Pages

Pages - Menu

Sunday, September 7, 2014

Bi မွန်းတည့်နေဂျာနယ် ထုတ်ဝေသူများ အာမခံ ပယ်ချခံရ၊ ဆက်မလျှောက်တော့ဟု ဆို


RangonNewsDaily:: September . 6 .2014
Bi မွန်းတည့်နေဂျာ နယ်၏ ငါးကြိမ်မြောက် ရုံးချိန်း တွင် ဂျာနယ်ထုတ်ဝေသူများကို မြ၀တီမြို့တွင် ဖမ်းဆီးခဲ့သော မြ၀တီရဲစခန်းမှ စခန်းမှူးနှင့် ရာအိမ် မှူးတို့ကို တရားလိုပြသက်သေအ ဖြစ် ပန်းဘဲတန်းမြို့နယ် တရားရုံး ၌ စက်တင်ဘာ ၄ ရက်တွင် စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
ထို့အပြင် စွပ်စွဲခံရသူများ၏ အာမခံပယ်ချခံခဲ့ရပြီး အာမခံပေး ရန် အထက်သို့ အယူခံဆက်တက် ပါက အမှုမှာ ပိုမိုကြန့်ကြာနိုင်ခြင်းကြောင့် အာမခံကို ဆက်လက်မ လျှောက်ထားတော့ကြောင်း Bi မွန်းတည့်နေဂျာနယ်ဘက်မှ လိုက်ပါဆောင်ရွက်သူ ရှေ့နေ ဦးကျော် ၀င်းက ပြောသည်။

‘‘ဒီနေ့ရုံးချိန်းကတော့ ထုတ် ဝေသူတွေကို မြ၀တီမြို့မှာ သူတို့ ဘယ်လိုဖမ်းဆီးခဲ့သလဲဆိုတာ အ သေးစိတ်ထွက်ချက်ကို မြ၀တီက ရဲမှူးနဲ့ ရာအိမ်မှူးတို့ လာပြီးထွက် ဆိုတာ ဖြစ်တယ်။ လောလော ဆယ်တော့ တရားလိုပြသက်သေ တွေပဲ စစ်နေဦးမှာ ဖြစ်တယ်။ အာ မခံတော့ ထပ်မလျှောက်တော့ ဘူး။ ပယ်တဲ့ အမိန့်ကိုအပေါ် ရုံး ဆက်တက်ရင် အမှုတွဲစောင့်မှာနဲ့ ဥပဒေလုပ်ထုံးလုပ်နည်းအရ ကြန့်ကြာမှာစိုးလို့’’ဟု ၎င်းက ဆိုသည်။

ထို့ပြင် အမှုမှာ တစ်ပတ်တစ်ခါရုံးချိန်းခေါ် စစ်ဆေးနေသဖြင့် အာမခံလျှောက်ပါက ပိုမိုကြန့် ကြာသွားမည်စိုး၍ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။

တရားလိုဘက်မှ တရားလို ပြ သက်သေ ၃၇ ဦးစစ်ဆေးရန် စာရင်းတင်ထားပြီး တရားရုံးတွင် စွဲဆိုသူ ရဲမှူးထွန်းသိန်းနှင့် ရဲမှူး နှစ်ဦး၊ Bi မွန်းတည့်နေဂျာနယ်မှ ဒီဇိုင်နာသုံးဦးတို့ကို စစ်ဆေးခဲ့သည်။

ကြားဖြတ်အစိုးရတင်မြှောက်ကြောင်း သတင်းဖော်ပြခဲ့မှုကြောင့် Bi မွန်းတည့်နေဂျာနယ်မှ ထုတ် ဝေသူ ဦးယဉ်မင်းထွန်း၊ ဦးကျော် မင်းခိုင်၊ သတင်းရေးသားသူ မင်း ၀ဿန်၊ အယ်ဒီတာ ကိုဝင်းတင် နှင့် ကိုသူရအောင်တို့ကို ပုဒ်မ ၅၀၅(ခ)ဖြင့် သတင်းအထူးတပ်ဖွဲ့က တရားလိုပြု၍ တရားစွဲဆိုထား ခြင်း ဖြစ်သည်။

Bi မွန်းတည့်နေ ရုံးချိန်းမြင်ကွင်း (ဓာတ်ပုံ − ကျော်ဇင်သန်း)

7Day Daily , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment