Pages

Pages - Menu

Saturday, September 6, 2014

အမြန်လမ်းပေါ် ယာဉ်မတော်တဆမှု တရုတ်နိုင်ငံသားသုံးဦးသေဆုံး

RangonNewsDaily:: September . 6 .2014
အမြန်လမ်းပေါ်တွင် စက်တင်ဘာ ၃ ရက် ညနေပိုင်း က ဖြစ်ပွားခဲ့သည့် ယာဉ်မတော် တဆမှုအတွင်း တရုတ်နိုင်ငံသား သုံးဦးသေဆုံးသွားပြီး မြန်မာနိုင်ငံသား ယာဉ်မောင်းတစ်ဦး အပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ယာဉ်မတော်တဆ မှုသည် ရန်ကုန်-မန္တလေး အမြန် လမ်း မိုင်တိုင်အမှတ် ၃၁၆/၆ နှင့် ၃၁၆/၇ ကြားတွင် စက်တင်ဘာ ၃ ရက် ည ၆ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်း လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ပြောသည်။

အခင်းဖြစ်ပွားရာ နေရာတွင် တရုတ်နိုင်ငံသားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ကျန်တရုတ်နိုင်ငံသားနှစ်ဦးမှာ မိတ္ထီလာဆေးရုံအရောက်တွင် သေဆုံးခဲ့ခြင်းဖြစ် ကြောင်း အမြန်လမ်းလုံခြုံရေးနှင့် အကူအညီပေးရေး ဆောင်ရွက် နေသည့် သီးကုန်းရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျအရာရှိက ပြောသည်။

‘‘ယာဉ်မောင်းလည်း ပြင်း ပြင်းထန်ထန် ဒဏ်ရာရသွားတယ်။ အခုလောလောဆယ်တော့ မန္တလေးဆေးရုံတင်ထားရတယ်’’ ဟု တာဝန်ကျရဲအရာရှိက ပြောသည်။ မတော်တဆမှု ဖြစ်ပွားခဲ့ သည့် ယာဉ်သည်အရှိန်လွန်ပြီး တစ်ဖက်လမ်းကြောသို့ ရောက် သွားခဲ့ကြောင်း၊ ယာဉ်တစ်စီးလုံး ပျက်စီးသွားသည့် အခြေအနေ တွင်ရှိကြောင်း ရဲတပ်ဖွဲ့ဝင်များ က ပြောသည်။

၂၀၀၉ ခုနှစ်အတွင်း ဖွင့် လှစ်ခဲ့သည့် အမြန်လမ်းတွင် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားခဲ့ပြီး ယခုနှစ်၏ ပထမလေးလအတွင်း ယာဉ်မတော် တဆမှု ၁၆၀ ကျော်ဖြစ်ပွားကာ လူ ၆၆ ဦး သေဆုံးခဲ့သည်။

7Day Daily , 
KOLATT(PBDN)
RangonNewsDaily


No comments:

Post a Comment