![]() |
ပါကစ္စတန်နှင့်အိန္ဒိယနိုင်ငံတွင် မိုးများ သည်းထန်စွာရွာသွန်းနေမှုကြောင့် သေဆုံးသူ ၂၀၀ ကျော်သွား ပြီဖြစ်ကြောင်း နှစ်နိုင်ငံ ထုတ်ပြန် ချက်များ အရ သိရသည်။
မိုးသည်းထန်ပြီး ရေလျှံမှုကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် နေအိမ်များ ပြိုကျခြင်းတို့ဖြစ်ပွားခဲ့သည်။ ရေများဝိုင်းရံနေပြီး သွားလာနိုင်ခြင်း မရှိသော နေရာများမှ လူများကို စစ်သားများနှင့် အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းများက လှေများ၊ ရဟတ်ယာဉ်များအသုံးပြုကာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပါကစ္စတန်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ပြီးခဲ့သည့် လေးရက်အတွက် လူ ၁၀၆ ဦးထက်မနည်း သေဆုံးကာ နေအိမ်ထောင်ပေါင်းများစွာ ပျက်စီးခဲ့ရသည်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင်လည်း မိုးသည်းထန်ခြင်းနှင့် ရေကြီးခြင်းများကြောင့် လူပေါင်း ၁၀၀ ကျော်သေဆုံး ကာ ထောင်ပေါင်း များစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။
![]() |
::
ကက်ရှ်မီးယားပြည်နယ်တွင် မိုးများပြီး မြေပြိုမှုကြောင့် နေအိမ်၄၀၀၀ ခန့် ပျက်စီးသွားရာ ထက်ဝက်ကျော်မှာ လုံးဝပြိုကျသွားခဲ့ကြောင်း သိရသည်။
Ref:AFP ::--KOLATT(PBDN)
RangonNewsDaily


No comments:
Post a Comment