Pages

Pages - Menu

Monday, September 8, 2014

တာချီလိတ် ရေကြီးမှုကြောင့် ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားပင် ပိတ်လိုက်ရ

RangonNewsDaily:: September . 8 .2014
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်တင်ဘာ ၆ရက် နံနက် ၆နာရီက မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုကြောင့် တာချီလိတ်နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ကူးသည့် ချစ်ကြည်ရေး အမှတ်(၁)တံတားပင် ပိတ်လိုက်ရပြီး နေ့လည် ၂နာရီခွဲမှ ပြန်ဖွင့်နိုင်သည်ဟု တာချီလိတ် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် ဦးထိန်လင်းက မဇ္ဈိမကိုပြောသည်။ ချစ်ကြည်ရေး တံတားကို ရေစတင်ကြီးတင် ၆နာရီဝန်းကျင်ကပင် ပိတ်လိုက်ရခြင်းဖြစ်သည်။
"တံတာနဲ့ကလည်း ရေနဲ့ကနီးတော့ အန္တရာယ်ရှိတယ်"ဟု ဦးထိန်းလင်းက ပြောသည်။

ရေကြီးမှုကြောင့် တာချီလိတ်မြို့ရှိ မယ်ခေါင်းရပ်ကွက်၊ ပုန်းထွန်းရပ်ကွက်၊ တာလျော့ရပ်ကွက်၊ ဝမ်ကောင်းရပ်ကွက်စသည့် ရပ်ကွက် ကိုးခုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရပြီး ဆိုင်ကယ်ဖြင့် သွားရသည့် လမ်းများတွင် လှေများဖြင့်ပင် သွားလာကြရသည်။ 
::
နန်းယွင်းချောင်းနှင့် မယ်ခေါင်ချောင်း အနီးရှိ ပုန်းထွန်ရပ်ကွက်၊ တာလော့ရပ်ကွက်နှင့် ဝမ်ကောင်းရပ်ကွက်များတွင် အဆိုးဆုံးဖြစ်ပြီး ဆိုင်ကယ်၊ အဝတ်လျှော်စက်များပင် တောင်ကျရေ
စီးဖြင့် မျောပါရသည်ဟု မျက်မြင်တွေ့သူ ဒေသခံ ကိုကျော်စိုးက မဇ္ဈိမကို ပြောသည်။

"မနက် ၆နာရီ၁၀မိနစ်မှ ရွာတာ။ တော်တော်တော့ပျင်းတယ်။ တောင်ကျရေဆင်းလာတာ အဲဒီအချိန်ကနေ အခုချိန်ထိတော့ တံတားကို ပိတ်ထားတုန် အခုရေကြီးတာက တံတာဘောင် အထိရှိတယ် ရေကလုံးဝမကျသွားဘူး " ဟု ယင်းက ညနေ ၃နာရီခန့်တွင် ပြောသည်။
::
ညပိုင်းတွင်မူ အချို့ရပ်ကွက်များတွင် ရေကျသွားပြီဖြစ်သော်လည်း ပုန်းထွန်၊ တာလော့၊ ဝမ်ကောင်းရပ်ကွက်များတွင်မူ ရေမကျသေးဟု ကိုကျော်စိုးက ပြောသည်။ ရေကြီးရေလျှံမှုကြောင့် အုတ်တံတားပြိုခြင်းကဲ့သို့ အပျက်အဆီးများလည်း ရှိပြီး လူအသေအပျောက်ပင် ရှိသည်ဟု ဒေသခံအချို့က ဆိုသော်လည်း မဇ္ဈိမက သီးခြား အတည်မပြုနိုင်သေးပေ။

Mizzima ::--KOLATT(PBDN)
RangonNewsDaily



No comments:

Post a Comment