဝင်ဘာ ၉ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံအိမ်၊ ခြံ၊ မြေ ဝန်ဆောင် မှုအသင်း အသင်းသူ၊ အသင်းသားများ လစဉ်ပုံမှန်ဆွေးနွေးပွဲတွင် အိမ်ခြံမြေ အကျိုးဆောင်များက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

စိုင်းခွန်နောင် အိမ်ခြံမြေလုပ် ငန်းမှ ဦးစိုင်းခွန်နောင်က ''လက်ရှိ အိမ်ခြံမြေအရောင်းအဝယ် ပြုလုပ် တဲ့နေရာမှာ ဒဂုံဆိပ်ကမ်းနဲ့ အရှေ့ဒဂုံ က ရောင်းဝယ်မှုတွေက အန္တရာယ် အများဆုံးဖြစ်နေတယ်။ ဒါကြောင့် ရောင်းမှား၊ ဝယ်မှားမဖြစ်အောင် သေချာဂရုစိုက်ဖို့ လိုနေပါတယ်'' ဟု ပြောသည်။


လက်ရှိအိမ်ခြံမြေရောင်းဝယ် မှုတွင် စလစ်မြေများကို ပိုင်ရှင်တစ် ယောက်တည်းက အဆင့်ဆင့်ရောင်း ချမှုများ၊ မြေရောင်းချရာတွင် စာချုပ် များကို ပိုင်ရှင်မှတစ်ခြမ်းသာ လက်မှတ် ထိုးထားပြီး ရောင်းချမှုများပြုလုပ်သ လို၊ မြေဝယ်သူများကလည်း ပိုင်ရှင် လက်မှတ်မပါဘဲ ဝယ်ယူမှုများပြုလုပ် လျက်ရှိကြောင်း အိမ်ခြံမြေအကျိုး ဆောင်များက ပြောသည်။


United 45 အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းမှ မန်နေဂျင်းဒါရိုက် တာ ဒေါ်ရူပါမြင့်က''အခုအဲဒီဘက် မှာ အရောင်းအဝယ်တွေ ပြဿနာ ခဏခဏတက်တယ်။ ပိုင်ရှင်တွေက တစ်ခြမ်းထိုးထားပေးထားတာတွေ လည်းရှိတယ်။ 


အဲဒါတွေကိုပွားပြီး တော့ ရောင်းတာတွေရှိတယ်။ ပြီး တော့အဲဒီဘက်က မြေကွက်တွေကို အိုးအိမ်ကကိုင်တာ။ အိုးအိမ်မှာ တင်ပဲ နှစ်ခုဖြစ်နေတယ်။ စလစ်မြေ ပိုင်ရှင်ရယ်၊ လက်ရှိပိုင်ရှင်နှစ်ဦး အဲ လိုမျိုးတွေဖြစ်နေတယ်။ သွားစုံစမ်း လိုက်ရင် ဒါကအမှန်လို့သိရပေမယ့် တကယ်အမှုဖြစ်မှ အတုဆိုတာသိရ တယ်။ ဒဂုံဆိမ်ကမ်း၊ အရှေ့ဒဂုံ အဲဒီ ဘက်တွေမှာ အများဆုံးဖြစ်နေတယ်'' ဟု ပြောသည်။

လက်ရှိဒဂုံဆိပ်ကမ်းနှင့် အရှေ့ ဒဂုံရှိ မြေကွက်ဈေးနှုန်းများမှာ လမ်း မတန်းတွင် ပေ ၄ဝ၊ ပေ ၆ဝ တစ်ကွက် ကျပ်သိန်း ၁ဝဝဝကျော်အထိ ဈေးရှိ နေပြီး၊ အတွင်းလမ်းပိုင်းများတွင် ပေ ၄ဝ၊ ပေ ၆ဝတစ်ကွက် ကျပ်သိန်း ၁ဝဝကျော်အထိ ဈေးရှိနေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။


Thadoe & Associates Law Firm တရားလွှတ်တော်ရှေ့နေ၊ ဥပဒေ အကြံပေး ဦးသတိုးအောင်က ''အိမ်ခြံ မြေအရောင်း အဝယ်ပြုလုပ်တဲ့ နေရာ မှာ ဝယ်သူတွေကို စရံမပေးခင်မှာ စလစ်တွေကို သေချာကြည့်ဖို့လို တယ်။ အိုးအိမ်ကစစ်လို့ အိုးအိမ်က ဟုတ်တယ်ဆိုရင်လဲ စာချုပ်ချုပ်တဲ့အ ခါမှာ ရှေ့နေနဲ့သေချာချုပ်သင့်တယ်။ နောက်ပြီးစာချုပ်ချုပ်ပြီးတာနဲ့ သတင်း စာထဲမှာ ထည့်ကြေညာသင့်တယ်။ သတင်းစာထဲပါပြီး နှစ်ပတ်အတွင်း ကန့်ကွက်မယ့်သူမရှိမှ အရောင်းအ ဝယ်ပြုလုပ်သင့်တယ်''ဟု ပြောသည်။


''ဒါကတော့ မြန်မာနိုင်ငံအိမ်ခြံ မြေ ဝန်ဆောင်မှုအသင်းက ပြောကြား ချက်ပေါ့ဗျာ။ တစ်ဖက်ကနေကြည့် ရင် ဒီလိုပြောကြားချက်ကြောင့် အဲဒီ မြို့နယ်တွေက အိမ်ခြံမြေဈေးနှုန်း တွေကတော့ ကျကုန်မှာတော့ အသေ အချာပဲ။ တစ်ခုရှိတာက အဲဒီလိုဈေး တွေ ကျကုန်ပြီဆိုရင် ဈေးအနိမ့်တွေ နဲ့လိုက်ဝယ်၊ ခဏပြန်အောင်းထား။ ပြီးတော့မှ တဖြည်းဖြည်းပြန်ထုတ် ရောင်းကြတယ်လို့ အိမ်ခြံမြေအသိုင်း အဝိုင်းမှာပြောကြတာ ကြားဖူးတယ်။ ဒါတွေကတော့ အိမ်ခြံမြေဈေးကွက် မှာ ဈေးကစားကြတဲ့ သဘောလေး တွေရှိတတ်တာကိုတော့ သတိမပြုလို့ တော့မဖြစ်ဘူး'' ဟု ပုဂ္ဂလိကသတင်း စာတစ်စောင်မှ အယ်ဒီတာတစ်ဦး က ပြောသည်။


Democracytoday, 
KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment