Pages

Pages - Menu

Sunday, September 7, 2014

MPTဆင်းမ်ကတ် ဝယ်ရန် တန်းစီရင်း ခဲဖြင့်ပစ်ရန်အထိ ရုန်းရင်းဆန်ခတ်ဖြစ်

RangonNewsDaily:: September . 6 .2014
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကျပ် ၁၅၀၀ ဖြင့် လွတ်လပ်စွာ ဝယ်ယူနိုင်ရန် ချထားပေးသော WCDMA ဆင်းမ်ကတ်များ ဝယ်ယူရန် စောင့်ဆိုင်းရင်း ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်၊ 
ပန်းဆိုးတန်းလမ်းရှိ မိုဘိုင်းဖုန်း အရောင်းဆိုင် တစ်ဆိုင်တွင် စက်တင်ဘာ ၄ရက် နံနက်က ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။
ယင်းဖုန်းဆိုင်တွင် ဖုန်းဆင်းမ်ကတ်များ ဝယ်ယူရန် စောင့်ဆိုင်းနေရာ ကတ်အနည်းငယ်သာ ရောင်းချပေးပြီး ဆက်လက် မရောင်းချတော့ဘဲ တံခါးပိတ်လိုက်သဖြင့် စောင့်နေသူ အချို့က ဆိုင်ကို ခဲဖြင့် ပစ်ရန်အထိ 
ဖြစ်ပွားခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများက မဇ္ဈိမကို ပြောသည်။

ဆင်းမ်ကတ် ဝယ်ယူရန် စောင့်ဆိုင်းခဲ့သူ ဗိုလ်တထောင်မြို့နယ်နေ ကိုရဲကိုနိုင်က " မနေ့က (စက်တင်ဘာ ၃) တုန်း ၁၀နာရီလောက်လာတော့ မနက်ဖြန် မနက် ကိုးနာရီရောင်းပေးမယ်။ ဖောင်ထပ်ခဲ့ရမလားပြောတော့ 
မလိုဘူးပြောတယ်။ (စက်တင်ဘာ ၄) မနက် ၁၀ နာရီကျော်မှ ဆိုင်ဖွင့်ရောင်းတယ်။ ဟန်းဆက်ဝယ်မှ ဆင်းမ်ကတ်ရမယ့်ပုံစံဖြစ်နေတယ်။ "ဟု ဆိုသည်။

စောင့်ဆိုင်းခဲ့သူ တစ်ဦးဖြစ်သည့် မင်္ဂလာတောင်ညွန့် မြို့နယ်နေသူ တစ်ဦးက "ပွဲစားတွေနဲ့ ဆိုင်တွေ ချိတ်လုပ်ကြတယ်။ တကယ်သုံးချင်တဲ့ ပြည်သူတွေ အလွယ်တကူ ဝယ်မရဘူးဖြစ်နေတယ်။ ပွဲစားတွေ 
ပြန်ရောင်းတာက တစ်ကတ်ကို နှစ်သောင်းခွဲပေးရတယ်"ဟု ၎င်း၏ အမြင်ကို ဆိုသည်။

ယင်းသို့ ဖြစ်ပေါ်ခဲ့သည့် အချိန်တွင် အဆိုပါဆိုင်မှာ တံခါးပိတ်ထားပြီး ပြင်ပတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို ဖြေရှင်းပေးခြင်းမရှိဘဲ “ဆင်းမ်ကတ်ကုန်ပြီ” ဟူသော စာတမ်းကိုသာ ချိတ်ဆွဲခဲ့သည်ကို မဇ္ဈိမက 
မျက်မြင် တွေ့ခဲ့ရသည်။ ဆင်းမ်ကတ်ဝယ်ယူရန် စောင့်ဆိုင်းနေသူမှာ ရာဂဏန်းခန့် ရှိပြီး ဆိုင်ရှေ့တွင် ရုန်းရင်းဆန်ခတ် အခြေအနေ ဖြစ်ခဲ့ခြင်းဖြစ်သည်။

ယင်းဆိုင်က နံနက် ၁၀ နာရီခန့်တွင် ဆင်းမ်ကတ်များ ရောင်းချပေးကာ ၁၁ နာရီခန့်တွင် ဆိုင်ပိတ်ခဲ့ခြင်းဖြစ်သည်။ ဒလမြို့နယ်၊ ရန်ပြေရပ်ကွက်တွင် နေထိုင်သူ ကိုဇော်ဇော်ကလည်း “ ရောင်းတာကလည်း သူတို့ 
အသိတွေပဲ ပွဲစားတွေကိုရောင်းတော့ ကျွန်တော်တို့ဆင်းရဲသားတွေ ဖုန်းဘယ်လိုကိုင်နိုင်တော့မလဲ"ဟု ဆိုသည်။

mizzimaburmese. , 
KOLATT(PBDN)
RangonNewsDaily

No comments:

Post a Comment