Pages

Pages - Menu

Monday, September 8, 2014

အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး လှည်းလမ်း


RangonNewsDaily:: September . 8 .2014
အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းဟာ တမူး-ကလေးမြို့-ကလေးဝ စတဲ့ မြို့သုံးမြို့ နယ်နိမိတ်
အတွင်းမှာ ပါဝင်ပြီးတော့ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အထိမ်းအမှတ်အရ အိန္ဒိယအစိုးရက
ဖောက်လုပ်ပေးခဲ့ပြီး ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ 

အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းအပြင် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံကို ဆက်သွယ်ပေးထားတဲ့ အာရှပတ်လမ်းမကြီးရဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ပါတယ်။ ချစ်ကြည်ရေးလမ်းကို အဆင့်မြှင့်
တင်ဖို့အတွက် အိန္ဒိယအစိုးရက ကူညီမှာဖြစ်ပြီး ရှေ့ပြေးတိုင်းတာမှုတွေကိုလည်း ပြီးခဲ့တဲ့ မေလ
အတွင်းက လုပ်ဆောင်ခဲ့ပါတယ်။ 

လမ်းအကျယ် ၁၂ ပေလောက်ပဲ ရှိတဲ့ လမ်းမှာ တစ်ခါတလေ ကုန်တင်ကားတွေ အပြိုင်အဆိုင် မောင်းနှင်တတ်ကြပြီး အချင်းချင်း ထိခိုက်မိကြရင်တော့ ရန်ဖြစ်ရတဲ့ လမ်းလည်း ဖြစ်ပါတယ်။
ချစ်ကြည်ရေးလမ်း အကြောင်း ပြောရင် ကလေးဝ-ယာကြီး လမ်းအကြောင်းကလည်း မပါမဖြစ်ပါ။ 
::
အိန္ဒိယအစိုးရက ပြင်ဆင်နေတဲ့ အင်ဖာ-မန္တလေး ဘတ်စ်ကားလိုင်း စီမံကိန်းမှာ ဒီလမ်းတွေ
က အဓိကကျတယ် မဟုတ်လား။ အခုချိန်ထိတော့ မိုးရွာရင် သွားမရအောင် ဆိုးနေတုန်း
ပဲ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာတော့ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလမ်းဟာ တမူး-ကလေးမြို့ လမ်းပိုင်းလောက်
သာ ကောင်းမွန်ပြီး တခြားနေရာတွေမှာတော့ ပျက်အစဉ် ပြင်မရ ချစ်ကြည်ရေးလှည်းလမ်းလို့
ဒေသခံတွေက ခေါ်နေကြပါပြီ။
::
ချစ်ကြည်ရေးလမ်းပေါ်က တံတားတွေကလည်း ဒေသတွင်း ခရီးသွားတွေအဖို့ စိတ်ပျက်စရာပါပဲ။ တံတားတွေ စတင်ပြုလုပ်စဉ်က မြန်မာဖြစ် သစ်သားတံတားကနေ သံပြားခင်း တံတားအဖြစ် ပြောင်းလဲခဲ့ပေမယ့် အခုချိန်မှာတော့ သစ်သားအဖြစ် ပြန်လည်ပြောင်းလဲသွားတဲ့ တံတားတွေ
ရှိသလို ဘယ်နေရာမှာမှ မတွေ့နိုင်တဲ့ သစ်သားတစ်ဝက်၊ သံပြားတစ်ဝက် ခင်းတဲ့ တံတားတွေ
ကိုလည်း တွေ့မြင်နိုင်မှာပါ။

တံတားတွေ အကြောင်း တစ်စုံတစ်ရာကြောင့် ပျက်စီးမှုဖြစ်ခဲ့ရင် ရှောင်ကွင်းလမ်းတွေက သွားနေ
ရတာ ဓမ္မတာ ဖြစ်နေပါပြီ။ သာမာန် ခြောက်သွေ့ရာသီဆိုရင် မသိသာပေမယ့် မိုးရာသီ 
ကာလမှာတော့ တောင်ကျချောင်းရေကို ခက်ခဲစွာ ကျော်ဖြတ်ရသလို ဗွက်တောကို
လည်း ရုန်းကြရပါတယ်။
::
ကလေး-ကလေးဝ လမ်းပိုင်း အခြေအနေဟာ ပွင့်လင်းရာသီကလွဲရင် သွားလာရ မလွယ်ကူသေး
ပါဘူး။ ဒီလမ်းတွေပေါ်မှာ ရှိတဲ့ တံတားတွေဟာ ဆိုရင်လည်း ခုချိန်ထိ ပြင်ဆင်ရင်း ပျက်စီး
ရင်းပါပဲ။
::
ရေကြီးပြီ ဆိုရင်တော့ ချစ်ကြည်ရေး လမ်းပေါ်ကို ရေက ရောက်လာတာပါပဲ။ ဒီအချိန်မှာတော့ မူလသွားနေတဲ့ ကားတွေအစား စက်လှေတွေ၊ လှေတွေ အစားထိုး ရောက်လာပြီး နယ်စပ်ကုန်
သွယ် စခန်းတွေနဲ့ ချင်းတောင်ပေါ် ပို့မယ့် ကုန်စည်တွေ စီးဆင်းမှုဟာ ရပ်တန့်တတ်ပါတယ်။

The Voice ::--KOLATT(PBDN)
RangonNewsDaily









No comments:

Post a Comment