Pages

Pages - Menu

Sunday, September 7, 2014

အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့အတွက် အဖွဲ့ခွဲများ ထူထောင်ထားပြီးဟု အယ်ကိုင်ဒါအကြီးအကဲ ကြေညာ


RangonNewsDaily:: September . 6 .2014
အိုစမာဘင်လာဒင်၏ နေရာကို ဆက်ခံသူ အယ်ကိုင်ဒါ အကြီးအကဲ အေမန်အယ်ဇာဝါဟီရီက ကမ္ဘာလုံးဆိုင်ရာ ကွန်ရက် ချိတ်ဆက်ထားတဲ့ ဂျီဟတ်အဖွဲ့ အယ်ကိုင်ဒါအဖွဲ့ခွဲတွေ အိန္ဒိယတိုက်ငယ် နိုင်ငံတွေမှာ ထူထောင်ထားပြီး ဖြစ်တယ်လို့ နောက်ဆုံးထုတ်ပြန်တဲ့ ဗီဒီယိုမှာ ပြောကြားထားခဲ့ပါတယ်။
ဒေသတွင်း မွတ်ဆလင်တွေကို ပိုင်းခြားထားတဲ့ နယ်ခြားမျဉ်းတွေကို ချိုးဖျက်မယ်လို့လည်း အကြမ်းဖက်အဖွဲ့ရဲ့ ခေါင်းဆောင်က ပြောကြားထားခဲ့ပါတယ်။

အယ်ကိုင်ဒါ အဖွဲ့ကို အိုစမာဘင်လာဒင်က ထူထောင်ခဲ့တာ ဖြစ်ပြီး နယူးယောက်မြို့တော်က ကုန်သွယ်ရေး စင်တာညီနောင်ကို တိုက်ခိုက်ဖြိုချလိုက်ပြီးတဲ့နောက်မှာ တစ်ကမ္ဘာလုံး ဖိမ့်ဖိမ့်တုန်ရတဲ့ အကြမ်းဖက် အဖွဲ့အစည်း တစ်ခုဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်း အိုစမာဘင်လာဒင်ကို ပါကစ္စတန်နိုင်ငံ ထဲအထိ ဝင်ပြီးတော့ အမေရိကန်က သုတ်သင်ခဲ့ပြီးတဲ့ နောက်မှာတော့ သူ့ရဲ့နေရာကို ဇာဝါဟီရီက ဆက်ခံခဲ့တာပါ။

မြန်မာနိုင်ငံအတွင်း အချို့မွတ်ဆလင်ဘာသာဝင် များနှင့် အချို့ဗုဒ္ဓဘာသာဝင်များတို့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ယခုနှစ်ပိုင်းအတွင်း ဖြစ်ခဲ့မှုများ ရှိသည်။

မည်သို့ပင် ဘာသာရေး၊ လူမျိုးရေးကို အခြေခံသော အဓိကရုဏ်းများ ဖြစ်ခဲ့သော်လည်း ငြိမ်းချမ်းရေး လိုလားသူများ၊ မတူညီသော ဘာသာဝင်များ ပူးပေါင်းလုပ်ဆောင်မှု များဖြင့် နောက်ထပ်ယင်းသို့ ဖြစ်ရပ်များ ထပ်မံမဖြစ်ပွားစေရန် ဘာသာပေါင်းစုံ ပူးပေါင်းလုပ်ဆောင်မှုများ ပြုလုပ်လျက်ရှိကြသည်။

The Voice  , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment