Pages

Pages - Menu

Monday, September 8, 2014

တောင်အာရှရေကြီးမှု သေဆုံးသူ ၂၀၀ ကျော်


RangonNewsDaily:: September . 8 .2014
ပါကစ္စတန်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့မှာ သည်းထန်တဲ့ မုတ်သုန်မိုးကြောင့် ရုတ်တရက် ရေကြီးခဲ့လို့ သေဆုံးသူ ၂၀၀ ကျော်
သွားပါပြီ။ ထိခိုက်ဒဏ်ရာရသူ ရာနဲ့ချီရှိပြီး ထောင်နဲ့ချီလည်း အိုးမဲ့ အိမ်မဲ့ ဖြစ်နေကြပါတယ်။ ပါကစ္စတန်မှာ သေဆုံးသူ ၁၁၀ လောက်ရှိနေပြီလို့ ပါကစ္စတန် တာဝန်ရှိသူတွေက စနေနေ့က ပြောပါတယ်။
သေဆုံးသူအများစုက ပြိုကျတဲ့အိမ်ခေါင်မိုးတွေ ပိလို့ဖြစ်တယ်လို့ ပြောပါတယ်။ သောင်တင်နေကြတဲ့ သူတွေကိုလည်း လုံခြုံတဲ့နေရာကို ပြောင်းရွှေ့ပေးနိုင်ဖို့ ကယ်ဆယ်ရေးတွေကို ရဟတ်ယာဉ်တွေ၊ လှေတွေနဲ့ အစိုးရက စေလွှတ်ထား
ပါတယ်။

မိုးအကြီးအကျယ်ရွာပြီး ရေကြီးလို့ တနိုင်ငံလုံးက အိမ်ပေါင်း ၄ ထောင်လောက်ဟာ တပိုင်းတပျက်၊ ဒါမှမဟုတ် လုံးဝပြိုကျ

ကုန်တယ်လို့ တာဝန်ရှိ သူတွေက ပြောပါတယ်။ အိန္ဒိယနိုင်ငံ မြောက်ပိုင်းပြည်နယ်တွေမှာလည်း အလားတူရေကြီးနေပြီး သေဆုံးသူ ၁၀၀ ကျော်သွားပါပြီ။ မြောက်ပိုင်းဒေသတွေက မြို့တွေ ရွာတွေကို ရေတွေလွှမ်းခဲ့လို့ တာဝန်ရှိသူတွေက အရေးပေါ် အခြေအနေထုတ်ပြန်ထားပါတယ်။


နှစ်ပေါင်း ၂၀ အတွင်း အဆိုးဆုံးရေကြီးမှုဖြစ်တယ်လို့ အိန္ဒိယအစိုးရအုပ်ချုပ်တဲ့ Jammu နဲ့ Kashmir ပြည်နယ်ဝန်ကြီးချုပ် Omar Abdullah က ပြောပါတယ်။ အဲဒီဒေသဖက်မှာ ရွာပေါင်း ထောင်နဲ့ချီ ရေအောက်ရောက်နေတယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။ တနင်္ဂနွေနေ့ကစပြီး တဖြည်းဖြည်းရေတွေ ပြန်ကျသွားလိမ့်မယ်လို့ မိုးလေဝသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

အိမ်တွေ၊ အစိုးရ အဆောက်အအုံတွေ၊ ကျောင်းတွေထဲမှာ ရွံ့ရေတွေနဲ့ ပြည့်လျှံနေပါတယ်။ လမ်းတွေ ပိတ်နေသလို နိုင်ငံ အစိတ်အပိုင်း အတော်များများမှာ လျပ်စစ်မီးလည်း ပြတ်တောက်နေပါတယ်။
::
ပါကစ္စတန်မှာ မိုးတွင်းကာလမှာ ဆိုးရွားတဲ့ ရေကြီးမှု၊ မြေပြိုမှုတွေနဲ့ ပုံမှန်လို ကြုံရလေ့ရှိပါတယ်။ ဒါပေမယ့် ဒီနှစ် ရေကြီး

တဲ့ အခြေအနေဟာ တချို့ ဒေသတွေမှာ နှစ်ပေါင်း ၂၀ အတွင်း အဆိုးဆုံး ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အခုလို သဘာဝကပ်ဘေးနဲ့ ကြုံနေရတဲ့အချိန်မှာ နိုင်ငံရေး ပြသနာကလည်း အရှိန်မြင့်နေပါတယ်။ မြို့တော် အစ္စလာမ်

မာဘတ်မှာ လူထောင်ပေါင်းများစွာဟာ အစိုးရနယ်မြေထဲအထိ ၀င်ပြီး ၀န်ကြီးချုပ် န၀ပ်ရှာရပ်စ် နုတ်ထွက်ပေးဖို့ တောင်း
ဆိုနေပါတယ်။ သဘာဝကပ်ဘေး ကယ်ဆယ်ရေး အာဏာပို်င်တွေက ရေဘေးကို ထိန်းနိုင်ဖို့ အရှိန်မြှင့် လုပ်ဆောင်နေ
ပါတယ်။
::
စစ်တပ်ကလည်း အရေးပေါ် အခြေအနေ ကြေညာဖို့ တောင်းဆိုနေပါတယ်။ နောက်ထပ် မိုးရွာသွန်းဦးမယ့် အလားအ

လာရှိသေးတာကြောင့် အခြေအနေတွေ အခုထက် ဆိုးနိုင်တာကိုလည်း စိုးရိမ်နေကြပါတယ်။

ဒီဗွီဘီ , ဗွီအိုအေ (မြန်မာဌာန) ::--
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment